1999 ခုနှစ်တုန်းက ဆရာကြီး
ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။
တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ
ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ
ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon
(ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်)
ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး
အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။
European
တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊
ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး
နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။
ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတခုတည်းအောက်က
စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့
စက်ရုံကထုတ်လုပ်မှုသာတဲ့အကြောင်
မရိုးနိုင်တဲ့ ဗမာဆုံးမစကားတခွန်းလဲ ရှိပါသေးတယ်။
တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ် ဗမာရယ် ကုလားရယ်
စင်္ကာပူရယ် ဂျပန်ရယ် European ရယ် ကိုများ နံပါတ်စီလိုက်ကြမယ်ဆိုရင် ----
ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ပါဘူးလို့။
ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့
သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တကောင်လုံးတွေ့လို့
ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ
နားလည်ခဲ့တာ။ ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အ
သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတခု
ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်းစာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ
ဂျပန်စီးပွားရေးရုးံခွဲတခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ်လိုအပ်တဲ့
ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတလခွဲဖွင့်ခွင့်ကိုတောင
သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို
လွန်ခဲ့တဲ့လက မိတ်ဆွေတယောက်နဲ့ ရောက်သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို
အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်းကတော့ န၀ဒေးအိမ်ယာ
ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး
ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ
ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။
ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ်
ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။
ရန်ကုန်မြို့ထဲကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ
ပန်းခြံတွေကတော့ အပြတ်အသတ်သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅
မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာလုပ်ကြမယ့် ဂျပန်များနေဖို့
ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက
စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို
အဝေးကြီးပါမေမေရယ်၊ နေနိုင်မှာမဟုတ်ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။
အဲဒီအထိလဲ လောကကြီးဘာဖြစ်နေမှန်း မသိသေးပါဘူး။
ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။
ကိုကို ဂျပန်များသာ အလည်ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို
ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန်က လက်ယပ်ခေါ်ပြီး ၀ါတာနာဘဲစံ
မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ
တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့လို့
ပြုံးပြုံးကလေးပြောသွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့
ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန်
မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန်သတင်းဌာန)
မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့
လက်ရာဖြစ်ပါတယ်။)
ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း
=============================
ဂျပန်များဟာ မြန်မာပြည်ကို အားဖြည့်နေပါပြီ။
မာရသွန်ပြေးပွဲဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလရဲ့ ညတညမှာ အစပြုခဲ့တာပါ။
မြန်မာသမ္မတသစ်က ညစာစားပွဲအပြီးမှာ မြေပုံကြီးဖြန့်ခင်းပြီး
အသက်ကြီးကြီးဂျပန်လူမျိုး အာဏာပွဲစားကို ဆုတခုချလိုက်လို့ပါ။ ဒီဆုဟာ
မာကူးမြို့ ( မကာအို ) လောက်ကြီးတဲ့ မြို့တော်တခုတည်ဆောက်နိုင်ခွင့်
အသက်၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း
ဦးသိန်းစိန်ဟာ မြန်မာအရပ်သားအစိုးရရဲ့ သမ္မဖြစ်တာ ၆ လပဲရှိပါသေးတယ်။ သမ္မတဟာ
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွ
နေပြည်တော်မှာ တရုတ်ပုံစံ ညစာစားပွဲအပြီးမှာ
ဦးသိန်းစိန်ဟာ မြန်မာပြည်အရေးစိတ်ဝင်စားသူ ဂျပန်နိုင်ငံရေးသမား ဟီဒဲအို
ဝါတာနာဘဲ (၇၈ နှစ် ) ဘက်ကိုလှည့်လိုက်ပါတယ်။ သမ္မတသစ်ဟာ
ရန်ကုန်မြို့အနီးမှာရှိပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့
သီလ၀ါဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံတည်ဆောက်ဖို့ အပေးအယူတခုလုပ်ခဲ့ပါတယ်။
အကြွေးတွေ ချေးငွေတွေ နဲ့ လဲလှယ်ဖို့ပါပဲ။
ကျွန်တော် တခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း
ယာဆုဟိရို နာကာဆိုနဲရဲ့ အနီးကပ်ဖြစ်ခဲ့သ၊ူ ယခင် ဂျပန်အစိုးရ၀န်ကြီးဟောင်း
ဝါတာနာဘဲက ပြန်ပြောပြခဲ့ပါတယ်။
ဝါတာနာဘဲဟာ
စကားတည်သူပါ။ တနှစ်မပြည့်ခင်မှာတင် မြန်မြန်ဆန်ဆန်ပဲ ဂျပန်က
အကြွေးတွေကိုလျော်ပစ်ပြီး အနည်းဆုံး ၁၈ ဘီလီယံဒေါ်လာအကူအညီပေးဖို့
သဘောတူခဲ့ပါတယ်။
ဒါအပြင် ဂျပန်ဟာ ၃.၂
ဘီလီယံဒေါ်လာကို မြန်မာနိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး အရှေ့တောင်အာရှရဲ့
အကြီးဆုံးစက်မှုဇုံဖြစ်လာမယ့် ထားဝယ်ဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံ
တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံမယ်လို့လည်း သတင်းရရှိပါတယ်။
ဒီသဘောတူညီမှုတွေဟာ တညတာအတွင်းမှာတင် ဖြစ်ပေါ်ခဲ့တာပါ။ သီလ၀ါစီမံကိန်းရဲ့
တစိတ်တပိုင်းမှာတင် အကြွေးလျော်တာတွေနဲ့ ထပ်ချေးတာတွေဟာ ၅
ဘီလီယံဒေါ်လာထိအောင် ရှိတာမို့ ၂၀၁၁ -၂၀၁၂ မှာ အမေရိကန်တွေပေးတဲ့ ဒေါ်လာ ၇၆
သန်းနဲ့ အီးယူအဖွဲ့က ၂ နှစ်အတွင်းပေးမယ်ပြောထားတဲ့ ဒေါ်လာသန်း ၂၀၀ ကို
သိမ်နုတ်စေပါတယ်။
ဂျပန်အစိုးရနဲ့
စီးပွားရေးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံနဲ့ သတိကြီးကြီးဆက်ဆံနေရာကနေ
ဘယ်လိုများတနှစ်အတွင်းမှာ ရွှေရောင်ချစ်ကြည်ရေးအဆင့်ကို တက်သွားရတာလဲလို့
သိရအောင် သတင်းဌာနအနေနဲ့ အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေ
အယောက် ၅၀ လောက်ကို လိုက်လံမေးမြန်းကြည့်ပါတယ်။ သူတို့ပြောပြတာကတော့
မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
သေးငယ်ကျစ်လျစ်ပြီး အဆက်အသွယ်ကောင်းလှတဲ့ ဂျပန်အဖွဲ့ဟာ
တိုကျိုအုပ်ချုပ်ရေးပိုင်းနဲ့ ကူညီပံ့ပိုးရေးအဖွဲ့တွေကို ဆုံးဖြတ်ချက်တွေ
မြန်မြန်ချနိုင်အောင် တိုက်တွန်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါဟာအာရှရဲ့နောက်ဆုံးနဲ့ အရေးအပါဆုံးဈေးကွက်ကို
လွှမ်းမိုးလိုက်တာပါပဲ။ ဂျပန်များကတော့ မြန်မာခေါင်းဆောင်များဟာ
တရုတ်ပြည်ရဲ့ မဆုံးတမ်းလွှမ်းမိုးမှုက လွတ်မြောက်အောင်ကူညီမယ့်သူများက
အမေရိကန်တွေက ကျွန်တော်တို့ကိုညှာတာပြီး မြန်မာပြည်ကို
စီးပွားရေးပိတ်ဆို့မှု လုပ်ပေးခဲ့တဲ့အတွက် ကံကောင်းသွားတာပါ။ ဒါကြောင့်လည်း
အနောက်နိုင်ငံစီးပွားရေးလုပ်ငန်
အမေရိကန်နဲ့ အီးယူ သံတမာန်များကတော့ ဂျပန်က
အခွင့်ကောင်းရသွားတယ်လို့ မမြင်ပါဘူးတဲ့။ ၀ါရှင်တန်က တိုကျိုအပါအ၀င်
အားလုံးကို မြန်မာပြည်ကို ပြန်လည်ဝင်ရောက်ပြီး စီးပွားရေးမှာကူညီဖို့
မြန်မာအစိုးရရဲ့ ပြုပြင်ရေးသမားတွေကို ထောက်ပံ့ဖို့
တိုက်တွန်းနေခဲ့တာပါလို့ အမေရိကန်အစိုးရရဲ့ အကြီးတန်းတာဝန်ခံတဦးက
ပြောပြပါတယ်။
လက်တဆုပ်စာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီး
ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အများအပြားဟာ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာရှိနှင့်နေကြတ
မြန်မာပြည်အား ဈေးကွက်တင်ခြင်း
==================
ဂျပန်များရဲ့ အလျင်စလို နိုင်မှုဟာ
စွန့်စားမှုတွေများလှပါတယ်။ အမေရိကန်မှာ နာမည်ပျက်စာရင်းဝင်နေတဲ့
လက်ဝါးကြီးအုပ်စီးပွားရေးသမားနဲ
ဂျပန်များရဲ့ ဧက ၅၉၃၀ အကျယ်အ၀န်းရှိတဲ့
သီလ၀ါအထူးစီးပွားရေးဇုံ တည်ဆောက်ရေးဟာ ပတ်ဝန်းကျင်မြေများမှာ
အငြင်းပွားနေဆဲ ပိုင်ဆိုင်မှုပြသနာများကို မဖြေရှင်းရသေးခင်မှာ
သဘောတူခဲ့ကြတာပါ။ အခုထိ သီလ၀ါမှာ ကွင်းပြင်ဟောင်းလောင်းကြီးဖြစ်ေ
ကျွန်တော်တို့ရဲ့ အယ်ဒိုရာဒို(အာဖရိက တောနက်အတွင်းမှ
မြို့အမည်) နယ်မြေသစ်မှ ကြိုဆိုပါတယ်လို့ ယခင်အစိုးရတာဝန်ရှိသူတဦးဖြစ်ပြ
ဂျပန်အမှုဆောင်အရာရှိများဟာ စွန့်စားခန်းတွေက
များနေမှန်းသိကြပါတယ်။ အပေါ်ပိုင်းမှာ ပိုတောင်များပါသေးတယ်တဲ့။ အခုနေ
ပြသနာစာရင်းကိုသာ ချရေးကြည့်မယ်ဆိုရင် စာကြောင်းရေ ၅၀-၆၀ လောက်ထွက်လာမှာပါ
လို့ မာရူဘဲနိ ကော်ပိုရေးရှင်းရဲ့ အာရှနှင့် သမုဒ္ဒရာ စီမံကိန်းမန်နေဂျာ
ယာဆုဟိရို မိုရိမိုတို ကပြောပါတယ်။ ဒါတောင်မှ သူကထပ်ပြောပါသေးတယ်။
ဖြစ်နိုင်ခြေရှိတဲ့ အကျိုးအမြတ်တွေက ကုန်သွယ်မှုကို ပျက်စီးနိုင်ခြေတွေထက်
များပါတယ်တဲ့။
မြန်မာနိုင်ငံဟာ ဆုလာဒ်တခုလို့ မြင်ထားကြတာ ကြာပါပြီ။ မြေဧရိယာအားဖြင့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံပေါင
တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ အဓိက ထောက်ပံ့သူဖြစ်နေတုန်းပါပဲ။
၂၀၁၁ ခုနှစ် မတ်လစာရင်းများအရ စွမ်းအင်ဆိုင်ရာရင်းနှီးမြှပ်နှ
အခုတော့ ဂျပန်များ ရှပ်အင်္ကျီလက်ပင့်တင်လို့ ဟန်ပြင်နေကြပါပြီ။ ဒုတိယ
ကမ္ဘာစစ်အတွင်းက ဂျပန်ကိုလိုနီဖြစ်ခဲ့တာတောင်မှ ယနေ့ ဂျပန် မြန်မာဆက်ဆံရေးဟာ
မယုံနိုင်စရာ နွေးထွေးလွန်းလှပါတယ်။
ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံကို စစ်လျော်ကြေးတောင်းတဲ့နေရာမှာ
မြန်မာနိုင်ငံဟာ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်ခဲ့ပါ
မြန်မာတွေဟာ ဂျပန်နဲ့ဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေ
တိုကျိုရဲ့ တာဝန်ခံ
တိုကျိုတာဝန်ခံ ၀ါတာနာဘဲဟာ
သြဇာရှိအပေါင်းအသင်းများနှင့် နိုင်ငံရေးသြဇာထူထောင်ရာမှာ
အစွမ်းထက်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ သူ့အတွက် ဒုတိယမြောက်
မှတ်တိုင်ပါ။ စစ်ပြီးစက ၀ါတာနာဘဲဟာ ၁၁ နှစ်သားပဲ ရှိပါသေးတယ်။
သူ့အကိုကြီးတယောက်ကတော့ ကာမီကာဇေ လေသူရဲကောင်းဖြစ်ခဲ့ပြိး
အိုကီနာဝါကျွန်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို သူက
မိန့်ခွန်းထဲမှာ တခါတလေ ထည့်ပြောတတ်ပါတယ်။ သူဟာ
ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဝါရင
ဝါတာနာဘဲရဲ့ အာဏာရှင်များကို ထောက်ခံမှုဟာ ဘယ်တုန်းကမှ တွေဝေယိမ်းယိုင်ခြင်းမရှိခဲ့ပါဘ
အဲဒီတချိန်ပဲ ပျော်စရာရှိခဲ့တာပါလို့ ၀ါတာနာဘဲက
တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဦးသိန်းစိန်ဟာ ဂေါက်သီးရိုက်တော်ပါတယ်။
စစ်ဝတ်စုံနဲ့ဆိုရင် ဦးသိန်းစိန်ဟာ တကယ်ကြည့်ကောင်းပါတယ် တဲ့။ ဒါဟာ
လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပြီး နှစ် ၄၀ လောက်စစ်မှုထမ်းခဲ့တဲ့
ဦးသိန်းစိန်အတွက် ပုံမှန်မှတ်ချက်တော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ၂၀၀၇
ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်း
သံတမာန်ဆက်ဆံရေး ပျက်ပြားမှု
ဝါတာနာဘဲရဲ့ စိတ်ကြိုက်ဆက်ဆံမှုတွေဟာ တခါတလေမှာ
ဂျပန်နိုင်ငံခြားရေးဌာနကို ကမောက်ကမ ဖြစ်စေတတ်ပါတယ်။ ပြီးခဲ့တဲ့
အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂမ်းဘဟာ
မြန်မာနိုင်ငံခြားရေးဝန်ကြီးကို
သမ္မတသစ်က ၀ါတာနာဘဲကို ထိုင်းတွေ
မရူနိုင်မကယ်နိုင်ဖြစ်နေတဲ့ ထားဝယ်မှာ စီးပွားရေးဇုံဆောက်ဖို့
ပြောခဲ့ပါတယ်။ဦးသိန်းစိန်ဟာ တရုတ်ပြည်က ထောက်ပံ့ပေးနေတဲ့
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းက
ဂမ်းဘ နှင့် ဦးသိန်းစိန်
ဦးသိန်းစိန်က ၀ါတာနာဘဲစံ -
မင်းကိုပေးစရာတခုရှိတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ အတွင်းရေးမှုးကို
စာရွက်စာတမ်းတွေယူလာဖို့ ပြောလိုက်ပါတယ်။ ဒါဟာ သီလ၀ါစီမံကိန်း
ဘယ်လိုဖြစ်လာသလဲဆိုတာပါပဲလို့ ၀ါတာနာဘဲက ပြန်ပြောပြပါတယ်။ တိုကျိုမှာရှိတဲ့
မြန်မာသံရုံးနဲ့ နေပြည်တော်သမ္မတရုံးကတော့ ဦးသိန်းစိန်ဟာ
ဝါတာနာဘဲနဲ့တွေ့ဆုံခဲ့ခြင်းအပေါ်
ဂမ်းဘကို ဖိအားပေးဖို့အတွက် ၀ါတာနာဘဲဟာ ကုန်သွယ်ရေးဝန်ကြီး ယူကီအို အဒါနို
နဲ့ ဒီမိုကရက်ပါတီမှာ သြဇာရှိတဲ့နိုင်ငံရေးသမား ယိုရှီတို
စန်ဂိုကုတို့ကိုလည်း မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန်သွားဖို့
တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနကိုသွာ
အကြွေးများ လျှော်ပစ်ခြင်း
မတ်လထဲမှာ ၀ါတာနာဘဲဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ကို
ထူထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ နာကာဆိုနဲနဲ့ တရုတ်ပြည်ကို
ဖိအားပေးရာမှာ နာမည်ကြီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တာရို အစို
တို့ဖြစ်ကြပါတယ်။ ဒီအဖွဲ့မှာ အငြိမ်းစား အစိုးရအဖွဲ့ဝင်များနဲ့
ကုန်သွယ်ရေးလုပ်ငန်းကြီးများဖြစ
ဝါတာနာဘဲက အကြွေးတွေလျှော်ပစ်ဖို့ကိုလည်း
ဘဏ္ဍာရေးဝန်ကြီးဌာန အဆက်အသွယ်တွေကို သုံးပြီးလုပ်ပေးခဲ့ပါတယ်။ ဧပြီလ ၂၁
ရက်နေ့ - နေပြည်တော် ညစာစားပွဲအပြီး ၆ လ အကြာမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက
အကြွေးတွေရဲ့ ၆၀%ကို လျှော်ပေးခဲ့ပါတယ်။ ၀ါတာနာဘဲက သူ့အနေနဲ့
အကုန်လုံးတောင်လျှော်ပစ်ဖို့တို
ဒီအထောက်အပံ့တွေပေးတဲ့အထဲမှာ ပါဝင်ဆောင်ရွက်သူများက တိုကျိုဟာ အကြွေး ၃.၇ ဘီလီယံဒေါ်
လာကို ချေပစ်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်များက အကြွေးတွေကို
ပြန်ဆပ်ဖို့ ဒေါ်လာသန်း ၉၀၀ ကိုလည်း တိုကျိုမီဆုဘီရှီ UFJ ဘဏ်ကတဆင့်
ထပ်ချေးဦးမှာတဲ့။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ
ဂျပန်ကကြွေးတွေလျော်ပစ်တာဟာ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေဖို့ အဓိကနည်းလမ်းအဖြစ်သုံးခဲ့တာမို့
အမည်ပျက်စာရင်းဝင် လက်ဝါးကြီးအုပ် စီးပွားရေးသမားများ
မတ်လမှာ တိုကျိုနိုင်ငံရေးသမားများဟာ အမေရိကန်က
နာမည်ပျက်စာရင်းသွင်းထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်နှင့်
လက်တွဲခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်ဟာ ဂျပန်မြန်မာ
ဖက်စပ်အဖွဲ့ထူထောင်တဲ့ပွဲမှာ အဖွင့်မိန့်ခွန်းပြောဖို့
ဂျပန်ကိုလာရောက်ခဲ့ပါတယ်။ သူဟာ အိဒါနို၊ ဆန်ဂိုကူ၊ နာကာဆိုနဲ တို့နဲ့
အနီးကပ်ဆုံတွေ့ခဲ့ပါတယ်။ စက်မှုနိုင်ငံထူထောင်ဖို့ဟာ
မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်
ဦးဝင်းအောင်ဟာ ဒဂုံ ကုမ္ပဏီကိုပိုင်ဆိုင်ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်
ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတဦးရဲ့ အဆိုအရတော့ ဦးဇော်ဇော်ပါဝင်ခွင့်ရလိမ့်မယ်
ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးထားခြင်း
နိပွန်ဖောင်ဒေးရှင်းကို ပိုင်ဆိုင်တဲ့
ယိုဟေးအိ ဆာဆာကာဝါဟာလည်း ၀ါတာနာဘဲရဲ့ မြန်မာဖွင့်ပွဲကို ကူညီခဲ့ပါတယ်။
ဖောင်ဒေးရှင်းကို စစ်ပြီးခေတ်ဂျပန်မှာ သြဇာကြီးပြီး အရှည်မျှော်တွေးတတ်တဲ့
နိုင်ငံရေးဆရာကြီး ဖြစ်ခဲ့သူ ဆာဆာကာဝါရဲ့ ဖခင်ကထူထောင်ခဲ့တာဖြစ်ပါတယ်။
ဆာဆာကာဝါက မြန်မာပြည်ကို စိတ်ဝင်စားနေတာကြာခဲ့ပါပြီ။ သူဟာ ၀ါတာနာဘီ၊
ဆန်ဂိုကုတို့နဲ့အတူ သီလ၀ါကိစ္စကို ဦးသိန်းစိန်နဲ့ ဂျုလိုင်လအတွင်းက
ထပ်မံညှိနှိုင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာဆာကာဝါက
အာဏာရှင်လက်ထက်မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့တဲ့
လူနည်းစုတိုင်းရင်းသားများဒေသမှ
နှစ်နိုင်ငံသဘောတူညီချက်များကို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ စစ်တပ်ကကျောထောက်နောက်ခံပေးထားတ
ပါတီရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဟန်သာမြင့်က
ကျွန်တော်တို့ လုံးဝမစိုးရိမ်ပါဘူး။ အရေးကြီးတာက
ဒီရင်းနှီးမြှပ်နှံမှုတွေနဲ့ အကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိ
မရှိဆိုတာပါပဲ တဲ့။ အာဏာရှင်ဟောင်းများနဲ့လက်တွဲခဲ့
သီလ၀ါဖွံ့ဖြိုးရေးစီမံကိန်းဟာ မြန်မာအစိုးရဖက်က
စတင်ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်အစိုးရများက စဉ်းစားဆဲဖြစ်ပါတယ်။ ဂျပန်မြန်မာ
ပူးပေါင်းဆောင်ရွက်မှုကို ဆုံးဖြတ်ချက်အတိအကျ ချမှတ်နိုင်ခြင်းမရှိသေးပါဘူး
လို့ ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆာဂိ ဆာကာအိက ဆိုပါတယ်။
တိုကျိုရုံးခန်းမှာတော့ မြန်မာပြည်မှာ စောစီးစွာ ၀င်ရောက်ရင်းနှီးမြှပ်နှံမယ့်သူ
( ဘာသာပြန်အမှားများ ချွတ်ယွင်းချက်များကို အားမနာတမ်းထောက်ပြနိုင်ပါတယ်။ )
( အန်တိုနီ စလိုကော့စကီးရေးသားပြီး ဂျေဆန်ဇွိ နှင့်
အောင်လှထွန်း (ရန်ကုန်)၊ ဆီဘရှန် မိုဖက် ( ဘရာဇီး)၊ အန်ဒရူးကွင်း
(၀ါရှင်တန်)၊ မာတင်ပက်တီ (ဘန်ကောက်) တို့ ပူးပေါင်းတင်ပြသည်။
ကီဗင်ကရိုလစ်ကီ၊ ဘေလ်တာရန့်၊ မိုက်ကယ်ဝီလီယံ တို့မှ တည်းဖြတ်သည်။) — with Scuba Som.
0 comments