Related Posts Plugin for WordPress, Blogger...

From : .. http://myanmarheadline.blogspot.com/2013/11/blog-post.html



၃ နှစ်အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံကို ခရီးစဉ် ၁၁ ခေါက်ထွက်ခွာခဲ့ပြီး ရက်ပေါင်း ၈၀ ကျော် ခရီးထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးစဉ်တွေတုန်းကတော့ ဆုယူဖို့ သက်သက်ထွက် တာဖြစ်ပေမယ့် ၂၀၁၃ နှစ်ကုန်ခရီးစဉ်များမှာတော့ ပုံစံပြောင်းလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နေထိုင်ခဲ့ပြီး သားအငယ်နှင့် မိုက်ကယ်၏ အုတ်ဂူရှိရာ ဗြိတိန်သို့ လည်းကောင်း၊ သားအကြီးရှိရာ အမေရိကန်သို့ လည်းကောင်း၊ မိုက်ကယ်၏ဆွေမျိုးများရှိရာ မွန်ဂိုလီးယားသို့ လည်းကောင်း၊ ကျောင်း တက်ဖူးသည့် ဂျပန်နှင့် အိန္ဒိယသို့လည်းကောင်း အသီးသီးသွားရောက်ခဲ့ချိန် များတွင် သာမန်အလည် အပတ်သဘောနှင့် မိတ်ဟောင်းဆွေဟောင်းများ တွေ့ဆုံသည့်သဘောသာဖြစ်ပြီး ပေးသမျှ ဆုမငြင်းပဲ ယူယုံမျှသာဖြစ်သည်။ သို့သော် ယခုနှစ် ဧပြီ ၁၃ ဂျပန်ခရီးစဉ်တွင် အစိုးရ၏ လုပ်ဆောင်ချက်များမှာ တိကျသော ဦးတည်ချက် မရှိကြောင်း စတင်ဝေဖန်လာခဲ့သည်။ စက်တင်ဘာ                  ၁၀ ရက်နေ့ ပိုလန်၊ ဟန်ဂေရီနဲ့ ချက် ခရီး စဉ် ကစပြီး အစိုးရကို ဝေဖန်ရုံမျှ မကတော့ပဲ မြန်မာ့ပြုပြင် ပြောင်းလဲရေးအတွက် ကူညီဖို့နဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုပြီး အဓိကထား ပြောဆိုလာပါတယ်။

NLD ပါတီဟာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် သြဂုတ်လကုန်ကစပြီး ပြင်းပြင်းထန်ထန် ကြိုးစားလာခဲ့ပါတယ်။ အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားပါတီများနဲ့ NLD တို့ အခြေခံ ဥပဒေပြင်ရေး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး စက်တင်ဘာလက စတင်ကာ နယ်လှည့်စည်းရုံးဟောပြောမှုတွေ လုပ်ခဲ့ကြ ပါတယ်။ တစ်ဖက်တွင် ပြည်တွင်းအင်အားအတွက် ဦးကိုနီဦးဆောင်တဲ့အဖွဲ့က နိုင်ငံအနှံ့မှာ ဟောပြော ပွဲပေါင်း ၁၅၀ ကျော်လုပ်ဖို့စီစဉ်ထားပြီး  အခြားတစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပဖိအားရရှိဖို့ အတွက်နယ်လှည့်စည်းရုံးကာ မြန်မာအစိုးရ၊ စစ်တပ်နဲ့တာဝန်ရှိသူတွေကို ဖိအားပေးဖို့ ပြောဆိုလာပါတယ်။

ဟန်ဂေရီနိုင်ငံကို ရောက်ရှိချိန်မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ရင် ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ဘူး
" လို့ ဒေါ်အောင်ဆန်း စုကြည်က စတင်ပြောဆိုခဲ့ပါတယ်။ ချက်နိုင်ငံက Forum 2000 ညီလာခံမှာတော့                  " အစိုးရ ၄ မျိုးရှိပါတယ်။ မြန်မာပြည်သူတွေက အစိုးရ ဆိုးတွေနဲ့သာတွေ့နေရပြီး အစိုးရကောင်း ဆိုတာ ဘာမှန်းမသိကြပါဘူး.." လို့ ပြောဆိုခဲ့ပါတယ်။ ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့  မြန်မာ့ဒီမိုကရေစီရဖို့ ချက်သမ္မတနိုင်ငံကကူညီဖို့ တိုက်တွန်း ခဲ့ပါတယ်။  စက်တင်ဘာ ၂၀ ရက်နေ့မှာ စင်ကာပူနိုင်ငံကို ထပ်သွားခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ပိုင်းမှာလုပ်တဲ့စာရှင်းလင်းပွဲမှာ " အခြေခံဥပဒေမပြင်ဆင်နိုင်ဘူးဆိုရင် ပြဿနာတွေပိုများလာမယ်၊ ဒါကြောင့် အခြေခံဥပဒေပြင်ဖို့ အစွမ်းကုန်အားထုတ်ကြိုးပမ်းသွားမယ် " လို့ နိုင်ငံတကာ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် " မြန်မာနိုင်ငံမှာ NLD လောက် အရည်အချင်းပြည့်ဝတဲ့ ပါတီရှိရင် ပြစမ်းပါ၊ စိန်ခေါ်လိုက်မယ် " လို့လည်း ပြောခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ မြန်မာမိသားစုတွေနဲ့တွေ့စုံချိန်မှာ "ကျွန်မ သမ္မတဖြစ်ဖို့ မြန်မာနိုင်ငံပြန်လာပြီး လုပ်ပေးကြပါ" ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ပြင်ဆင်ဖို့ အသည်းအသန်ကြိုးစားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အကြောင်းပြချက်ကတော့ သမ္မတဖြစ်ချင်တာပါ။

အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ဥရောပ ၅ နိုင်ငံကို ထပ်သွားပြန်ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံကို ရောက်ရှိချိန် ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso နဲ့တွေ့ဆုံစဉ်မှာတော့
" ဖွဲ့စည်းပုံ အခြေခံ ဥပဒေမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျမှာမဟုတ်ဘူး"လို့ ထပ်ပြော ပြန်ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ လူဇင်ဘက်နိုင်ငံကိုရောက်စဉ်မှာလည်း " အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ အရေးပါဆုံးစိန်ခေါ်မှုဖြစ်တယ်.. စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဥရောပနိုင်ငံတွေက ဖိအားပေကြဖို့ တိုက်တွန်းပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ပြင်သစ် နိုင်ငံကို ရောက်ချိန် မှာတော့ "မြန်မာနိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီရဖို့ ငွေကြေးရော၊ သြဇာရောသုံးပြီး ကူညီကြပါ"လို့ ထပ်ပြောပြန်ပါတယ်။ မြောက်အိုင်ယာလန်ကိုရောက်ရှိချိန်မှာ "ငါတို့အတွက် နိုင်ငံတကာ အကူအညီသာ မရခဲ့ဘူးဆိုရင် မြန်မာ့ဒီမို ကရေစီလှုပ်ရှားမှုက အခုထက် ပိုခက်ခဲမှာပါ" လို့ ပြောခဲ့ပါတယ်။ ဥရောပကပြန်လာ ပြီးရင် သြစတြေးလျကို ထပ်သွားအုံးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေ အရ သူမ သမ္မတဖြစ်မှသာ မြန်မာနိုင်ငံဒီမိုကရေစီက စစ်မှန် သွားမယ့် သဘော မျိုး၊ သမ္မတမဖြစ်မချင်း ဒီမိုကရေစီမရသေးတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒါကြောင့် ဒေါ်စု သမ္မတမဖြစ်နိုင်တဲ့အချက် မပြင်မချင်းလည်း အခြေခံဥပဒေကို ပြဿနာရှာနေတော့မယ် ဆိုတာကို သတိပြုမိလိုက်ပါတယ်။

အခုဆိုရင် သူမ သမ္မတဖြစ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲတွေ နိုင်ငံအနှံ့လုပ်နေပေမယ့် မီဒီယာတွေမှာတော့ NLD ပါတီဝင်တွေပဲ တက်တယ်လို့ ပြန်ကြားနေရ ပါတယ်။ ပြည်တွင်းကလူထုကို အားကိုးလို့မရမှန်း သိလာတော့ ပြည်ပက ဖိအားပေး ဖို့ ကြိုးစားလာတာလား ဆိုတာ စဉ်းစားစရာဖြစ် လာပါတယ်။ နိုင်ငံတကာ ကိုကြည့်ရင်လည်း ကိုယ်သမ္မတ ဖြစ်ဖို့အတွက် ဘယ်ခေါင်းဆောင်ကမှ ပြည်ပထွက်ပြီး ကယ်ပါ၊ ယူပါလို့ အကူညီတောင်းတာ မတွေ့ဖူးဘူး။ ကိုယ့်နိုင်ငံက ပြည်သူတွေကိုပဲ စည်းရုံးပြီးကြိုးစား သွားကြတာပါ။ ဒေါ်စုအနေနဲ့ ပြည်တွင်းက အခြေခံဥပဒေပြဿနာနဲ့ မိမိသမ္မတဖြစ်ရေး ကိစ္စကို ပြည်တွင်း က ပြည်သူတွေ အင်အားနဲ့ ရယူဖို့မကြိုးစားပဲ ပြည်ပကို လိုက်အကူအညီ တောင်းနေတာက ကျွန်တော် တို့ ပြည်သူတွေ ကို စော်ကားနေ သလို ခံစားရပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကြိုးစားနေတဲ့ အတိုင်း သာ ဖြစ် မ လာခဲ့ရင် ဘာဖြစ်သွားနိုင်သလဲဆိုတာကို ဝိုင်းပြီးစဉ်းစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ 

ပြည်သူတစ်ဦး


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ