Related Posts Plugin for WordPress, Blogger...

From : ..myanmar times



ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အီလက်ထရောနစ်ဆက်သွယ်ရေး ကွန်ယက်အတွင်း ဆက်သွယ်မှုများကို ကြားဖြတ်ထောက် လှမ်းသည့် နေရာတစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့သည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသည် အမေရိကန်အမျိုးသား လုံခြုံရေးအဖွဲ့ (NSA) နှင့် ဗဟိုထောက် လှမ်းရေးအဖွဲ့(CIA)တို့က တိုက်ရိုက်ကိုင်တွယ်သည့် သတ်မှတ်ဝန်ထမ်း ခန့်ထားထောက်လှမ်းရာ အခြေစိုက်စခန်း တစ်ခုဖြစ်ကြောင်း အင်အက်စ် အေ(NSA)၏ အကြီးအကဲဟောင်းဖြစ်သူ အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက် ကြားသည့် မြေပုံတစ်ခုကို ကိုးကားကာ ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သော စခန်းများသည် တယ်လီ ဖုန်းဆက်သွယ်မှုများ၊ အီးမေးလ်ဆက်သွယ်မှုများနှင့် အခြားအီ လက်ထ ရောနစ် ဆက်သွယ်မှုများကို ကြားဖြတ်ထောက်လှမ်းမှုများ ကို ပြုလုပ်ကြောင်း၊ ကမ္ဘာတစ်ဝှန်းတွင် အလားတူ စခန်းပေါင်း ၉၀ ရှိပြီး စခန်း ၇၄ ခုတွင် သတ်မှတ်ဝန်ထမ်းများခန့်အပ်ထားကာ အဝေးထိန်းစနစ်ဖြင့် ထောက်လှမ်းသည့်နေရာ ၁၄ ခုနှင့် နည်း ပညာပိုင်းဆိုင်ရာပံ့ပိုးပေးမည့် စခန်း ၂ ခုလည်း ပါဝင်ကြောင်း သိရသည်။ကြားဖြတ်ထောက်လှမ်းသည့်ကိစ္စကို သိရှိခြင်းမရှိသည့်အတွက် မှတ်ချက်ပေးစရာမရှိကြောင်း နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကဆိုသည်။အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက်ကြားသည့် အချက်လက်များတွင် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏မဟာမိတ်နိုင်ငံများမှ အကြီးအကဲများ၏ ဖုန်းများကိုလည်း ကြားဖြတ်နားထောင်ခဲ့ကြောင်း ပါဝင်ခဲ့သဖြင့် လွန်ခဲ့သည့်တစ်လမှစ၍ အကြီးအကျယ် ဝေဖန်ခံနေရသည်။

 မြန်မာပြည်သူတို့ထံမှ အချက်အလက်များ ကြားဖြတ်ဖမ်းယူမှုအတွက် လူထု့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသလို မည်သည့် ဆန္ဒပြအဖွဲ့များကမှလည်း အမေရိကန်သံရုံးကို ဆန္ဒပြကြခြင်း မရှိသေးပေ။


.. www.MyanmarExpress.net

Posted by Arakan Man on 11/02/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ