Related Posts Plugin for WordPress, Blogger...

၈၈ ခုနှစ် လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့်အခမ်းအနား ဟာ နိုင်ငံရေးသမိုင်းမှာ  အရေးကြီးတဲ့ သင်ခန်းစာတွေ ရယူနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းစတဲ့ လူမှုတန်ဖိုး ပြန် လည်ဖော်ဆောင်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားဖို့လိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
ဒီနေ့မနက် ပြည်သူများအတွက် ထုတ်လွှင့်တဲ့ ရေဒီယို မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခုလို ပြောသွားတာပါ။
ဦးသိန်းစိန်အစိုးရ တာဝန်ယူနေရတဲ့  ၅ နှစ်တာကာလရဲ့ ပထမလပေါင်း ၃၀ မှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျန်ရှိတဲ့လပေါင်း ၃၀ မှာ ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကိုအဓိကထားဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုပိုမိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းအင်အားကို ရယူဖို့မူတွေ၊ မဟာဗျူဟာတွေ ချမှတ်စတင်ချမှတ်ပြီးဖြစ်တဲ့အတွက် လက်တွေ့ကျတဲ့ တိုးတက်မှုတွေကို ကျေးလက်နေပြည်သူတွေ ခံစားရတော့မှာဖြစ်တယ်လို့ပါ ပြောခဲ့ပါတယ်။




RFA သတင်း

Posted by Arakan Man on 9/01/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ