Related Posts Plugin for WordPress, Blogger...

From : ..eleven



ဖြူး၊ တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့ရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူများနှင့် ဆက်စပ်ပါဝင် သူများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပြည်လမ်းမပေါ်တွင် ဗုံးလန့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည့်အတွက် ကားလမ်းများ ပိတ်ဆို့ခဲ့သည့်အပြင် အဆိုပါ မသင်္ကာ ပစ္စည်းကို စစ်မြေပြင် အင်ဂျင်နီယာတပ်မှ လာရောက် ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမျိုးသား တစ်ဦးက အထုပ်တစ်ခုကို လမ်းဘေးတွင် ပစ်ချသွားသဖြင့် အနီးတွင် မျက်မြင်တွေ့ရှိသူ တချို့က ပစ်ချခဲ့သည့် ယင်းအထုပ်ကို ပြန်ကောက်ရန် အော်ဟစ် ပြောဆိုခဲ့သော်လည်း အဆိုပါ အမျိုးသားက ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထွက်ပြေးမှုကြောင့် မသင်္ကာမှုများ ပိုမိုဖြစ်ပွား ခဲ့သဖြင့် ပြည်သူအချို့ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မသင်္ကာသည့် အထုပ်အား သက်ဆိုင်ရာက စစ်ဆေးခဲ့ရာတွင် အ၀တ်များ ထည့်ထားသည့် အထုပ်တစ်ခုသာ ဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၈ ရက် ညပိုင်းတွင် ပွဲတော် ကျင်းပနေသည့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်း အတွင်းရှိ စတေ့ခ်ျစင် နောက်တွင် ဗုံးတွေ့ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဘားအံမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် အမှိုက်ထုပ် တစ်ထုပ်သာ ဖြစ်ကြောင်း တာဝန်ရှိသူ၏ ပြန်လည် ဖြေကြားချက်အရ သိရသည်။

ထို့အတူ အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီခန့်ကလည်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အောင်ဇေယျလမ်းနှင့် မိုးကောင်းလမ်း ထောင့်ရှိ ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်ရှေ့တွင် ကက်ဆက်အဟောင်း၊ နာရီအဟောင်းများပေါ် တင်ထားသော မသင်္ကာဖွယ် ရေခဲပုံးတစ်ပုံးကို တွေ့ရှိခဲ့သဖြင့် ပတ်ဝန်းကျင်မှ လူများက ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး အဆိုပါ ရေခဲပုံးအား စစ်ဆေးကြည့်ရာ ပုံးပေါ်တွင် ကက်ဆက် အဟောင်းတစ်ခု၊ နာရီအဟောင်း တစ်ခုအား တင်ထားသည်ကို တွေ့ရှိခဲ့ရပြီး အဖုံးကို ဖွင့်ကြည့်ရာတွင်လည်း ပုံးအထဲတွင် တီဗွီရီမုဟောင်းတစ်ခု၊ ပိုက်ဆံအိတ် အဟောင်း၊ ဓာတ်ခဲအဟောင်း တို့ကိုသာ တွေ့ ရှိခဲ့ရပြီး ၎င်းရေခဲပုံးအား ရဲစခန်းသို့ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ