Related Posts Plugin for WordPress, Blogger...

From : .. the voice

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက  ပြည်သူ ၇၀ ရာခိုင်နှုံးမီးရရှိရေး နှင့် နယ်မြို့များ မီးရရှိရေး အတွက် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရုတ်တရက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် နိုဝင်ဘာလ ၆ ရက်နေ့က သိမ်ကြီးဈေးရှေ့နှင့် မြို့တော်ခန်းမရှေ့ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင် ပါဝင်သူ ငါးဦးကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းနှစ်ခုက အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း အဆိုပါ ရဲစခန်း တာဝန်ရှိသူများထံမှ စုံစမ်းသိရှိသည်။

သိမ်ကြီးဈေးရှေ့တွင် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်များဖြစ်သော ဦးဇေယျာလင်း၊ ဦးသိန်းအောင်မြင့်၊ ဦးနောင်နောင်နှင့် ဦးတင်မောင်ကြည်တို့ကို ပန်းဘဲတန်း ရဲစခန်းက ဆန္ဒပြခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်က မြို့တော်ခန်းမရှေ့၌ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူများဖြစ်သည့် Generation Youth အဖွဲ့မှ ဦးတင်ထွဋ်ပိုင်နှင့် ၂၀၀၇ ခုနှစ်ကုန် ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ဦးသိန်းအောင်မြင့်တို့ကို ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်သဖြင့် ကျောက်တံတားရဲစခန်းက ဆန္ဒပြခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး အရေးယူခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြည်သူလူထု အများစုကို ကိုယ်စားပြုသော လွှတ်တော်တွင် လျှပ်စစ် မီတာခများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခြင်းမရှိဘဲ အစိုးရအဖွဲ့က ရုတ်တရက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းသည် လွှတ်တော်ကို မျက်ကွယ်ပြုရာ ရောက်သောကြောင့် ဆန္ဒဖော်ထုတ် ရခြင်း ဖြစ်ကြောင်း၊ ပြည်သူ ကိုယ်စား ဆောင်ရွက်မည့် ပြည်သူ့ ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ တင်ပြသွား မည် ဖြစ်ကြောင်း သိမ်းကြီးဈေးအနီးတွင် ဆန္ဒဖော်ထုတ်သူ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင် ဦးသိန်းအောင်မြင့်က ဆိုသည်။

နယ်မြို့များ လျှပ်စစ်ရရှိရေး အစီအစဉ်ကို ရန်ကုန်သားများမှ  နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ EPC ရုံးအထိ ချီတက် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သူ Generation Youth အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သိမ်ကြီးဈေးရှေ့မှ ဆူးလေဘုရားအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်လေးဦး ပါဝင်ပြီး မြို့တော်ခန်းမရှေ့ ဆန္ဒဖော်ထုတ်မှုတွင် ၎င်းတို့ အပါအဝင် Generation Youth အဖွဲ့ဝင်များနှင့် ပြည်သူ စုစုပေါင်း ၁၂၀ ကျော် ပါဝင်ခဲ့သည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ