Related Posts Plugin for WordPress, Blogger...




================

ဖခင် ဗိုလ်ချုပ်သည် ဂျပန့်ခေတ် ၁၉၄၃၊ သြဂုတ်လ(၃)ရက်နေ့ အထူးထုတ် ဗမာ့ခေတ် သတင်းစာမှာ ဟောဒီလို ရေးသားခဲ့ပါတယ်_


"တက္ကသိုလ် ကျောင်းတိုက်၌ တက္ကသိုလ် သမ္မဂ အိုးဝေမဂ္ဂဇင်း စာတည်းအဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမကိုယ်တော် ၏ ဟောပြောချက်များကို နာကြားရ၏။ အသိဉာဏ် တစ်ခုလည်း ကျွန်ုပ်၏ ဦးဏှောက်တွင်း ပွင့်လင်းလာ၏"။

"ထို့ကြောင့် သမ္မဂ ကြေညာချက်တွင် လည်းကောင်း၊ အိုးဝေမဂ္ဂဇင်းတွင် လည်းကောင်း နိုင်ငံတော် ပညာသင်များအား အနောက်နိုင်ငံများသို့ လွှတ်ရိုးလွှတ်စဉ် အတိုင်း မလွှတ်ဘဲ အရှေ့အာရှ ဂျပန်နိုင်ငံသို့သာ လွှတ်သင့်ကြောင်း၊ အရှေ့ဆီသို့ ရှေးရှု သင့်ပြီဖြစ်ကြောင်း"။
"ဗမာ့လွတ်လပ်ရေးသည် အရှေ့ဘက်တွင်သာ ရှိ၏။ အရှေ့ရှိ နိပွန်တို့နှင့်သာရှိကြောင်း ကျွန်ုပ်များစွာ ယုံကြည် နှလုံးသွင်းမိတော့၏"။

အထက်ပါအတိုင်း ဖော်ပြချက်အရ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းဘို့ ၊ စစ်တပ်ဖွဲ့ဘို့အရေးအရှေ့ဆီကို သွားဖြစ်ဘို့ အတွက် အတွေးအကြံကို စတင်သွတ်သွင်း ပေးခဲ့သူမှာ ဆရာတော် ဦးဥတ္တမဖြစ်ကြောင်း မီးမောင်း ထိုးပြနေပါတယ်။ အဆိုပါ မျိုးချစ်အာဇာနည် သူရဲကောင်းကြီး ဆရာတော် ဦးဥတ္တမသည် ရခိုင်မြေမှ ရခိုင်တိုင်းရင်းသားကြီးပဲ ဖြစ်တယ်ဗျ။

နောက်တစ်ခုက ၁၉၂၀ပြည့်နှစ်၊ မြန်မာလို တန်ဆောင်မုန်းလမှာ ဆရာတော်သည် ကာလကတ္တားမှာ ရှိနေခဲ့တယ်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေ သပိတ်မှောက်တာကို သိသိချင်း ရန်ကုန်ကို ပြန်ကြွခဲ့ပါတယ်။

ပြန်မကြွခင်မှာ ကာလကတ္တားမှ ရခိုင်ပွဲစားတစ်ဦးရဲ့ အိမ်ကို ကြွခဲ့တယ်။ အဲ့ဒီမှာက ဆရာတော်၏ ဦးရီးတော် လင်မယားနဲ့ ဆရာတော်၏ ညီဖြစ်သူ ဦးကျော်ထွန်းအောင်တို့ ခေတ္တတည်းနေကြလို့ပါ။

ဆရာတော်သည် ကြေးနန်းစာရွက်လေး ကိုင်ကာ ရောက်ချလာပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာတွေ မိန့်သလဲဆိုတော့ ဟောဒီလိုပါ ခင်ဗျ_

ဒေါ်စံလှဖြူ။ အလို...ဦးဇင်း...ဒီတစ်ခါ ရယ်လို့ မောလို့၊ ဘာများ သဘောကျပြီး လာပြန်သလဲ။

ဆရာတော်။ တကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် သေပျော်ပြီလို့ ဝမ်းသာအားရ ရှိတာနဲ့ ပြုံးလာတာပဲ။

ဒေါ်စံလှဖြူ။ ဘာများ ဖြစ်လာသလဲ ဘုရာ့။

ဆရာတော်။ ငါတို့ ဗမာလူမျိုးတွေ လူနဲ့ သူနဲ့ တူလာပြီ။ လူစိတ်ရှိလာကြပြီ။ ဒီလို လူစိတ်ရှိလာလို့ ငါဝမ်းသာလာတာ။

ဒေါ်စံလှဖြူ။ ဒါဆို အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ် ရှိနေသလား ဘုရာ့။

ဆရာတော်။ လူစိတ် ရှိတယ်ဆိုတာက ဒီလိုလေ၊ လူဟာ လူ့အခွင့်အရေး ဘာလဲလို့ နားလည်ကြတယ်၊ ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီး မရရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးဇင်း ဆိုလိုတာပဲ။ ဟောအခု ရန်ကုန်မှာ ကောလိပ် ကျောင်းသားတွေကစပြီး အင်္ဂလိပ် ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ် မှောက်ကုန်ကြပြီတဲ့ ××××× ဗမာတွေ ဒီလိုစိတ်တွေ ဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးဇင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုး နပ်ပြီ။ ဒါကြောင့် ဦးဇင်း သေပျော်ပြီလို့ ပြောတာ။

ကဲဗျ...ဆရာတော့် ရင်ထဲက ကြီးမားလှသော မျိုးချစ်စိတ်ဓာတ် အဟုန်မြတ်ကို ကျနော်သည် စာသလို့ပင် ဆိုမရဲတော့ပါပြီ။

ခြွင်းချက်ဖြင့်တော့ ရှိပါ၏။ ဆရာတော်ရဲ့ မိန့်ကြားချက်တွေအရ နား ဇောက်ထိုးဖြစ်ပြီး လူ့အခွင့်အရေးတွေ ထကြွေး မနေပါနဲ့ဦး...ကြောက်လှပါသည် ကိုရွှေဒီ မရွှေဒီအပေါင်းတို့။

အဓိက အချက်ကဖြင့် ဆရာတော်၏ ကျေးဇူးတော်တို့သည် မြန်ပြည်အဝှမ်း အတွက် အနမ္မတဂ ကြီးမားလှပါဘိ။ ဆရာတော်ဘုရားသည် အနောက်တံခါးမှ ရခိုင်တိုင်းရင်းသား ဖြစ်တယ်။ ကျုပ်တို့ ကျုပ်တို့ လူလို ပြန်သိကြရမယ်။

ကျုပ်တို့ ကျုပ်တို့ လူလို ပြန်သိကြရမည်။။


ခင်မောင်ထွေး

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ