ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ငါးရှာ ဂုံး (အခွံပါ
ရေနေသတ္တ၀ါ) သွားကောက်သည့် ရခိုင်အမျိုးသမီးများကို တိုက်ခိုက်သည့်
အကြမ်းဖက်သမားများကို ယခုတိုင် အာဏာပိုင်များမှ ဖမ်းဆီးခြင်း
မရှိသေးကြောင်း သိရသည်။
“ အခုအချိန်ထိ မဖမ်းသေးဘူး။ ဒီမှာအခု
စစ်တပ်လည်းရှိတယ်။ ရဲလည်းရှိတယ်။ မဖမ်းနိုင်သေးတာလား၊ ဖမ်းဖို့
ကြောက်နေသလား၊ ဘာကြောင့်မဖမ်း နိုင်ဘဲ ဖြစ်နေဆိုတာ ကျမတို့လည်းမသိဘူး” ဟု
ဆင်အိုင်ရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။
အာဏာပိုင်များ (စစ်တပ်၊
ရဲတပ်ဖွဲ့ဝင်) များအနေဖြင့် ယခုလို လူမျိုးရေး၊ ဘာရေးဆံဆံ အကြမ်းဖက်
တိုက်ခိုက်သူများကို မဆိုင်းမတွ ဖမ်းဆီးလေ့ရှိကြောင်း၊ အထူးသဖြင့်
ရခိုင်လူမျိုးများဆိုလျှင် ချက်ချင်း ဖမ်းဆီး အရေးယူလေ့ရှိကြောင်း၊
သို့သော်လည်း ယခု ဖြစ်စဉ်တွင် လူသတ်မူကျူးလွန်သူများကို ယခုအချိန်ထိ
ဥပဒေနှင့် အညီ ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း၊ ရွာသားများ အနေဖြင့်
အာဏာပိုင်များ၏ လုပ်ရပ်ကို အားမလို အားမရ ဖြစ်နေကြောင်း
ဆင်တက်မော်ကျေးရွာသား တစ်ဦးဖြစ်သူ ဦးကျော်သာချေက ပြောသည်။
တစ်စုံတစ်ရာ
ပြဿနာ ဖြစ်ပွားရာတွင် မပါဝင်ဘဲ မွတ်ဆလင် အုပ်စု တစ်ခု၏ တိုက်ခိုက်မူကို
ခံရသဖြင့် ကလေး လေးယောက် မိခင် မလှခင် (၃၈) နှစ်မှာ ပွဲချင်းပြီး
သေဆုံးခဲ့သည်။
ယခုအခါ အဆိုပါ ဒေသသို့ ဗျူဟာမှူးကိုယ်တိုင်
ရောက်ရှိနေကြောင်း၊ အခင်းဖြစ်ပွားမူနှင့် ပတ်သက်ပြီး ဆင်တက်မော်ကျေးရွာတွင်
ရွာသားများကို စုံစမ်း စစ်ဆေးမူများ ပြုလုပ်ခဲ့ကြောင်း ဆင်တက်မော်
ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
သေဆုံးသွားသူ မလှခင်၏ အလောင်းကို ယမန်နေ့က
ပေါက်တောဆေးရုံကြီးမှ ဆေးစစ်အပြီး ပြန်လည် ယူဆောင်လာခဲ့ပြီး ယနေ့တွင်
သဂြိုလ်မည်ဟု ၎င်းကျေးရွာ အမျိုးသမီးက ဆက်ပြောသည်။
“ သေဆုံးသူ
မလှခင်ရဲ့ အလောင်းကိုလည်း မသဂြိုလ်ရ သေးဘူး။ ပေါက်တော ရင်ခွဲရုံ ကနေ မနေ့က
သန်ခေါင်ကျော်မှ အလောင်းကိုပြန်ယူလာတယ်။ ဒီနေ့ နေ့လည် ပိုင်းမှ
သင်္ဂြိုလ်ဖို့လုပ်နေ ကြတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။
ပေါက်တောမြို့နယ်
ဆင်အိုင်ကျေးရွာမှ အမျိုးသမီးများ ဂုံးကောက်သွားစဉ် ဘင်္ဂလီ
အကြမ်းဖက်သမားများ တိုက်ခိုက်သည့်အတွက် ဒေါ်မလှခင် (၃၈)နှစ်မှာ ပွဲချင်းပြီး
သေဆုံးခဲ့ကာ မမေသန်းခင်မှာလည်း လက်မောင်း တွင် ဓါးဒဏ်ရာပြင်းထန်သည့်အတွက်
စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
၎င်းတိုက်ခိုက်မူသည် နိုဝင်္ဘာလ ၂
ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဖြစ်ပွားခဲ့သော်လည်း တရားခံများကိုမူ အခုအချိန်ထိ
ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။
(နိရဉ္စရာ- ၄ နိုဝင်္ဘာ ၂၀၁၃) / မောင်အေး
0 comments