Related Posts Plugin for WordPress, Blogger...

From : ..YMG
သမ္မတဘားရက်အိုဘား မားက ဆီးရီးယားသမ္မတဘာ ရှားအယ်လ်အာဆတ်၏ အစိုး ရကိုပြစ်ဒဏ်ပေးမည့် ဒုံးကျည် ဖြင့်တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ 

 
ဓာတုလက်နက်အသုံးပြု တိုက်ခိုက်မှုပြုသည်ဟူသော စွပ် စွဲချက်ဖြင့် ဆီးရီးယားအစိုးရအား အရေးယူရေးအတွက် လွှတ်တော် မှ ထောက်ခံမှုရရှိရန်ကြိုးပမ်းမည် ဟူ၍ ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက် ယခုကဲ့သို့အစဉ်အလာ နှင့်ဆန့်ကျင်သော အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းမှာ အားလုံးကို အံ့ အားသင့်စေခဲ့သည်ဟုဆိုသည်။
စင်စစ်အားဖြင့် စစ်ရေးအ ရအရေးယူဆောင်ရွက်မှုအား အ မေရိကန်လွှတ်တော်အမတ်များ အားလပ်ရက်အနားယူရာမှ ပြန် လာချိန် အနည်းဆုံး စက်တင်ဘာ ၉ရက်အထိ ရွှေ့ဆိုင်းထားမည် ဖြစ်သည်။ သို့ရာတွင် သမ္မတအို ဘားမားက သူ့အနေနှင့် လွှတ် တော်၏ဆုံးဖြတ်ချက်ကို ဂရုမ ထားဘဲ တိုက်ခိုက်ပိုင်ခွင့်ကို ဆုပ် ကိုင်ထားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ အိမ်ဖြူတော်အရာရှိတစ်ဦးကမူ ရပ်နားထားသည့်အချိန်အတွင်း နိုင်ငံတကာမှ ထောက်ခံအားပေး မှုရရှိရန် သမ္မတအိုဘားမားအနေ နှင့် ဆောင်ရွက်နိုင်မည့်အချိန် ရ ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

လွန်ခဲ့သည့်ရက်က ကိုင်ရို တွင် အာရပ်အဖွဲ့ချုပ်၏ တွေ့ဆုံ ဆွေးနွေးပွဲတွင် သမ္မတအာဆတ် ကို ပြစ်တင်ရှုတ်ချမည်ဟု မျှော် လင့်ကြောင်း သိရသည်။ လာမည့် ရက်သတ္တပတ်တွင် ဆီးရီးယားအ ကျပ်အတည်းအရေးကိစ္စက လွှမ်း ခြုံနေမည့် ဂျီ- ၂ဝထိပ်သီးဆွေး နွေးပွဲကျင်းပမည့် ရုရှားနိုင်ငံသို့ သမ္မတအိုဘား မားတက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

သမ္မတအိုဘားမားအနေ နှင့် ဆီးရီးယားအားစစ်ရေးအရ အရေးယူရန် ဗြိတိသျှပါလီမန်တွင် မဲခွဲဆုံးဖြတ်ရာ၌ ဝန်ကြီးချုပ်ဒေး ဗစ်ကင်မရွန်းကြုံတွေ့ခဲ့ရသော အဖြစ်နှင့် အလားတူရင်ဆိုင်ရ မည်ဖြစ်ကြောင်း လေ့လာအကဲ ခတ်သူတို့က သတိပေးခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော်ရို့စ်ဂါး ဒင်းတွင် မိန့်ခွန်းပြောကြားမှုအ တောအတွင်း သမ္မတအိုဘား မားက တိုက်ခိုက်မှုအတွက် မည် သည့်အချိန်တွင် တိုက်ခိုက်သည် ဖြစ်စေ တိုက်ခိုက်ရန်အတွက် ပြင် ဆင်ထားမည်ဖြစ်ကြောင်း၊ တိုက် ခိုက်မည့်အချိန်သည် မနက်ဖြန် သို့မဟုတ် နောက်ထပ်ရက်သတ္တ ပတ် သို့မဟုတ် နောက်တစ်လ လည်းဖြစ်သွားမည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ထည့်သွင်း ပြောကြားသွားခဲ့ကြောင်း သိရ သည်။

အမေရိကန်ပြည်ထောင် စု၏ တိုမာဟော့ဒုံးကျည်များ တပ်ဆင်ထားသော စစ်သင်္ဘော ငါးစင်းခန့်သည် အရှေ့မြေထဲ ပင်လယ်တွင် ဆီးရီးယားအစိုးရ ပစ်မှတ်များကို အတိအကျထိ မှန်အောင်ပစ်ခတ်ရန်အသင့်ရှိ နေကြောင်းသိရသည်။ အလား တူပင် ပြင်သစ်နိုင်ငံကလည်း အမေရိကန်ပြည်ထောင်စုနှင့် ဆုံးဖြတ်ချက်တစ်သားတည်းရှိ နေမည်ဖြစ်ကြောင်း သိရသည်။


.. www.MyanmarExpress.net

Posted by Unknown on 9/02/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ