---------(၁၉ - ၁၀ -၂၀၁၃ နေ့  ၊
လေးမြို့ နေ့ လည်ခင်းသတင်း) ရခိုင်ပြည်နယ် ၊ မင်းပြားမြို
့နယ်၊ဆင်ကြီးပြင် (ဘင်္ဂလီ)ကျေးရွာမှ အစ္စလာမ်ဘာသာဝင် အချင်းချင်း
ညှင်းပမ်းနှိက်စက်ခြင်း၊ နိုင်ထက်စီးနှင်းပြုကျင့်ခြင်း ၊အဓမ္မပြုကျင့်မှု
များကြောင့် ဆင်ကြီးပြင်ရွာမှ အစ္စလာမ် ဘာသာဝင်မိသားစု(၁)စုက ဗုဒ္ဓဘာသာ
ဝင်အဖြစ်သို့ ကူးပြောင်းခွင့်ပြုရန် မင်းပြားမြို့ နယ် ၊မြို
့နယ်သံဃနာယကအဖွဲ့ ထံ လွန်ခဲ့ သော ၂၀၁၃ အောက်တိုဘာလဆန်းပိုင်းက
အသနားခံလျှောက်ထားလာခဲ့ကြောင်း သိရသည်။ ထိုသို့ အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာဝင်
အဖြစ်သို့ ကူးပြောင်းရန် လျှောက်ထားလာ သူမှာ မင်းပြားမြို
့နယ်၊ဘားဘူတောင်အုပ်စု ၊ဆင်ကြီးပြင်(ဘင်္ဂလီ)ကျေးရွာမှ ဒေါ်နော်ရူ(ခ) ဒေါ်မဖြူ
(အသက်-၅၀ ၀န်းကျင်) ဖြစ်ပြီး သူမနှင့်အတူ သမီး(၂)ဦးလည်း ပါဝင်ကြောင်း
သိရသည်။ ထို့ သို့ ဘာသာကူးပြောင်းခြင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်နော်ရူသည်
ငယ်စဉ်က မင်းပြားမြို့ နယ် ၊ပန်ဇင်းမော်(ရခိုင်)ကျေးရွာမှ (ဘ)ဦးလူဖြူ
နှင့် (မိ)ဒေါ်မသိန်းဦးတို့ မှ မွေးဖွားသော ရခိုင်လူမျိုးဖြစ်ပြီး
မိဘနှစ်ပါးမှာအလွန်ဆင်းရဲနွမ်းပါးသည့် အတွက် ပန်ဇင်းမော်ကျေးရွာနှင့်
အနီးကပ်ဆုံးဖြစ်သော ဆင်ကြီးပြင်ဘင်္ဂလီ ကျေးရွာနေ ဦးဘာသာမျှာ နှင့်
ဇနီးဒေါ်ကူလ်မန်တို့ ၏ လက်ထဲသို့ မွေးစားရန် ပေးအပ်ခံခဲ့ရကြောင်း လေးမြို
့မှ ကြားသိရ သည်။ ဒေါ်မဖြူ(ခ)ဒေါ်နော်ရူသည် အရွယ်ရောက် လာသောအခါ၌
မွေးစားမိဘများက တစ်ရွာတည်းနေ အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဦးဟာရှိန်
(ဘ-ဦးမန်းဆီး ၊ မိ-ရှုနားမန်)နှင့် လက်ထပ်ပေးခြင်းခံရခဲ့ကြောင်း သိရသည်။
ဒေါ်မဖြူ(ခ)ဒေါ်နော်ရူသည် လက်ထပ်ပြီး နောက်ပိုင်းတွင်
သမီး(၂)ဦးဖွားမြင်ခဲ့ပြီး လင်မယားချင်းသဘောထားကိုက်ညီ မှုမရှိသဖြင့်
ဒေါ်နော်ရူသည် ဦးဟာရှိန်နှင့် နှစ်ဦးသဘောတူကွာရှင်းပြတ်စဲကာ
သမီး(၂)ဦးနှင့်အတူ ဆင်ကြီးပြင် ဘင်္ဂလီကျေးရွာတွင် နေထိုင်ခဲ့ကြောင်း
သိရသည်။ (၂၀၁၂ - ဇွန်လ) လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားပြီးနောက်တွင်မူ
ဆင်ကြီးပြင်ရွာမှ အစ္စလာမ်ဘာသာဝင် မူဆလင်များက ဒေါ်မဖြူသည်
ရခိုင်အမျိုးသမီးတစ်ဦးဖြစ်နေ ခြင်းကြောင့် ဒေါ်မဖြူတို့ မိသားစုအား
ညှင်းပမ်းနှိပ်စက်ခြင်း ၊ နိုင်ထက်စီးနှင်းပြု ကျင့်ခြင်း ၊
ဆဲဆိုခြိမ်းခြောက်ခြင်းတို့ ကို ပြုကျင့်လာကြသည်သာမကအရွယ်မရောက် သေးသော
သမီးငယ်များအား ၀ိုင်းဝန်း အဓမ္မပြုကျင့်ခြင်းများကို ပြုလုပ်လာကြသဖြင့်
မိမိနေအိမ်၌ပင်မနေရဲကြတော့ဘဲ တောတောင်၊လယ်ကွင်း ၊ ယာခင်းများ၌
ပုန်းအောင်းနေခဲ့ပြီး ရှင်သန်ခဲ့ရကြောင်း ၊ ယခုအခါအသက်အိုးအိမ် ၊
စည်းစိမ်းတို့ ပါခြိမ်းခြောက်စောက်ကားခံနေရသဖြင့်
ဘာသာကူးပြောင်းခွင့်အသနားခံတောင်းဆိုလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဒေါ်မဖြူ၏အသနားခံလျှောက်ထားချက်အား လူသားချင်းစာနာငဲ့ညာသောအားဖြင့်
မင်းပြားမြို့ နယ်မြို့ နယ်သံဃနာယကအဖွဲ့ မှ
ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းခွင့်ပြုခဲ့ပြီး အောက်တိုဘာ(၁၆)နေ့ တွင် ရဟန်း
သံဃာများရှေ့မှောက်၌ဗုဒ္ဓဘာသာဝင်အဖြစ် သို့ ကူးပြောင်းခံယူခဲ့ကြောင်း
သိရသည်။ ယခုအခါ ဘာသာကူးပြောင်းလာကြသူ ဒေါ်မဖြူတို့ မိသားစုအား မင်းပြားမြို
့နယ်၊ လူမှုကူညီရေးအသင်းမှ စားဝတ်နေရေး အဆင်ပြေစေရန်ကူညီစောင့်ရှောက်ပေးထား
ကြောင်း သိရပြီး မတရားဝိုင်းဝန်းစော်ကား
ခံခဲ့ရသောအရွယ်မရောက်သေးသည့်ဒေါ်မဖြူ၏ အသက်(၁၃)အရွယ် သမီးကြီးကိစ္စအတွက်
မင်းပြားမြို့ နယ် ၊ အမျိုးသမီးရေးရာအသင်းမှ တာဝန်ရှိသူများက
ဆင်ကြီးပြင်ကျေးရွာမှ အစ္စလာမ်ဘာသာဝင်မူဆလင်မုဒိမ်းသမား(၅)ဦးအား
ဝိုင်းဝန်းအဓမ္မပြုကျင့်မှုဖြင့် မင်းပြားမြို့ နယ် ၊ မြို
့နယ်တရားရုံး၌အမှုဖွင့်တရား စွဲဆိုထားကြောင်း သိရသည်။ မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ) (ဓါတ်ပုံ - ဒေါ်မဖြူ (ခ)နော်ရူ နှင့် သူမ၏သမီး ၂ ဦး
0 comments