Related Posts Plugin for WordPress, Blogger...

ပထမတန်းစား ရခိုင်နိုင်ငံရေးသမားများ အဖြစ်သို့

တစ်နေ့သ၌ ကျွန်ုပ်သည် က ချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့များ၌ ကချင်တိုင်းရင်း
သားမျိုးနွယ်စုဝင်များအားတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းသည်၂၀၀၈
ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့်ဆန့်ကျင်ခြင်းရှိ-မရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ဆုံးဖြတ်ချက်၊သဘောထားရယူရန်အ
တွက်ကချင်ပြည်နယ်၊အင်ဂျန်းယန်မဲဆန္ဒနယ်မှပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူပါ(၅၀)ဦး၏ငှားရမ်းချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလွှာ တင်ပြရန် နေပြည်တော်သို့ သွားရောက်ခဲ့လေသည်။
ကျွန်ုပ်နေပြည်တော်သို့ သွားရောက်သည့်အချိန်မှာ လွှတ်တော်အစည်းအဝေးကျင်းပချိန်နှင့် တိုက်ဆိုင်
နေရာ ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များလည်း နေပြည်တော်သို့ ရောက်ရှိနေ ကြလေသည်။ နေပြည်တော် စည်ပင်တည်းခိုခန်း ဧည့်ရိပ်သာတွင် ယခင်ရခိုင်
တိုင်းရင်းသားလူမျိုးများတိုးတက်ရေးပါတီမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စား လှယ်များ တည်းခိုနေထိုင်လျက်
ရှိကြ၍ ကျွန်ုပ်လည်း တပည့်ဖြစ်သူ ဗမာအမျိုးသမီးငယ် ဒေါ်စုစုမာနှင့်အတူ ၄င်းတို့၏ တည်းခိုဆောင်သို့ သွား
ရောက်ခဲ့လေသည်။
နေပြည်တော်စည်ပင်တည်းခိုရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်များအား (၅)နှစ်သက်တမ်းကာလအတွက် ပုံသေအခန်းပေးအပ်ထားရာ တစ်ချို့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် မြေပုံမြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊စစ်တွေမြို့နယ်ပြည်သူ့လွတ်တော်
ကိုယ်စားလှယ် ဆရာ ဦးမောင်ညိုတို့သည် မိသားစုကို ခေါ်ယူကာ
နေထိုင်လျက်ရှိကြသဖြင့် ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ချက်ပြုတ်ပေးရန် အမျိုးသမီးများရှိနေကြ၍ မိသားစုခေါ်မလာသူ လွှတ်တော်ကိုယ်စားလှယ်များအတွက်လည်း
မိမိစားသောက်ချင်သည်ကို ချက်ပြုတ်ခိုင်းရန် အခွင့်အရေးရရှိကြသဖြင့် အဆင်ပြေကြောင်းပြောပြသိရှိရလေသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ တည်းခိုဆောင်တွင် အခန်းတစ်ခန်းလျှင် ကုတင်(၃)လုံးပါရှိပြီး၊လူတစ်ဦးအတွက် ကိုယ်ပိုင်အခန်း(၁)ခန်းစီ ရရှိကြရာ မိသားစုခေါ်လာသူများ၊ဧည့်သည်တည်းခိုလိုသူများအတွက်ပါ အဆင်ပြေကြလေသည်။ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအခန်းတွင် တစ်ဦးတည်းနေထိုင်သည်ဖြစ်ရာ ကျွန်ုပ်၏ တပည့် ဒေါ်စုစုမာအား ဒေါ်ခင်စောဝေ၏ အခန်းတွင်
တည်းခိုရန် စေလွှတ်လိုက်ရာ ကျွန်ုပ်က ဦးဘရှိန်၏ အခန်းတွင် ကျန်ရစ်သည်။
ဆရာဦးဘရှိန်၏ အခန်းတွင်ကျွန်ုပ်တည်းခိုရန် အဆင်ပြေသော်လည်း အကြိုက်ချင်းမတူ၍ တစ်ခန်းတည်းတွင် တည်းခိုရန် မဖြစ်ပေ။
ညအိပ်စဉ် ကျွန်ုပ်က Air Con ဖွင့်ပြီးအိပ်တတ်သည်။ဆရာဦးဘရှိန်က အအေးမကြိုက်၍ Air Con ပိတ်ထားတတ်သည်။ ထို့ကြောင့်ဆရာဦးဘရှိန်က စတိုလုပ်ထားသည့် အခန်းအမှတ်(၅)တွင် ကျွန်ုပ်အား အိပ်ရန် နေရာ
ချထားပေးလေသည်။အခန်းအမှတ်(၅)သည်ရာဇ၀င်ရှိသည်။မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိန်သာ ထိုအခန်းတွင် နေထိုင်ရင်း ကွယ်လွန်ခဲ့သည်။ထို့နောက် မင်းပြားမြို့နယ် အမျိုးသားလွှတ်
တော် ကိုယ်စားလှယ် ဦးမောင်စောဖြူက ဆက်လက် နေထိုင်ရာ ဦးမောင်စောဖြူလည်း ထိုအခန်းတွင်နေထိုင်ရင်း ကွယ်လွန်ခဲ့သည်။
ထို့ကြောင့်အခန်းအမှတ်(၅)သည် unlucky အခန်းအဖြစ်သတ်မှတ်၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၏ စာအုပ်စာတမ်းများ၊ပစ္စည်းပစ္စယများသိုလှောင်ရာ စတိုခန်းအဖြစ်သို့ အသွင်ပြောင်းသွားခဲ့ကြောင်း သိရှိရသည်။
ကျွန်ုပ်သည် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်သာ၊ဦးမောင်စောဖြူတို့နှင့်ယခင်ကပင် ခင်မင်ရင်း
နှီးသူများဖြစ်ကြရာ ၄င်းတို့အတွက် အလွမ်းပြေသဘောဖြင့်
၎င်းတို့နောက်ဆုံးလဲလျောင်းခဲ့ရာ အခန်းအမှတ်
(၅)တွင် နေရာယူအိပ်စက်ခဲ့လေသည်။
ထိုနေ့ညနေက မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့မိသားစု တည်ခင်းသော ညနေစာကို မသုံးဆောင်မီ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၏ အခန်းတွင် စကားပြောကြသည်။ဘီယာကြိုက်သူကဘီယာ၊အပြင်းကြိုက်သူက
ရွှေပတ်၊၀ိုင်ကြိုက်သူက ၀ိုင်သောက်ကာ ရခိုင်လူမျိုးများပီပီ အသံကျယ်ကျယ်ဖြင့် ဆွေးနွေးငြင်းခုံ ကြလေသည်။
ကျွန်ုပ်ပထမဆုံး စိတ်ဝင်စားသည့်ကိစ္စမှာ RNDP ပါတီနှင့် ALD ပါတီနှစ်ခုပေါင်းစည်းရေးကိစ္စတွင် ပါတီပေါင်းစည်းရေးကို သဘောမတူသူများရှိခဲ့ပြီး သူတို့သည် အသစ်ဖွဲ့စည်းမည့် ANP ပါတီတွင် အရေးပါသော ရာထူးနေရာ၌ ပါဝင်လာခြင်းသည် ပါတီပေါင်းစည်းရေးတွင် အနှောင့်အယှက်ဖြစ်စေနိုင်ခြင်း ရှိ-မရှိဖြစ်
လေသည်။
ဆရာဦးဘရှိန်က ပါတီပေါင်းစည်းရေးကိစ္စညှိနှိုင်းကြစဉ် ANP ပါတီတွင် ဗဟိုကော်မတီအဖြစ် ပါဝင်လာသူ ဦးမောင်မောင်စော၏ facebook ကို ဖတ်မိ၍ ယခင်စိတ်ဓါတ်ရှိသေးသလား၊ယခင်စိတ်ဓါတ်နှင့်ဆိုပါက ပါတီ
ပေါင်းစည်းစဉ် အခက်အခဲရှိနိုင်သည်ကို ရှင်းပြခဲ့ကြောင်း၊ဦးမောင်မောင်စောက ၄င်းအနေဖြင့် ယခုအခါ ALD ပါတီတွင် ရှိစဉ်က စိတ်ဓါတ်မျိုး မရှိတော့ပါကြောင်း၊ယခင်က RNDP ပါတီအပေါ် ထားရှိခဲ့သည့် သဘောထား
သည် ရခိုင်အမျိုးသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေသော အတွေးအခေါ်ဖြစ်၍ ၄င်း၏မှားယွင်းမှု အပေါ်
အများရှေ့မှောက်တွင် တောင်းပန်ကြောင်း ပြောကြားခဲ့သည်ဆို၍ ၀မ်းသာပီတိဖြစ်မိလေသည်။
ကျွန်ုပ်က အယူအဆမတူသူအချင်းချင်း ပူးပေါင်းလုပ်ကြလျှင် ငသံဒေ၊စံရဖွေတို့
အဖြစ်မျိုးကြုံတွေ့နိုင်ကြောင်း တင်ပြလေရာ ဒေါက်တာအေးမောင်ကလည်း ကျွန်ုပ်၏ အယူအဆကို သဘောကျလေသည်။

ထို့အပြင် ဆရာဦးဘရှိန်က ကျွန်တော်တို့ RNDP မှ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ဟာ
ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြု၍ လွှတ်တော်သို့ တက်ရောက်နေကြသော်လည်း လွှတ်တော်တွင် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်ခိုင်ဖြိုးပါတီဒု-ဥက္ကဋ္ဌ ဦးဌေးဦးတို့ ရှေ့မှောက်သို့ရောက်ရှိသွားချိန်တွင် ခြေသုတ်ပုဆိုး၊မြွေစွယ်
ကျိုးကဲ့သို့ ခယ၀ပ်တွားနေကြကြောင်း၊မိမိပါတီ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်၍
တန်းတူရည်တူ ဆက်ဆံသင့်ကြောင်း၊ရခိုင်အမျိုးသား နိုင်ငံရေးသမားများသည် ဒုတိအဆင့်ရခိုင်နိုင်ငံရေးသမားအသွင်ဆောင်နေကြောင်း၊ဗမာနိုင်ငံရေးပါတီ
များနှင့် ရင်ဘောင်တန်းဆက်ဆံနိုင်ရန် ပထမတန်းစား နိုင်ငံရေး
သမားများ၏ စိတ်ဓါတ်ကို မွေးမြူသင့်ကြောင်း ၄င်း၏ ခံယူချက်ကို ထုတ်ပြောလေသည်။
ကျွန်ုပ်က ရခိုင်အမျိုးသားနိုင်ငံရေးသမိုင်းတွင် ဗမာနိုင်ငံရေးသြဇာသက်ရောက်ပုံကြီးမားခဲ့၍ ရခိုင်တို့
ဒုက္ခရောက်ခဲ့ရပုံကို ဆောင်းပါးများရေးသားခဲ့ကြောင်း ပြောပြလေရာ ဆရာဦးဘရှိန်က ၄င်းဆောင်းပါးများကို စုစည်း၍ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ စာအုပ်ထုတ်ဝေ၍ ရခိုင်လူမျိုးများအကြားတွင် ဖြန့်ဝေသင့်ကြောင်း အကြံပြုတိုက်တွန်းလေသည်။
နေပြည်တော်သို့ ကျွန်ုပ်နှင့်အတူလိုက်ပါလာသူ ဒေါ်စုစုမာမှာ ဗမာအမျိုးသမီးငယ်တစ်ဦးဖြစ်နေ၍ ကျွန်ုပ်၏ ရှေ့နေလုပ်ငန်းတွင် မျိုးဆက်သစ်ရခိုင်လူငယ်များကိုပါ ပြုစုပျိုးထောင်ပေးရန် မြောက်ဦးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က တိုက်တွန်းလေရာ ဆရာဘရှိန်က “ကျွန်တော်ရှေ့နေအဖြစ်နှစ်ပေါင်း(၄၀)လုပ်ကိုင်ဖူးပါတယ်။
ရခိုင်တပည့်အများကြီး မွေးဖူးပါတယ်။ရခိုင်တပည့်တွေက အလုပ်ကို
မလေးစားဘူး၊အလုပ်တစ်ခုခိုင်းလိုက်ရင် အဆင်မပြေဘူး။ပြန်လည်သတင်းပို့ခြင်းမရှိဘူး။ရခိုင်တပည့်အစား
အခြားလူမျိုးကို မွေးလိုက်ရင် အားလုံးအဆင်ပြေတယ် “ ဟု ၄င်း၏ အတွေ့အကြုံကို ဖေါက်သည်ချလေသည်။
ကျွန်ုပ်၏ ရုံးခန်းသည် ရန်ကုန်မြို့၏ အချက်အချာနေရာတွင် တည်ရှိပြီး ရုံးခန်းကျယ်ဝန်းခြင်းကြောင့်ရခိုင်လူငယ်ဥပဒေဘွဲ့ရများအကြောင်းအမျိုးမျိုးဖြင့်
ရောက်လာတတ်ကြသည်။အထူးသဖြင့် ကျွန်ုပ်၏ လုပ်ဖေါ်ကိုင်ဖက် ဦးဘိုမင်းဖြူကို အကြောင်းပြု၍ ရောက်လာတတ်ကြသည်။ရခိုင်လူငယ်များသည် ပညာသင်လိုစိတ်နည်းပါးကြသည်။လူမှုရေးအသိစိတ်ခေါင်းပါးကြောင်း
ကျွန်ုပ်ကိုယ်တွေ့များစွာ ကြုံတွေ့ရပါသည်။ရုံးခန်းသန့်ရှင်းရေးအတွက် ကျွန်ုပ် တံမျက်စည်းလှဲနေသည်ကို မြင်တွေ့သော်လည်း လောက၀တ်မျှပင် မပြောပဲလက်ပိုက်ကြည့်နေတတ်ကြသည်။ကျွန်ုပ်အသင့်ကြိုပေးသော
ရေနွေးကို သောက်ကြသည်။မိမိအသိစိတ်ဓါတ်ဖြင့် ရေနွေး
ကြိုသည်ကို မတွေ့ဖူးပါ။ဗမာနှင့်အခြားတိုင်းရင်းသားများက ခိုင်းစရာမလိုပဲ မိမိ၏ အသိစိတ်ဖြင့် လုပ်ကိုင်ကြသည်။ရခိုင်လူငယ်များသည် မခိုင်းလျှင် ဘာမှမလုပ်ကြသည်ကို ကျွန်ုပ်ကိုယ်တွေ့များစွာ ကြုံတွေ့ဖူးပါသည်။
တစ်ခါတစ်ခါ ကျွန်ုပ်တပည့်များကို ဆိုဆုံးမလေ့ရှိပါသည်။လူတိုင်းသည် သခင်စိတ်မွေးကြရမည်။ကျွန်စိတ်ကို ဖျောက်ကြရမည်။ကျွန်စိတ်သည် သခင်မခိုင်းသော အလုပ်ကို ကိုယ်ပိုင်အသိစိတ်ဓါတ်ဖြင့် လုပ်တတ်လေ့ရှိသူများ
မဟုတ်ပါ။
ထို့ကြောင့်လည်း ကျွန်ုပ်၏ မိတ်ဆွေဦးကျော်သိန်းကကျွန်ုပ်အားပြောပြဖူး
ပါသည်။
ရခိုင်လူငယ်များ၏နှိပ်စက်မှု၊အသိခေါင်းပါးမှုကို မခံမရပ်နိုင်၍ ၄င်းထံတွင် တပည့်အဖြစ် သင်ယူလိုပါကတစ်ဦးလျှင် ငွေကျပ်(၁)သိန်းပေးရမည်ဟု
တောင်းခံတတ်ကြောင်း၊ငွေပေးသူကို ပညာသင်ပေးပြီး ကျိုးနွံသူကို ငွေ ပြန်ပေး
လိုက်ကြောင်း၊ကျွန်ုပ်ကိုလည်း ကြုံရာ ရခိုင်လူငယ်များကို တပည့်အဖြစ်လက်မခံနှင့်ဟု ဆိုဆုံးမလေ့ရှိပါသည်။
ကျွန်ုပ်သည် ရခိုင်ပြည်နယ်နှင့်နှစ်ပေါင်းများစွာ ကင်းကွာခဲ့ပြီးဖြစ်ရာ ကျွန်ုပ်ကိုအကြောင်းပြု၍ ရခိုင်တပည့်များ ရောက်မလာတတ်ပါ။သမီးဖြစ်သူ၏ သူငယ်ချင်း ဗမာတပည့်များကသာ ကျွန်ုပ်နှင့်ပတ်သက်၍
လာရောက်ကြပါသည်။ ကျွန်ုပ်ကို ဒုက္ခပေးခဲ့သော၊ပေးနေဆဲဖြစ်သော ရခိုင်တပည့်များသည် လုပ်ဖေါ်ကိုင်ဖက်
ဦးဘိုမင်းဖြူကို အကြောင်းပြု၍ ရောက်လာကြသူများ ဖြစ်ကြသည်။
ကျွန်ုပ်သည် ဥပဒေအရာရှိအဖြစ် နှစ်ပေါင်း(၃၀)နီးပါးတာဝန်ထမ်းဆောင်ဖူုးရာ ရခိုင်ပြည်နယ်တွင်(၁၇)နှစ်တာဝန်ထမ်းဆောင်ဖူးပါသည်။ ရခိုင်လူမျိုးတို့သည် ရခိုင်အချင်းချင်း အထင်ကြီးလေးစားမှု မရှိကြောင်း
နှစ်ပေါင်းများစွာ တွေ့ကြုံဖူးပါသည်။ကျွန်ုပ်နှင့်တစ်ရုံးတည်းတွင် အတူထမ်းဆောင်ကြသော ရခိုင်လူမျိုးစာရေး၊
ရုံးအကူများသည် ကျွန်ုပ်ထက်ရာထူးနိမ့်သူ၊ရာထူးမြင့်သူ လူမျိုးခြားတို့အား ဆရာခေါ်လေ့ရှိကြသော်လည်း ကျွန်ုပ်အား အခင်ကြီး၊အစ်ကို၊ညီလေးဟုသာ ခေါ်တတ်ကြပါသည်။
ရခိုင်လူမျိုးတို့သည် မိမိတို့အချင်းချင်း အထင်ကြီးလေးစားစိတ် ကင်းမဲ့မှုမှာ ဗီဇသဖွယ် အမြစ်တွယ်
နေကြပြီဖြစ်သည်။ထို့ကြောင့် ၀န်ထမ်းဖြစ်စေ၊နိုင်ငံရေးသမားဖြစ်စေ မိမိတို့၏ ပကတိအခြေအနေမှန်ကို ရှုမြင်သုံးသပ်ခြင်းမရှိကြတော့ပဲ လူမျိုးခြားတို့ကို တွေ့လျှင် ဆရာတင်စိတ်၊ခယ၀ပ်တွားစိတ် ဖြစ်ပေါ်မိကြသည်။ ကျွန်သက်ရှည်လာ၍ ကျွန်စိတ်ဝင်နေကြသလားဟု ကျွန်ုပ်တစ်ခါတစ်ခါ စဉ်းစားကြည့်မိပါသည်။
ရခိုင်လူမျိုးတို့သည် လူမျိုးခြားတို့နှင့် တန်းတူရည်တူ ဆက်ဆံနိုင်ရန် ဒုတိယတန်းစားလူမျိုးစိတ်
ဓါတ်ကို ဖျောက်ဖျက်ပစ်ကြရပါမည်။အထူးသဖြင့် နိုင်ငံရေးသမားတို့သည် တိုင်းပြည်နှင့်လူမျိုးတို့၏ ကံကြမ္မာအဆိုးအကောင်းကို ဖန်တီးနိုင်သူများဖြစ်ပေရာ ပထမတန်းစားနိုင်ငံရေးသမားများ၏ စိတ်ဓါတ်ကို မွေးမြူရန်လိုအပ်ပါသည်။ပထမတန်း စားနိုင်ငံရေးသမားစိတ်ဓါတ်ဖြင့် ရခိုင်လူမျိုးနှင့် ရခိုင်ပြည်၏ ကံကြမ္မာကို ဦးဆေင်သင့်သည်ဟု ရှုမြင်မိပါသည်။

ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ