Related Posts Plugin for WordPress, Blogger...

18.10.2013

ရခိုင်တိုင်းရင်းသားမျိုးနွယ်တွင် ပါဝင်သော မြို (ခေါ်)ခမီတိုင်းရင်းသားများ မျိုးနွယ်စု အမည်ပြောင်းလိုမှုအပါအ၀င် တိုင်းရင်းသားလူမျိုးစုများ ပြောင်းလဲလိုပါကလွှတ်တော်သို့ တင်ပြီး လွှတ်တော်မှသာ ဆုံးဖြတ်နိုင်မည် ဟု မြောက်ဦးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ ဦးစီးအရာရှိ ဦးရန်နိုင်က Peopleo Power သတင်းစာသို့ပြောကြားသည်။

မြို (ခေါ်) ခမီ တိုင်းရင်းသား လူမျိုးစုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် ခမွီဟု ရေးသားထားခြင်းမှာ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ ထည့်သွင်း ရခြင်းဖြစ်ပြီးပြောင်းလဲလိုပါက လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်
မှသာ ဆုံးဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လူဝင်မှု ကြီးကြပ်ရေးဌာနကတော့ ပြောင်းပေးလို့မရပါဘူး”ဟု ၎င်းက ပြောကြားသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် ခမွီဟု ထည့်သွင်းထားသူ ရခိုင်တိုင်းရင်းသား (၁၀၀)ခန့် ရှိပြီး ၎င်းတို့မှာ မြိုလူမျိုးဖြစ်သောကြောင့် မြိုဟုသာ ထည့်သွင်းရန် ဆန္ဒရှိကြောင်းကို ယင်းတိုင်းရင်းသားများ စုပေါင်း၍ လွှတ်တော်အသီးသီးနှင့်
သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးပါတီမှ မြောက်ဦးမြို့နယ် ဥက္ကဋ္ဌ ဦးမြထွန်းကပြောကြားသည်။

“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ သမ္မတရုံးနဲ့လူဝင်မှု ကြီးကြပ်ရေးပြည်ထောင်စုဝန်ကြီးတွေကို တင်ပြသွားမှာပါ”ဟု ၎င်းက ပြောကြားသည်။

ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာများနှင့် ရာဇ၀င်အဆက်ဆက်တွင် မြိုလူမျိုးစုသာ ဖော်ပြထားပြီး မိမိတို့ကိုယ်တိုင် မြိုဟုသာခံယူထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကိုယ့်ကိုယ်ကို ပြောရင် ခမီလို့ ပြောတယ်၊ သူများတွေကခေါ်ရင် မြိုလို့ ခေါ်တယ်”ဟု မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူမြိုအမျိုးသား ညီညွတ် ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကြီးမှ ပြောကြားသည်။

ယင်းသို့ မှားယွင်းမှုများကြောင့် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးအမည်မှန်မှာ ပျောက်သွားမည်စိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုအခါ အမိ၊ အဖ၊ မှတ်ပုံတင်တွင် မြိုဖြစ်ကြောင်း ခိုင်မာပါက မြိုဟု ပြောင်းပေးနေပြီဖြစ်ကြောင်း အထောက်အထားမရှိပါက တိုင်းရင်းသား လူမျိုးအမည်မှာ ပြောင်းလဲ၍ ရနိုင် မည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဇော်အောင်မောင်းက ပြောကြားသည်။

ရေးသားသူ- ဉာဏ်လင်းထက်
People power

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ