သို့ နခဌ နေပြည်တော်
မှ မသရ နယူးဒေလီ
စာအမှတ် ၀၃၂-၈၄၅/၂၁၀၁
ရက်စွဲ ၁၉/၀၈/၂၀၁၃ စုစုပေါင်း (၃) ရွက်
ဖမ်းဆီးရမိသော LeT အကြမ်းဖက်အဖွဲ့၏ဗုံးကျွမ်းကျင်ပညာရှင်က ဗုဒဂယာ ဗုံးပေါက်ကွဲမှုများတွင် ရိုဟင်ဂျာ ဘင်္ဂလီများ ပါဝင်ပတ်သက်မှုရှိနိုင်သည်ဟု ဆိုလိုက်ခြင်း
ဖမ်းဆီးရမိသော LeT အကြမ်းဖက်အဖွဲ့၏ဗုံးကျွမ်းကျင်ပညာရှင် Mr. Abdul Kham Tunda အားစစ်မေးချက်များသည် ဘီဟာပြည်နယ် ဗုဒဂယာရှိ မဟာဗောဓိ ဘုရားကျောင်း ဗုံးဖောက်ခွဲပြီးနောက် ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့် ဒေလီ ရဲတပ်ဖွဲ့တို့အကြား အပြန်အလှန်ပေးပို့သည့် ရုံးတွင်းစာပါ အချက်အလက်များ၊ သုံးသပ်ချက်များအပေါ် အထောက်အကူဖြစ်စေခဲ့ကြောင်း The Times of India က ထောက်လှမ်းရေးစာတစ်စောင် ရရှိခဲ့ရာ ယင်းစာတွင် Mr. Tunda သည် အကြမ်းဖက်တိုက်ခိုက်မှုများအတွက်ရိုဟင်ဂျာများကို အင်အားစုဆောင်းရန် ကြိုးပမ်းခဲ့ကြောင်း၊ LeT အကြမ်းဖက်အဖွဲ့သည် မကြာသေးမှီက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများအတွက် လက်တုန့်ပြန်ရန် ရိုဟင်ဂျာများကို သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း ဇူလှိုင်လ ၇ ရက် ဗုဒဂယာ ဗုံးပေါက်ကွဲမှုအပေါ် အိနိယ၏ စုံစမ်းစစ်ဆေးမှုများသည် အိနိယနိုင်ငံအတွင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ အစ္စလာမ်မစ် စစ်သွေးကြွများအပေါ်၌သာ အာရုံစူးစိုက်ခဲ့ကြောင်း၊ ရိုဟင်ဂျာများသည် မြန်မာ မွတ်စလင် လူနည်းစုများဖြစ်ပြီး ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင် အခြေချနေထိုင်သူများဖြစ်ကြောင်းမြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂ နှစ်ခန့်အတွင်း ဗုဒဘာသာလူများစု နှင့် ရိုဟင်ဂျာ များအကြား ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ထောက်လှမ်းရေးသတင်းများအရ Jamaart-Ui-Arakan အဖွဲ့အစည်းနှင့် Rohingya Solidarity Organization အဖွဲ့အစည်းများသည် အကြမ်းဖက်သင်တန်းများကို မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ Bandarban ခရိုင်အစွန်အဖျားတွင် ဖွင့်လှစ်လျက်ရှိကြောင်း၊ Mr. Tunda သည် LeT အကြမ်းဖက်အဖွဲ့ကိုယ်စား အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ရိုဟင်ဂျာလူငယ်များကို စုဆောင်းလျက်ရှိသည်ဟု ယူဆရကြောင်း စသည်ဖြင့် အဆိုပါစာထဲတွင် ဖော်ပြထားကြောင်း၊ ၎င်းအားစစ်မေးစဉ်အတွင်း ရိုဟင်ဂျာခေါင်းဆောင်အချို့၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့သော်လည်း သတင်းများက ၎င်းသည် မေးခွန်းများကိုတိုက်ရိုက်ဖြေဆိုခြင်းမပြုပဲ လှည့်ပတ်ဖြေဆိုနေခြင်းဖြစ်သည် ဟု ပြောကြားကြောင်းအိနိယထောက်လှမ်းရေးအဖွဲ့အစည်းများက ဗုဒဂယာဗုံးပေါက်ကွဲမှုများတွင် (အိနိယမူဂျာဟစ်ဒင်များ) လက်ချက် မဖြစ်နိုင်ကြောင်း ပါကစ္စတန်မှ LeT အဖွဲ့၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုသာဖြစ်နိုင်သည်ဟု ယုံကြည်ကြကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သော RSO နှင့် LeT အဖွဲ့တို့သည် ရိုဟင်ဂျာများကို ငွေကြေး ထောက်ပံ့ပေးလျက်ရှိကြောင်း ရိုဟင်ဂျာများသည် ပါကစ္စတန်နိုင်ငံရှိ Jihad Muhammad အစွန်းရောက်မူဆလင်အဖွဲ့အစည်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ Haka Jihad Islamist နှင့် Jamaad Islamist Mujahiden အဖွဲ့အစည်းများနှင့် အဆက်အသွယ်များရှိကြောင်း၊ အကြမ်းဖက်သမားများက ဗုဒဂယာတွင် ဇူလှိုင်လ ၇ ရက်နေ့က လက်လုပ် ဖောက်ခွဲရေးပစ္စည်း ၁၃ ခုထားရှိခဲ့ပြီး ၃ ခုမှာ မပေါက်ကွဲခဲ့ကြောင်း၊ National Investigation Agency (NIA) ကစုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အဆိုပါဗုံးများကို ထိခိုက်ပျက်စီးမှုများဖြစ်စေရန် ရည်ရွယ်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည့် ၁၉/၀၈/၂၀၁၃ ရက်ထုတ် The Times of India နေ့စဉ်သတင်းစာ၏ “Tunda Hints at Rohingya Link in Bodh Gaya Blast” ခေါင်းစဉ်ပါ သတင်းဆောင်းပါးကို ပူးတွဲတင်ပြအပ်ပါသည်။
(သံအမတ်ကြီးကိုယ်စား)
ဘလှအေး၊ သံမှုးကြီး
credit:Echelon Ghost

0 comments