နရှင်နယ်ဖိအားကို ကြောက်လို့ သူတို့ကို ကြီးစိုးခွင့်ပေး လိုက်ရင်
မြန်မာနိုင်ငံကလည်း နောက်လာမယ့် အနှစ် ၂ဝခန့်လောက်ဆိုရင်
ဒုတိယမလေးရှားဖြစ်သွားမယ်။ အင်ဒို နီးရှားနိုင်ငံလို
ဖြစ်သွားမယ်။
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်အား Yangon Media Group က
တွေ့ဆုံမေးမြန်းထားမှုကို အောက်ပါအတိုင်း ဆက်လက် ဖတ်ရှုပါ။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (ရန်ကုန်တိုင်းဒေသကြီး)
ဦးဇော်အေးမောင်နှင့် တွေ့ဆုံခြင်း
မေး- ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီရဲ့ ပြဿနာတွေက ဘယ်လိုပေါ်ပေါက်လာသ
လဲဆိုတာကို ဝန်ကြီးအနေနဲ့ ပြောပြပေးပါ ဦးခင်ဗျ။
ဖြေ- ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာအခု ဖြစ်နေတဲ့ ဘင်္ဂါလီပဋိပက္ခဟာ ဘာသာရေး
ပဋိပက္ခလဲ မဟုတ်ဘူး။ လူ့အခွင့်အရေး ထိခိုက်နေတဲ့ဟာလဲ မဟုတ်ဘူး။ အဓိက
ဒီဖြစ်စဉ်က ပထဝီနိုင်ငံရေး ဖြစ်စဉ်ပဲဖြစ်တယ်။ နောက် ဒီပြဿနာက ဒီကနေ့မှ
ပေါ်လာတဲ့ ပြဿနာလဲမဟုတ်ဘူး။
ဒါဟာ ဘယ်ကစ ခဲ့တယ်ဆိုတဲ့သမိုင်းကို အနည်းငယ်
ပြော ရမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီကို အင်္ဂလိပ်က ၁၈၂၄
ခုနှစ်မှာ စသိမ်းတယ်။ အဲဒီသိမ်းတဲ့အထိ ရခိုင် ပြည်နယ်မှာ
ဘင်္ဂါလီဆိုတာမရှိဘူး။ အဲဒီ တော့ ဟိုးရှေးဘုရင်တွေလက်ထက် ကတည်းက
အမှုထမ်းခဲ့ဖူးတဲ့ ကမန်ဆိုတဲ့ လူမျိုးရှိတယ်။ ဒီလူနည်းစု ကမန်တွေက တချို့က
ဗုဒ္ဓဘာသာ၊ တချို့က အစ္စလာမ် ဘာသာကို ကိုးကွယ်ကြတယ်။ ဒါကလဲ လူ နည်းစုပါ။
အဲဒီထဲက ဘုရင့်ဆီမှာလေးသည် တော်အဖြစ် အမှုထမ်းခဲ့တဲ့ လူနည်းစု ရှိနေခဲ့တယ်။
ဒီလူမျိုးစု(ကမန်)ကလည်း နှစ်ပေါင်း များစွာနေလာတော့ ရခိုင်တွေနဲ့ ရုပ်တွေ
ရော၊ စကားပြောတာတွေပါ သိပ်မကွဲဘူး အတူတူပဲ။ သူတို့က ဘာသာရေးပြင်းထန်
သူတွေမဟုတ်ဘူး။ သူတို့နဲ့ ရခိုင်တွေနဲ့က ဘာပြဿနာ မှ မရှိကြဘူး။ ရခိုင်ကို
အင်္ဂလိပ် သိမ်းတယ်ဆိုပေမယ့် တကယ် သိမ်းခဲ့တာက အရှေ့အိန္ဒိယကုမ္ပဏီ၊
ကြေးစားနယ်ချဲ့ အရင်းရှင် ကုမ္ပဏီက သိမ်းခဲ့တာ။ ကုမ္ပဏီ ကသိမ်းပြီး
ရခိုင်ပြည်နယ်မှာရှိ မြေသြဇာ ကောင်း တဲ့ မြေတွေပေါ်မှာ လယ်စိုက်ဖို့နဲ့
ဗာဂျီးနီးယားဆေးရွက်ကြီးစိုက်ဖို့ ဟိုဘက် စစ်တကောင်း နယ်ထဲက ဘင်္ဂါလီတွေကို
ခေါ်သွင်းခဲ့တာ။ ဒီလယ်စိုက်တဲ့ ဘင်္ဂါလီတွေက တချို့က လယ်စိုက်ချိန်ပြီးရင်
စစ်တ ကောင်းဘက်ကိုပြန်သလို တချို့ကလဲ မပြန်ဘဲ အခြေချ နေထိုင်ဖြစ်သွားကြတယ်။
ခေတ် တခေတ် အပြောင်း အလဲမှာ ဒီပြဿနာက အမြဲတက်တတ်ပါတယ်။
၁၉၄၂ ခုနှစ်
မြန်မာနိုင်ငံက အင်္ဂလိပ်အဆုတ်၊ ဂျပန်အတက် ဒီကုလားတွေက အဲဒီမှာ “မူဂျာဟစ်
ဒင်”ဆိုတဲ့ အဖွဲ့ ဖွဲ့တယ်။ အင်္ဂလိပ်အစိုးရ က သူတို့ကို ဗိုလ်ချုပ်အောင်ဆန်း
နဲ့ အတူ တိုက်တဲ့ ရခိုင်တော်လှန်ရေး သမားတွေကို တိုက်ဖို့ ကုလားတွေကို
လက်နက်တပ် ပေးခဲ့တယ်။ အဲဒီမှာ ကုလားတွေ က တော်လှန်ရေးသမား လာရင် မတိုက်ဘဲ
တော်လှန် ရေးသမားနဲ့ ပူးပေါင်းတယ်။ ပြီးတော့ အဲဒီ လက်နက်တွေနဲ့ပဲ
ရခိုင်တွေကို နှိပ်ကွပ်ရေး ဆိုတဲ့မူနဲ့ ရခိုင်ရွာတွေကို သတ် တယ်။ မီးရှို့
ကြတယ်။ ဘူးသီးတောင်၊ မောင်တော ဘက်က ရွာတွေကို မီးရှို့ဖျက်ဆီးလုပ်ခဲ့တာ။
အဲဒါ သမိုင်းမှာရှိတယ်။ မောင်တောမှာ ၉၈ ရွာ၊ ဘူးသီးတောင်မှာ ၁၁၆ ရွာ၊
မြောက်ဦးမှာလဲ မီးရှို့ခံရတဲ့ ရခိုင်ရွာတွေ ၁၉၄၂ ခုနှစ် ဝန်းကျင်မှာ
အများကြီး၊ အခုထိ ရခိုင်ရွာ ပြန် မဖြစ်လာတော့ဘူး။ အကုန်လုံး ကုလားရွာ တွေ
ဖြစ်သွားတယ်။
အဲဒီ ၄၂ ခုနှစ်ကာလ မှာ သူတို့က ရခိုင်ကို မျိုးတုန်းသတ်ဖြတ်မှု
ပြုလုပ်ခဲ့တယ်။ သူတို့(ဘင်္ဂါလီ)တွေရဲ့ ပေါ် လစီရှိတယ်။ သူတို့က
အော်မယ်(့ငစ)၊ ပြေး မယ်(မကည)၊ ငိုမယ် (ခမပ) ဆိုတဲ့ ပေါ်လစီနဲ့ ကမ္ဘာကို
ပြတယ်။ သူတို့က ရခိုင်ကိုသတ်မယ်။ မီးရှို့မယ်။ သူတို့အိမ်လဲ မီးရှို့မယ်။
နောက်ပြီး ထွက်ပြေးမယ်။ ပြီးရင် ကမ္ဘာကို ငိုပြမယ်။ ဒီလိုပေါ်လစီနဲ့
သူတို့ရဲ့အပေါ်က ဆရာကြီးတွေချပေးတဲ့ ပေါ်လစီနဲ့ လုပ် ကြတယ်။
ဒီလိုနဲ့ ၁၉၄၅
မှာလဲ ဖြစ်ခဲ့သေးတယ်။ နောက်ပိုင်း လွတ်လပ်ရေး ရပြီး ဖဆပလ အစိုးရလက်ထက်
ရောက်လာတယ်။ ဖဆပလအစိုးရက ရခိုင်အရေးနဲ့ သူ့ အရေးဆိုရင် ရခိုင်အရေးကို
လုပ်ဆောင် ပေးမှုမရှိ ဘူး။ နောက်ပိုင်း သူတို့အစိုးရ (ဖဆပလ) သက်တမ်း
နှစ်ခုလောက်မှာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေက ရခိုင်အရေးကို
ရခိုင်တွေ ဆောင် ရွက် ဖို့အ တွက် ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေး
ပါတီ(ရတည)ဆိုပြီး တည်ထောင်လိုက်ကြတယ်။
အဲဒီရခိုင်ပါတီက ရခိုင်ပြည်နယ်မှာ
အင်အားကြီး လာတယ်။ အဲဒီပါတီကို ဖြိုခွဲ ဖို့အတွက် သူတို့(ဖဆပလ)က ကုလား ကို
ပြန်မွေးတယ်။ ဘူသီးတောင်၊ မောင်တော မှာ ကုလားတွေကို မှတ်ပုံတင်တွေ ထုတ်ပေး
လိုက်တယ်။ ကုလားတွေမှာက ပေါ်လစီ ရှိတယ်။ ရခိုင်ကို တိုက်ဖို့အတွက် ဗမာကို
ပေါင်းမယ်။
ရခိုင်ကိုတိုက်ပြီးရင် ဗမာကို တိုက်မယ်ဆိုတာ သူတို့ရဲ့ပေါ်လစီပဲ။ ဒါကို
ဦးနုတို့က သဘောမပေါက်ဘဲနဲ့ ဖဆပလ ထဲမှာ ကုလားပါတီတွေကို ဝင်ခွင့်ပေးလိုက်တာ။
အဲဒီလိုလုပ်လိုက်တာ ပထစအစိုးရ လက်ထက်မှာ မောင်တောမှာ ကုလားဝန် ကြီး၊ သူက
ကျန်းမာရေးဝန်ကြီး ဆူလတန် မာမက်ဆိုတာ ပေါ်လာတယ်။ ရိုဟင်ဂျာ ဆိုပြီး သူတို့
ကတင် ပြတာကို ဦးနု အစိုးရအဖွဲ့ကလက်ခံပြီး ရိုဟင်ဂျာ အသံလွှင့်
လိုက်တဲ့ပြဿနာက ဒီကနေ့ အထိ ရှည်လာတာပဲ။
(၁)အင်္ဂလိပ်သွင်း လာတယ် လယ်စိုက်ဖို့အတွက
(၂)တော် လှန်ရေးမှာ တော်လှန်ရေး သမားတွေကို ခံချဖို့အတွက် ကုလားတွေကို
အင်္ဂလိပ်က ၁၉၄၂ မှာ လက်နက်အပ်ခဲ့တယ်။
(၃)လွတ် လပ်ရေးရပြီးနောက်ပိုင်း ပထစအစိုးရလက် ထက်မှာ ရခိုင်ပါတီကို
ဖဆပလပါတီက အ နိုင်ရဖို့အတွက် ကုလားတွေကို မှတ်ပုံတင် ပေးပြီး
ကုလားဝန်ကြီးတွေပါ ခန့်ခဲ့တာ တတိယအမှား။
(၄)စစ်အစိုးရလက်ထက်မှာ ရခိုင် ပြည်နယ်ကိုလာတဲ့ အစိုးရလူကြီးတွေက
ကုလားတွေနဲ့ပေါင်းပြီး စီးပွားလုပ်တော့ ကု လားတွေကို ကြီးစိုးခွင့်ပေးခဲ့
တယ်။
(၅)ပြီး ခဲ့တဲ့ရွေးကောက်ပွဲမှာ ဝှိက်ကတ်တွေ(white card) နိုင်ငံသား မဟုတ်
တဲ့ သူတွေကို ပါတီထောင် ခွင့်ပေးတယ်။ ရွေးကောက်ပွဲ မဲပေးခွင့်ပေး တယ်။
ရွေးကောက်ပွဲဝင်ခွင့် ပေးတယ် ဒါ တွေက အမှားတွေပဲ။ အဲဒီ အမှားတွေကို
ရခိုင်တွေက ခါးစည်းခံပြီး အနောက်တံခါး ကို စောင့်ရှောက်နေ ခဲ့တာ ယနေ့အ
ထိပဲ။
ဒီအချိန်ဒီအခါမှာ အနောက်တံခါး လုံခြုံဖို့ အတွက် ခုနက အမှား
ငါးချက်ကို သင်ခန်းစာ ယူရမယ်။ ဒီသင်ခန်းစာ ကို ကိုယ့်ပါတီ တစ်ရပ်ထဲ
၏အကျိုး၊ လူမျိုးတစ်မျိုးထဲ ရဲ့ အကျိုးကိုမကြည့်ဘဲနဲ့
တစ်နိုင်ငံလုံးရဲ့အကျိုး၊ တိုင်း ရင်းသားတွေရဲ့အကျိုးကို ကြည့်ရမယ်။ အ
ချုပ်အခြာအာဏာ လက်လွတ်သွားမှာ သိပ် ကြောက်ရတယ်။ ရခိုင်ပြည်နယ် အနောက်
တံခါးသာ ကျိုးသွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ လာမည့်နှစ် အနည်းငယ်အတွင်းမှာ
ရွှေ တိဂုံဘုရားကို ပြတိုက်ထဲမှာ သွားကြည့်ရမယ့် အဖြစ်မျိုးရောက်သွားမယ်။
အဲဒီတာဝန်တွေ ကို ထမ်းဆောင်ရင်းနဲ့ ရခိုင်တွေ လဲ ချည့်နဲ့ လာပြီ။
ဘာဖြစ်လို့လဲဆိုရင် အစိုးရက ကိုယ့် ဘက်က မရပ်တည်ပေး ဘူးလေ။ ရခိုင်ဘက် က
ရပ်တည်ရမယ်ဆိုတာ အစိုးရက ဒီနှစ်ပိုင်း လေးအတွင်းရောက်မှသိလာခဲ့တာ။
ဖြစ်ခဲ့တဲ့ ပဋိပက္ခထဲမှာ အစိုးရက ရခိုင်တွေသတ်တယ် ဆိုတဲ့အထင်နဲ့
ရခိုင်တွေကို အထင်လွဲပြီး သူ တို့ကိုယ်တိုင် ကုလားတွေရဲ့ ပရိယာယ်ထဲမှာ
ရောက်သွားခဲ့တယ်။ အခုမှပြန်နားလည်လာ တာ။ သူတို့က ကိုယ့်သားသမီးကိုတောင်
သတ်ပြီး ရခိုင်သတ်ပါတယ်ဆိုပြီး လုပ်တဲ့ အမျိုးအစားတွေဆိုတာ အစိုးရလူကြီးတွေ
နားလည်ဖို့လိုတယ်။
မေး- ဒီအနောက်တံခါးက ကျိုးပေါက်မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရ တယ်ဆိုတော့ ဘယ်
လိုကာကွယ်သင့်တယ်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ- အနောက်တံခါးကို ကာကွယ်ဖို့အတွက် က အစိုးရတစ်ခုတည်းနဲ့ ကာကွယ်လို့ မလုံ
လောက်ပါဘူး။ ပြည်သူနဲ့အစိုးရ ပေါင်းလုပ် ရပါ မယ်။ ပြည်သူတွေကို
ပြည်သူ့စစ်လိုဟာ မျိုးထား ပေးရမယ်။
ရခိုင်တွေကို မယုံဘူးဆို ရင်
အဲဒီနယ်စပ်တွေမှာ နေထိုင်နေတဲ့ အစိုးရ ပင်စင်စား ရခိုင်
စစ်မှုထမ်းဟောင်းတွေရှိတယ်။ ဒီလူတွေက အစိုးရကို ပင်စင်စားတဲ့ အထိ
အလုပ်အကြေးပြုထားသူတွေ။ သူတို့ ကို ပြည်သူ့စစ်ပုံစံနဲ့ ရွာတစ်ရွာ၊
ရပ်ကွက်တစ် ရပ်ကွက်မှာ သေနတ် ၁၀ လက်ခန့်နဲ့ ပြည်သူ့ စစ်ကို
ကြီးကြပ်ဖွဲ့စည်းပေးနိုင်ရင်၊ ကာကွယ် ခိုင်းရင် ကုလားရန်က ချက်ချင်းအေး
သွားမှာပါ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်တင်ပြထား ပေမယ့် ပြည်သူ့
စစ်ဖွဲ့ပေးဖို့က မဖြစ်လာသေး ဘူး။ ကျွန်တော်တို့ ရခိုင်တွေကိုမယုံရင် ကု
လားတွေရဲ့အမျိုကို ခံမလား။ ဒီမိုကရက်တိုက် ဇေးရှင်းစနစ်မှာ ကုလားတွေ ရဲ့
ဝါးမျိုမှုက သိပ်ကြောက်ဖို့ကောင်းတယ်။ သူတို့(ဘင်္ဂါလီ) က ဝင်လာမယ်။
ကလေးတွေမွေးမယ်။ မှတ်ပုံ တင်တောင်းမယ်၊ ကမ္ဘာကို ငိုပြမယ်။ ကမ္ဘာ့
နိုင်ငံကြီးတွေက သူတို့နဲ့အစ္စလာမ်နိုင်ငံတွေ တိုက်နေတဲ့အပေါ်မှာ
သူတို့ရဲ့လုပ်ဆောင် ချက်အကောင်းတွေ ဖော်ဆောင်ပြနိုင်ဖို့အတွက်
ရခိုင်ပြည်နယ်က သူတို့ရဲ့ဈေးကွက် တစ်ခုဖြစ်နေတယ်။ ဥပမာအားဖြင့်
အမေရိကန်အစိုးရက သူတို့နိုင်ငံမှာ အကြမ်းဖက် တွေကိုနှိမ်နင်းတယ်။
ပါကစ္စတန်နိုင်ငံကို ဝင်ပြီးတော့ ဘင်လာဒင်ကိုဝင်သတ်တယ်။ အဲဒီလို
လုပ်ခဲ့ပေမယ့် သူတို့ကအစ္စလာမ်တွေ အပေါ်မှာသူတို့ ကရုဏာထားတယ် ဆိုတာ
ကမ္ဘာ့နိုင်ငံတွေကိုပြဖို့အတွက် ရခိုင်ပြည်နယ်ကဈေးကွက်ပဲ။ အဲဒါကို
အစိုးရလည်းသိဖို့လို သလို ရခိုင်တွေလည်းသိဖို့လိုတယ်။ ဖြစ်နိုင်ရင်
ကိုယ့်ပြည်တွင်းရေးကို ဒီလူတွေ (ပြည်ပ အဖွဲ့အစည်းတွေ) ဝင်စွက်ဖက်တာ မခံနဲ့။
သူ တို့ဆီကရမယ့်အကူအညီက ဘာမှမပြောပ လောက်ဘူး။ ကိုယ့်နိုင်ငံက
တိုင်းရင်းသားတွေ နဲ့ ကိုယ့်ဘာသာလုပ်လို့ရတယ်။ အဲဒီလို အကူ
အညီကိုလဲမျှော်မှန်းနေစရာမလိုဘူး။ မျှော် မှန်းတာနဲ့
ကိုယ့်နိုင်ငံရဲ့အချုပ် အခြာအာဏာ ကျဆုံးသွားလိမ့်မယ်။ တစ်ချိန် မှာ
မြန်မာနိုင်ငံ သမ္မတက မုတ်ဆိတ်ကြီးနဲ့ဖြစ်လာလိမ့်မယ်။
မေး- ဇန်နဝါရီ ၂၈ ရက်ကလုပ်တဲ့ ရခိုင် ပြည်နယ်နဲ့ပတ်သက်ပြီးပြုလုပ် တဲ့
နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူ တွေ ဆွေးနွေးပွဲကို
ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျ။
ဖြေ- အဲဒါကတော့သေချာမသိဘူး။
ရခိုင် ပြည်နယ်အကြောင်းကို ရန်ကုန်မှာ သတင်းစာ
ရှင်းလင်းပွဲလုပ်တယ်။ ရခိုင်တိုင်းရင်းသား ဝန်ကြီးကို မဖိတ်ကြ ဘူး။
အဲဒီအတွက် အaသးစိတ်တော့ မသိဘူး။ သတင်းစာမှာ ဖတ်ရ သလောက်ကတော့
နိုင်ငံတော်အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောတာတွေက
အမှန်တွေပဲ။ ထောက်ခံတယ်။ ကုလားတွေက နိုင်ငံတကာက တစ်ယောက်ယောက်
လာတော့မယ်ဆိုရင် မီးရှို့ ပြမယ်။ သူတို့တွေက အင်တာနက်အချိတ်အ ဆက်ကောင်းတယ်။
အစိုးရအဖွဲ့က အဲဒီဒေသ ကို ကုလသမဂ္ဂအကြီးအကဲတစ်ယောက် လာ မယ်ဆိုတာကို
မသိသေးဘူး။
သူတို့ (ဘင်္ဂါလီ) တွေက သံရုံးတွေက တစ်ဆင့် သိနေပြီ။ ရခိုင်
ပြည်နယ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန် ချက်တွေကို
သူတို့(ယူအင်န်အဖွဲ့အစည်း)တွေက ဘက်လိုက်ပြီးတော့ ထုတ်ပြန်တာ သာ ဖြစ်တယ်။
ဒါကို ကျွန်တော့်သဘောထားက ရှုတ်ချတယ်ဆိုတာထက် ပိုပြင်းထန်တဲ့စကား ရှိရင်
အဲဒီစကားနဲ့ပြောချင်တယ်။ ဒီလိုဘက် လိုက်တဲ့ စိတ်ဓာတ်မျိုးနဲ့ ကုလသမဂ္ဂ
ရခိုင် ပြည်နယ်ကို ဘာမှလာမကူညီနဲ့။ ရခိုင်တွေ က ဘာမှမလိုချင်ဘူး။
ဒီလိုစိတ်ဓာတ်မျိုးနဲ့ထုတ် ပြန်မှုတွေလုပ်မယ်ဆိုရင် ရခိုင်မြေကို ကုလ
အဖွဲ့အစည်းတွေ ခြေတောင်မချဖို့ ပြောချင်တယ်။
မေး- ဒီကနေ့ ရခိုင်ပြည်နယ် တည်ငြိမ်ဖို့နဲ့ ပြန်လည် ထူထောင်ရေး
လုပ်ဖို့အတွက် ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။
ဖြေ- တရားဥပဒေစိုးမိုးဖို့ အရင်လုပ်ရမယ်။ အခုစစ်တွေမြို့မှာ ကုလား
သင်္ချိုင်းနားမှာ မြေ မြှုပ်ခွင့်မရဘူး။ ကုလားတွေက ပြဿနာရှာ တယ်။ ဒါက
တရားဥပဒေ မစိုးမိုးတာပဲ။ လက်ရှိစစ်တွေမြို့က ကုလားရွာတွေကို သန်း
ခေါင်စာရင်းကောက်လို့မရဘူး။ ဒါလည်း တရားဥပဒေ မစိုးမိုးတာပဲ။ ဒါတွေကို
ရအောင်လုပ်ရမယ်။ အစိုးရအုပ်ချုပ်မှုအောက် မှာနေရင် ဥပဒေအရ
အုပ်ချုပ်မှုအောက်မှာ နေရမယ်။
အဲဒါကိုလက်မခံရင် ဖမ်းရဲရမယ်။ သူတို့ (ဘင်္ဂါလီ)
ထက် အင်အားကြီးအောင် လုပ်ရမယ်။ အစိုးရက ကုလား ရွာ သားတွေ
ထွက်ရိုက်မှာကြောက်လို့ မသွားဘူး၊ မလုပ်ရဘူး။ သူတို့ရွာသား အင်အား ၃၀၀
ရှိရင် ကိုယ်က ၆ဝဝနဲ့သွားပြီး မရရအောင်လုပ်ရမယ်။ ဥပဒေနဲ့ထားရင်
ဥပဒေကိုလိုက်နာရမယ်။ ဒီလိုမလုပ်ရင် သူတို့(ဘင်္ဂါလီ)တွေ က ရောင့်တက်လာမယ်။
နောက်တစ်ခုက ကုလားရွာတွေမှာရှိ တဲ့ မော်လဝီ ဆရာတွေ ကိုင်ထားတဲ့
ဟန်းဖုန်းတွေကို သိမ်းဆည်းရမယ်။
အဲဒီ ဟန်းဖုန်းတွေနဲ့ သူတို့က အမေရိက
မှာရှိတဲ့ အာအက်စ်အို ဆိုတဲ့အဖွဲ့နဲ့ နက်ဝပ်ခ် တစ်ခုလို ချိတ်နေတယ်။
အဲဒီနက်ဝပ်ခ်က မြန်မာအစိုးရနက်ဝပ်ခ် ထက်တောင် ကြီး နေတယ်။ အဲဒါတွေကို
ထိန်းရမယ်။
မေး- ဝန်ကြီးသာ ရခိုင်ပြည်နယ်ရဲ့လက်ရှိ အနေအထားကို စီမံခန့်ခွဲ မယ်ဆိုရင်
ဘယ်လို စီမံခန့်ခွဲမှုပုံစံချမလဲဆိုတာ သိချင်ပါတယ်။
ဖြေ- ကျွန်တော့်အနေနဲ့ဆိုရင် အရင်ဆုံး အဲဒီရခိုင်ပြည်နယ်မှာ တရား
ဥပဒေစိုးမိုးရေးကို လုပ်ဆောင်မယ်။ တကယ်ဒေသခံအရာရှိ တွေကို
ရခိုင်ပြည်နယ်မှာထားမယ်။ အခု စစ်တွေမှာလို ဒေသခံကိုတခြားပို့ပြီး ဒေသ
အကြောင်းမသိတဲ့ အရာရှိကို ခန့်ထားတာမျိုး တွေကို ပြင်မယ်။
ဒါမှဖြစ်စဉ်တွေကို အမြန်ဆုံး ဖော်ထုတ်နိုင်မှာဖြစ်တယ်။ နောက်တစ်ခုက
စစ်တွေလိုမြို့ကို အရက်တင်သွင်းမှုလျှော့ချရမယ်။ နောက်ဘင်္ဂါလီတွေကို သူတို့က
ဧည့်သည်ဆိုတာကို လက်ခံလာအောင် ပြောပြမယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့
အုပ်ချုပ်မှုအောက်မှာ နေရမယ်ဆိုတာကိုပြောပြရမယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတို့၊
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အဆက်ဖြတ် မယ်။ သူတို့လာနေသရွေ့
ဒီလူတွေ(ဘင်္ဂါလီ)တွေ က အခုလိုဖြစ်နေဦးမှာပဲ။ ဘာကြောင့်ဆိုရင်
သူတို့(ယူအင်န်အဖွဲ့အစည်းများ) ဆီက ပေးတဲ့ အကူအညီက ရခိုင်ရတာမဟုတ်ဘူး။
ကုလားတွေပဲရနေတဲ့အတွက်ဖြစ်တယ်။
မေး- လက်ရှိရခိုင်မှာ ဘင်္ဂါလီအလုံးစုံလွှမ်း မိုးထားပြီဖြစ်တဲ့
မြို့နယ်တွေရှိရင် သိချင်ပါ တယ်။
ဖြေ- ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်ပတ်ဝန်းကျင်နဲ့ နောက် စစ်တွေမြို့
တွေမှာ လွှမ်းမိုးထားလိုက်ပြီ။ အဲဒီလေးမြို့ နယ်မှာ စစ်တွေမြို့မှာ
ထိန်းလို့ရတဲ့အဆင့်ရှိ တယ်။ ရသေ့တောင်လည်း ထိန်းလို့ရနေသေး တယ်။
မောင်တောနဲ့ ဘူးသီးတောင်က ထိန်းလို့မရတော့ဘူးဖြစ်နေ တယ်။ မောင်တောမှာ
ရွှေ့ပြောင်းဘင်္ဂါလီရာခိုင်နှုန်းက ၉၈ ရာခိုင်နှုန်း အထိလွှမ်းမိုးထားပြီး
ရခိုင်လူမျိုးက နှစ်ရာခိုင်နှုန်းပဲရှိတော့တယ်။
ဒီအခြေအနေ ကို အစိုးရက
အကာအကွယ်ပေးဖို့လိုမယ်။ မဟုတ်လို့ အာဆီယံမှာ မျက်နှာပန်းလှအောင် လုပ်ရင်
နောက် ၁၀နှစ်လောက် အတွင်းမှာ အနောက်တံခါးက ကျိုးသွားနိုင်တယ်။ ဒါကို
မထိန်းသိမ်းဘူးဆိုရင် သူတို့ရဲ့လူဦးရေပေါက် ပွားနှုန်းက များတဲ့အတွက်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် လည်း မုတ်ဆိတ်နဲ့ဖြစ်လာမယ်။ ဒီမိုကရေစီစနစ်အရ
လူများသူက မဲနိုင်ရင် တက်တာကိုး။ နောက်အဲဒီကတစ်ဆင့် အ
နောက်တံခါးကျိုးတဲ့အတွက် မကြာမီရန်ကုန် ကျသွားမယ်။ အခုစာရင်းတွေပြုစုနေတယ်။
ကျွန်တော်ကြား တာကိုပြောရရင် ကရင်ပြည် နယ်မှာ ရာခိုင်နှုန်း ၄၀ က
ဘင်္ဂါလီဖြစ်နေ ပြီ။ နောက်ရန်ကုန်မှာ ၃၈ ရာခိုင်နှုန်းက ဘင်္ဂါလီ ဖြစ်နေပြီ။
အဲဒီလို အခြေ အနေမှာ အင်တာ နေရှင်နယ်ဖိအားကို ကြောက်လို့ သူတို့ကို
ကြီးစိုးခွင့်ပေး လိုက်ရင် မြန်မာနိုင်ငံကလည်း နောက်လာမယ့် အနှစ်
၂ဝခန့်လောက်ဆိုရင် ဒုတိယမလေးရှားဖြစ်သွားမယ်။ အင်ဒို နီးရှားနိုင်ငံလို
ဖြစ်သွားမယ်။
မေး- ဟုတ်ကဲ့။ အခုလို သုံးသပ်ပြောကြား ပေးတဲ့ဝန်ကြီးကိုကျေးဇူး တင်ပါတယ်။
ရခိုင် အရေးနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြော ချင်ပါ သလဲခင်ဗျ။
ဖြေ- ကျွန်တော်တို့ အစိုးရအနေနဲ့ အာဆီယံ မှာ မျက်နှာ လှအောင်၊ နိုင်ငံ
တကာမှာနေလို့ ကောင်းအောင် မျက်တောင်တစ်ဆုံးပဲမကြည့် ပါနဲ့။
ရေရှည် ကို
ကြည့်ပေးပါ။ နောင်လာမယ့် နှစ် ၅၀၊ နှစ် ၁ဝဝကို ကြည့်ပေးပါ။ ရခိုင်တိုင်း
ရင်းသားတွေဘက်က ကာကွယ်ထောက်ပံ့ ပေးပါ။ ကျွန်တော့်အခု သုံးသပ်မှုတွေကို အပြစ်
မမြင်စေချင်သလို ရခိုင်တိုင်းရင်းသားတွေကို လည်း ရန်သူလို့မမြင်ပါနဲ့။
အခုအခြေအနေ က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကို
ပိုက်ဆံနဲ့ဝယ်နေတာကိုခံနေရတာ။ ရောင်းကြ မှာလား။
ရခိုင်ပြည်နယ်ကို
ချနင်းမယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့တော့ အလုပ်မလုပ်ကြပါနဲ့။
ကျော်ဇေယျ တွေ့ဆုံ မေးမြန်းသည်။Rakhine Citizen Journalists


0 comments