ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
တက်ရောက်မိန့်ခွန်းပြောမယ့် ဖွဲ့စည်းပုံ
အခြေခံဥပဒေရှင်းလင်းပွဲနဲ့ လူထုဆန္ဒခံယူပွဲကို
နေပြည်တော် နယ်မြေရဲစခန်းက ခွင့်မပြုပေမယ့် အန်အယ်လ်ဒီ
အနေနဲ့တော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့
သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲ နေပြည်တော်မှာ
ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံရာမှာ အချက်အလက်မစုံဘူး၊
လုပ်မယ့်နေရာဟာ ရုံးဌာနတွေနဲ့နီးပြီး
ရုံးသွားကျောင်သွားချိန်ဖြစ်နေတာကြောင့်
ခွင့်မပြုနိုင်ဘူးလို့ သက်ဆိုင်ရာနယ်မြေစခန်းမှူးက
နိုဝင်ဘာ ၁၄ ရက်မှာ အကြောင်းပြန်ခဲ့ပါတယ်။
အချက်အလက်ပြည့်စုံပြီး ဥပဒေနဲ့ညီညွတ်တဲ့အကြောင်း
ဆိုင်ရာဌာနတွေထံ သွားရောက်ရှင်းလင်း တင်ပြခဲ့တယ်လို့လည်း
ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေပြည်တော်
အခြေခံဥပဒေရှင်းလင်းပွဲကို လာမယ့်နိုဝင်ဘာ ၁၈ ရက်၊ မနက် ၈
နာရီမှာ ဇဗ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာမှာ
ပြုလုပ်မှာဖြစ်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
ပါတီက ဥပဒေပညာရှင်တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့
ဦးအောင်ကြည်ညွန့်တို့က ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး
ရှင်းလင်းတင်ပြကြမယ်၊ ပြီးရင်
ပြည်သူ့ဆန္ဒသဘောထားရယူကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အန်အယ်ဒီပါတီရဲ့
ရန်ကုန်တိုင်းလုံးကျွတ်ပြည်သူ့ဆန္ဒရယူပွဲ ပြုလုပ်ခဲ့ပြီး
အများစုက ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပေးခဲ့ကြပါတယ်။
..
From :
.. dvb

0 comments