Related Posts Plugin for WordPress, Blogger...

From : .. hot news
 



တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၁၆)ဖွဲ့နှင့်အစိုးရအဖွဲ့ များပထမဆုံးတွေ့ဆုံခြင်းသည် တိုင်းပြည်၏သမိုင်းဝင်နေ့ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။

နိုဝင်ဘာ၎ရက်၊ ၅ရက် နှစ်ရက် တိုင်တိုင်ပြုလုပ် ကျင်းပသော ပြည်ထောင် စုငြိမ်း ချမ်းရေးဖော် ဆောင်ရေးကော်မတီနှင့်လက်နက် ကိုင်အင်အားစုအဖွဲ့အစည်းများ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး အတွက်တွေ့ဆုံဆွေးနွေးကြသည့် မြစ်ကြီးနားမနောကွင်းမဂျွယ်ခန်းမ တွင်၎င်း ကပြောကြားခဲ့သည်။


ကေအိုင်အေဌာနချုပ်လိုင်ဇာ မြို့တွင်ကျင်းပခဲ့သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကွန်ဖရင့်မှရရှိခဲ့သည့် ဘုံသဘော တူညီချက်ပါအချက်၁၁ချက်အကောင် အထည်ဖော်ရန်အတွက်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်သည့်ညှိနှိုင်းရေးကော်မတီနှင့် ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ တို့တွေ့ဆုံပွဲကို(၂)ရက်ကြာကျင်းပ ခြင်းဖြစ်သည်။


““ဒီနေ့တိုင်းပြည်ရဲ့သမိုင်းဝင် နေ့ဖြစ်တယ်။ ပထမဆုံးအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း(၁၆)ဖွဲ့နဲ့ အစိုးရအဖွဲ့တွေ့ ဆုံခြင်းဖြစ်တယ်။ ဒါကအခက်အခဲ များစွာစိန်ခေါ်မှုတွေကြားကကြိုး စားရရှိခဲ့တဲ့အခြေအနေကောင်း တစ်ရပ်ပါ၊ နိုင်ငံရေးတွေ့ဆုံမှု အတွက်ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲ ရေးကနေပထမဆုံးစတင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်မယ်လို့ယုံကြည်ပါ တယ်””ဟုတက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်များ ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။


ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း က““တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးကိုမဖြစ်မနေတည် ဆောက်ရန် အတွက်ဆုံးဖြတ်ချက် ချပြီးဖြစ်ခြင်းကြောင့်နိုင်ငံတော် ကိုကိုယ်စားပြုသည့်တပ်မတော် အပေါ်သံသယ ရှိရန်မလိုအပ် ကြောင်း””ရှင်းပြသွားခဲ့သည်။


KNU ဥက္ကဋ္ဌစောမူတူးစေးဖော က“KNU  အနေဖြင့်ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာကောက် ကျစ်တဲ့သဘောထားမရှိပါဘူး။ နိုင်ငံရေးပဋိက္ခပြဿနာကိုတကယ် ဖြေရှင်းချင်တယ်ဆိုရင်စစ်ရေးနဲ့ လည်းဖြေရှင်းလို့မရပါဘူး””ဟု ပြောသည်။


လိုင်ဇာညီလာခံတွင်ဘုံသဘော တူညီချက်၌လက်ထိုးရေးထိုးခြင်း မရှိသေးသောရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) မှဗိုလ်မှူးကြီးစိုင်းလှက““တစ်နိုင်ငံ လုံးငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးဟာလိုအပ် သလိုနိုင်ငံရေးမူဘောင်များလည်း ရှိရန်လိုအပ်ပါ တယ်””ဟုအပစ် ရပ်စဲ ရေးနှင့်ပတ်သက်၍ပြောသည်။


UNFC မှနိုင်ဟံသာက““ဖြေ ရှင်းနည်းမမှန်လျှင်ငြိမ်းချမ်းရေးရဖို့ မလွယ်ပါဘူး။ အာမခံချက်ရှိတဲ့ ပုံစံနဲ့တည်ဆောက်ရန်လိုပါတယ်။ အားလုံးတန်းတူရေးကိုအကောင် အထည်မဖော်ဘဲညီညွတ်မှုကို မတည်ဆောက်နိုင်ပါဘူး။ တိုးတက်အေးချမ်းချင်ရင်တန်းတူ ညီမျှဖြစ်ဖို့လိုတယ်။ မတူညီတဲ့ လူမျိုးဘာသာတွေကိုတန်းတူရှိ အောင်ဖန်တီးလိုက်ရင်ငြိမ်းချမ်းရေး တည်ဆောက်မှုကမကြာပါဘူး””ဟု သုံးသပ်သည်။


ချင်းအမျိုးသားတပ်ဦးဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်းက““သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်၊ တရားသူကြီးချုပ်နဲ့ နိုင်ငံတကာကအနားယူထားကြ သည့်ပညာရှင်ကိုယ်စားလှယ်များ ရှေ့တွင်သက်သေနှင့်ကတိတ၀တ် ပြုပေးပြီးမှအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှာပါ””ဟုပြောသည်။


အဆိုပါဆွေးနွေးပွဲသို့တိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်း(၁၆)ဖွဲ့မှကိုယ်စား လှယ်များ၊ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ မှပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့်သက်ဆိုင်ရာတာဝန် ရှိသူများ၊ လေ့လာသူများအဖြစ် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂျေဘီနမ်းဘီးယားနှင့်တရုတ် နိုင်ငံမှကိုယ်စားလှယ်များတက်ရောက် ခဲ့ကြသည်။


နိုဝင်ဘာ(၂)ရက်နေ့ကလိုင်ဇာ မြို့တွင်ဖွဲ့စည်းခဲ့သောအစိုးရနှင့်ညှိ နှိုင်းမည့်တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုအဖွဲ့Nation Wide Cease-Fire Coordination Team (NCCT) ၏မူဝါဒအရတိုင်းရင်းသား အားလုံး၏ဘုံသဘောတူညီချက်ကို အစိုးရကလက်မခံပါကတစ်နိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားအဖွဲ့များအားလုံးက လက်မှတ်မထိုးရန်သဘောတူထား သည်ဟုသိရသည်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ