Related Posts Plugin for WordPress, Blogger...

From : ..YMG


ဆိတ်ငြိမ်သော ဘာသာရေး ရိပ်သာတစ်ခု၌ ၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို လိင်မှု ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့ သည်ဟုစွပ်စွဲခံရပြီးနောက် ကျော် ကြားသော၊ ကိုးကွယ်ယုံကြည်ခံ
ရသော အိန္ဒိယဂုရုကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသခံအရာရှိတစ်ဦးက စက် တင်ဘာ ၁ရက်တွင်ပြောကြား ခဲ့သည်။ 

နောက်လိုက်များစွာကို ဆွဲ ဆောင်ပြီး ကိုယ်ပိုင်ဟန်ရှိသူဟိန္ဒူ ဂုရုများစွာအနက်တစ်ဦးဖြစ်သူ အာဆာရမ်ဘာပူကို စက်တင်ဘာ ၁ရက်က အင်ဒိုးမြို့လယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသက် ၇၂နှစ်အရွယ် ဂုရုကြီးကို မိန်းကလေးအား လိင်မှုကျူးလွန် ရန် အားထုတ်ကြိုးပမ်းခဲ့သော အ နောက်ပိုင်းရှိ ဂျော့ဒ်ပူရ်မြို့သို့ လေယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ သည်။ မိန်းကလေး၏မိဘများ မှာလည်း ၎င်းဂုရုကြီးကို ကိုးကွယ် နေသူများဖြစ်သည်ဟု ဒေသခံရဲ အရာရှိ အဂျေးပါးလ်လမ်ဘာက ပြောကြားခဲ့သည်။
''ဂုရုကြီးကို သူ့ကိုစွပ်စွဲထား တာနဲ့ပတ်သက်ပြီး ဂျော့ဒ်ပူရ်ရဲ စခန်းသို့လာရောက်ဖြေရှင်းဖို့ ပြောခဲ့ပေမယ့် သူကျန်းမာရေး မကောင်းလို့ နောက်ထပ်အချိန် ပေးဖို့ တောင်းဆိုခဲ့တယ်''ဟု ရဲ တပ်ဖွဲ့ကလည်း အခွင့်အရေးပေး ခဲ့သော်ကြောင်း ဂျော့ဒ်ပူရ်မှ ဒုရဲ မင်းကြီးလမ်ဘာက အေအက်ဖ် ပီသို့ ပြောကြားခဲ့သည်။ 


မုတ်ဆိတ်ဖြူဂုရုကြီး ၎င်း အပေါ်စွပ်စွဲချက်များကို ပယ်ချခဲ့ ပြီး နိုင်ငံရေးနှင့်ဆိုင်သော ကြံ စည်မှုဟုဆိုသည်။ လိင်ပိုင်းဆိုင် ရာတိုက်ခိုက်မှုမှာ ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အာဆာရမ်သည် လိင်ပိုင်းဆိုင် ရာတိုက်ခိုက်ခံရသူ မိန်းကလေး ၏မိဘများအပါအဝင်နောက် လိုက်များအတွက် တရားကျင့် ရိပ်သာတစ်ခုကို ပြုလုပ်ပေးနေ ခဲ့ချိန်ဖြစ်သည်။ 


သမီးဖြစ်သူတွင် မကောင်း ဆိုးဝါးဝိညာဉ်များပူးဝင်စွဲကပ်နေ ပြီး ၎င်းအနေဖြင့် သမီးဖြစ်သူ နှင့် နှစ်ဦးတည်းတွေ့ရန်လိုအပ် ကြောင်း ဂုရုက မိန်းကလေး၏မိဘများကို ပြောကြားခဲ့သည်။ ဂုရုကြီးအခန်းကို မိန်းကလေး တစ်ဦးက ခိုးဝင်ရောက်ပြီးနောက် နှစ်ရက်ကြာ ဂုရုကြီးက ၎င်းအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် အားထုတ်ခဲ့ကြောင်း မိန်းကလေး က ၎င်း၏မိဘများကိုတိုင်သည်။ မိန်းကလေးမိသားစုက ဂုရုနှင့် ထိပ်တိုက်တွေ့ရန်ကြိုးစားသော် လည်း ဂုရုက အတွေ့မခံသဖြင့် ရဲကိုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောခဲ့သည်။


.. www.MyanmarExpress.net

Posted by Unknown on 9/02/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ