Related Posts Plugin for WordPress, Blogger...





Saturday, March 22, 2014

သံဃာတော်များအား နွားနှင့်ခိုင်းနှိုင်း၍ စော်ကားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူအား နိုင်ငံပိုင်သတင်းစာမှ တရားဝင် ၀န်ချတောင်းပန်ရန် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေဒးအဖွဲ့က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

ဦးမင်းသူသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဥပ္ပါတသန္တိစေတီတော်အနီး တပေါင်းပွဲတော်ကဇာတ်ကွင်းရုံ၌ ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေဆိုင်ရာ ရှင်းလင်းပွဲပြုလုပ်ခြင်းနှင့်ပတ်သက်၍ “ရမည်းသင်းမြို့နယ်က မဟန အတွင်းရေးမှူးကိုယ်တော်နဲ့ လယ်ဝေးက မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌ တို့ကို နဖားကြိုးတပ် ဆောင်ရွက်စေတယ်” ဟူ၍ တရားဝင် ပုတ်ခတ်စော်ကားခဲ့ခြင်း အပေါ် သံဃာတော်များက တရားဝင် တောင်းပန်ရန် သူရဦးရွှေမန်းထံ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုချက်ကို ပျဉ်းမနားမြို့နယ် သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဇောတိက အမှူးပြုသော သံဃာတော်(၂၉)ပါးက လက်မှတ်ရေးထိုး၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဦးဇင်းတို့အနေနဲ့ ဦးမင်းသူဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်တယ်၊ နောက် ဂုဏ်သရေရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တယ်၊ အဓိကအချက်က ဗုဒ္ဓဘာသာ သာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ နောင်အခါ သံဃာတွေကို ပုတ်ခတ်စော်ကားမှုတွေ ထပ်ပြီး မဖြစ်စေဖို့အတွက် ဦးမင်းသူကိုယ်တိုင် နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ဝန်ချတောင်းပန်ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအပေါ် နိုင်ငံတကာက သံသယတွေ ဖြစ်ပေါ်လာနေချိန်မှာ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်က ဒီလိုမျိုး ပုတ်ခတ်စော်ကားတာကို ဘာမှအရေးတယူမပြုဘဲ လက်ခံမယ် ဆိုရင် နောင်မှာ ဒီထက်ဆိုးတာတွေ ဖြစ်လာနိုင်တယ်။ နောက် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အတွက် သူ့စကားဟာ ဘယ်လောက်အထိ ပေါက်ရောက်နိုင်တယ် ဆိုတာကိုလည်း အလေးထား စဉ်းစားပါတယ်။ ၀ဇီကံနဲ့ ကာယကံမြောက် စော်ကားခဲ့တဲ့ ဦးမင်းသူကိုယ်တိုင် ယနေ့အချိန်အထိ တရားဝင် ဖြေရှင်းတောင်းပန်တာ မရှိသေးဘူး။ နောက်ပိုင်းမှာ ပြန်ပြီး တောင်းပန်သလိုလို လုပ်ထားတာလည်း တွေ့ပါတယ်။ ဒါပေမယ့် စော်ကားတုန်းက တရားဝင် စော်ကားခဲ့သလိုမျိုး ပြန်တောင်းပန်တာကိုလည်း တရားဝင် ပြန်တောင်းပန်ဖို့ လိုတယ်။ ဒီနိုင်ငံမှာ ရှိတဲ့ အခြားဘာသာဝင်တွေကရော ဘယ်လိုမြင်ကြမလဲ၊ ဘယ်လိုထင်ကြမလဲ။ ဒါ့ကြောင့် ဦးဇင်းတို့ကိုယ်တိုင် လွှတ်တော်နာယကဆီ တောင်းဆိုချက် ပေးပို့ခဲ့တာပဲ ဖြစ်ပါတယ်" ဟု သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အကယ်၍ ကာယကံရှင် ဦးမင်းသူက တောင်းဆိုသည့်အတိုင်း ၀န်ချတောင်းပန်ခြင်း မပြုခဲ့ပါက ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက မိန့်ဆိုသည်။

“ဦးမင်းသူ ကိုယ့်အမှားကို သတ္တိရှိရှိ ၀န်ချတောင်းပန်လိုက်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအဖို့ သံဃာတော်တွေကို တောင်းပန်ဖို့ ၀န်လေးနေစရာ အကြောင်း မရှိပါဘူး။ တစ်ကယ်တမ်း စိတ်ကိုပါ ၀န်ချလိုက်ဖို့ လိုပါတယ်။ စိတ်ထဲမှာ မကျေမနပ် ဆက်ပြီး ဖြစ်နေဦးမယ် ဆိုရင် ဦးမင်းသူအဖို့ သံဃာ့ဂိုဏ်းသင့်မှာ သေချာပါတယ်။ ဘာကြောင့် ဒီလောက် ရိုင်းစိုင်းတဲ့ အသုံးအနှုံးတွေ သုံးခဲ့ရတာလဲ။ နောက် သူက လွှတ်တော်အမတ်လေ။ ဗုဒ္ဓဘာသာဝင်လေ။ မယုံကြည်နိုင်စရာ ကောင်းပါတယ်။ NLD ပါတီကလူတွေက သံဃာတွေကို နာမည်ဖျက်နေတယ်၊ အပုပ်ချနေတယ် ဆိုတဲ့ သတင်းတွေ ကြားပါတယ်။ ဒါပေမယ့် အစက မယုံခဲ့ပါဘူး။ အခုတော့ NLD လွှတ်တော်အမတ်တွေ ကိုယ်တိုင်က ဒီလိုမျိုး လုပ်လာတာ ဆိုတော့ ဒီသတင်းတွေကို မယုံလို့ မရတော့ဘူး” ဟု ပျဉ်းမနားမြို့ခံ ဦးအောင်ကိုက ပြောဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အတွက် လွှတ်တော်နာယကဆီ ပို့ရတာပါ။ ဒီကိစ္စကို ကာယကံရှင်ကိုယ်တိုင်က မသိသလိုလို လုပ်နေတယ်။ အလဲဗင်းသတင်းစာမှာ ဖော်ပြထားတယ် ဆိုတာကို သေသေချာချာ ဖတ်ကြည့်တော့ သူပဲ မလုပ်ထားသလိုမျိုး ပြောထားတာ တွေ့ရတယ်။ မတောင်းပန်နိုင်ဘူး ဆိုရင်လည်း ရှင်းရှင်းလင်းလင်း ပြောလိုက်တာ ကောင်းပါတယ်။ တောင်းပန်မယ် ဆိုရင်လည်း အတိအလင်းတောင်းပန်လိုက်ပေါ့။ အခုဟာက တောင်းပန်သလိုလို မတောင်းပန်သလိုလို ရောချထားတာ။ ကွယ်ရာမှာ ဘယ်လောက်အထိ နှုတ်နဲ့ ပုတ်ခတ်ခဲ့သလဲ ဆိုတာ စဉ်းစားကြည်လို့ ရပါတယ်" ဟု ပျဉ်းမနားမြို့ စက်ရုံကျောင်းတိုက်မှ သံဃာတစ်ပါးက မိန့်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာကို ထိခိုက်နစ်နာစေသော ၀ါဒဖြန့်ချိမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် သတင်းများ ထွက်ပေါ်လျက် ရှိပြီး သံဃာတော်များအပေါ် ပစ်မှတ်ထား၍ အပုပ်ချခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ပြည်သူ့ အာဏာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ