Related Posts Plugin for WordPress, Blogger...


( နိရဉ္စရာ- ၁၆ နိုဝင်္ဘာလ ၂၀၁၃) / မောင်ရမ္မာ
သတင်း — November 16, 2013 at 9:57 am

ရခိုင်ပြည်နယ်တွင် အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)၏ ဆက်ဆံရေးရုံးများအား ဖွင့်လှစ်ခွင့် မပြုရန် ရခိုင်ပြည်နယ် လွှတ်တော်တွင် ယမန်နေ့က အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။

၎င်းအဆိုအား စစ်တွေမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်မှ မနေ့ (နိုဝင်္ဘာလ ၁၅ ရက်နေ့) က ကျင်းပ ပြုလုပ်သော ပထမအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်း လိုက်ခြင်း ဖြစ်သည်။

အဆိုတင်သွင်းရသည့် အကြောင်းကို စစ်တွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုလို ပြောသည်။

“ အဓိက ကတော့ ဒီမှာ အိုအိုင်စီ ဆက်ဆံရေးရုံးတွေ လာဖွင့်မှာကို ရခိုင် ပြည်သူလူထု တရပ်လုံးကလည်း လက်ခံမှု မရှိကြဘူး။ တခြား တိုင်းရင်း ပြည်သူလူထု တစ်ရပ်လုံးကလည်း မလိုလားတဲ့ အနေအထားမှာ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ရုံးတွေ ဖွင့်လာရင် အခြေအနေတွေ ရှုပ်ထွေးလာနိုင်တဲ့ အတွက် လုံးဝ လက်ခံနိုင်တဲ့ အတွက်ကြောင့် ခုလို အဆိုတင်သွင်းလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းအဆိုကို ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌက လက်ခံလိုက်ပြီး လာမည့် အပတ်တွင် ဆက်လက် ဆွေးနွေးမည်ဟု သူက ဆက်ပြောသည်။

“ ဥက္ကဌကတော့ လက်ခံပါတယ်။ မနေ့က အိုအိုင်စီ ကိစ္စနဲ့ အလုပ်တွေများနေကြတော့ အစိုးရ အဖွဲ့ဝင်တွေ စုံစုံလင်လင်မရှိဘူး။ ၀န်ကြီးချုပ်လည်း မရှိဘူး။ ဒါကြောင့် နောက်အပတ် တနင်္လာ (မဟုတ်ရင်) အင်္ဂါနေ့ လောက်မှာ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေသော အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှာ အိုအိုင်စီရုံးဖွင့်ပြီး အစိုးရနဲ့ပူးပေါင်းကာ အကူအညီ ပေးချင်ကြောင်း နိုဝင်္ဘာလ ၁၄ ရက်နေ့က နေပြည်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်နိုင်ငံ တကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရခိုင်ပြည်နယ် မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ပုဏ္ဍားကျွန်း မဲဆန္ဒနယ်က ဦးထွန်းအောင်ကျော်၊ ရသေ့တောင် မဲဆန္ဒနယ်က ဒေါ်ခင်စောဝေ၊ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၊ ဘူးသီးတောင် မဲဆန္ဒနယ်က ဦးရွှေမောင်၊ မောင်တော မဲဆန္ဒနယ်မှ ဦးအောင်ဇော်ဝင်းနဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(ရ)က ဦးဋ္ဌေးဝင်းတို့ တက်ရောက်ခဲ့ကြသည်။

၎င်းဆွေးနွေးပွဲသည် (၁) နာရီနီးပါးကြာမြှင့်ခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကမူ မြန်မာနိုင်ငံတွင် အိုအိုင်စီ ရုံးများ ဖွင့်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။

http://www.narinjara.com/burmese/?p=7785

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ