Related Posts Plugin for WordPress, Blogger...

လယ်သမားများကိုကူညီနိုင်ရန်အတွက် အာရှလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့စည်း (Asia Farmers Group Corporation) တွင် မြန်မာနိုင်ငံပါဝင်ရန် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုးက စက်တင်ဘာ ၂ ရက်တွင် ပြောသည်။

ဂျပန်နိုင်ငံအခြေစိုက် ယင်းအဖွဲ့အစည်းတွင် စိုက်ပျိုးရေးလုပ်ကိုင်သော အာရှနိုင်ငံတော်တော်များ ပါဝင်ထားပြီး
မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဦးကျော်စွာစိုးကပြောခြင်း ဖြစ်သည်။

၎င်းက “ဒီအဖွဲ့စည်းထဲမှာ ပါဝင်ပြီဆိုရင် အဖွဲ့အစည်းက နည်းပညာတွေ၊ မျိုးစပါးတွေ၊ ချေးငွေရဖို့အတွက် ကူညီသွားဖို့ အစီအစဉ်တွေလည်းရှိပါတယ်။ ဒါကြောင့် ဒီနှစ်မကုန်ခင် ပါဝင်နိုင်အောင် ကြိုးစားသွားမယ်” ဟုဆိုသည်။

ယင်းသို့ အကူအညီများရရှိပါက တောင်သူလယ်သမားများအတွက် ထိရောက် သောအကူအညီများ ပေးရန်လည်း လိုအပ်ကြောင်း ပန်းတနော်တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂဥက္ကဋ္ဌ ဦးသိန်းဝင်းက ဆိုသည်။

“တောင်သူတွေအတွက်လို့ နာမည်တပ်ပေမယ့် တကယ်ထိရောက်တဲ့ အကူ အညီပေးမှုတွေတော့ ဖြစ်ဖို့လိုတယ်။
တောင်သူတွေအတွက် ကူညီပေးမယ့် နည်းစနစ်တွေ စိုက်ပျိုးရေးပညာတွေ အမှန်တကယ် လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

အာရှတောင်သူ လယ်သမားများဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများက စက်တင်ဘာလ ကုန်ပိုင်းတွင်
မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်နေပြီး မြန်မာနိုင်ငံမှ တောင်သူလယ်သမား အဖွဲ့အစည်း များ၊ တောင်သူ လယ်သမားများကို အကူညီပေးနေသောအဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပြီး အကူညီပေးနိုင်မည့် အစီအစဉ်များကို
ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ဦးကျော်စွာစိုးက ဆိုသည်။

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးဘဏ်နှင့် သမ၀ါယမဘဏ်များမှ လယ်သမားများအတွက် စိုက်ပျိုးစရိတ်
ချေးငွေ ထုတ်ပေးခြင်းသော်လည်း တချို့မြို့နယ်များတွင် လယ်သမားများ စိုက်ပျိုးစရိတ် ချေးငွေမရရှိသည့် အခက်အခဲများရှိနေသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများကို ယခုနှစ် မိုးစပါးချေးငွေအတွက် ကျပ်သန်းပေါင်း ၁၀ သိန်းခန့်ထုတ်ချေးပေးရန် လျာထားသည်။

ယခုနှစ်အတွက် ချေးငွေကို ဇွန်လမှစတင် ထုတ်ချေးပေးခြင်းဖြစ်ပြီး သြဂုတ်လကုန်အထိ ထုတ်ချေးခဲ့သည်။



မဇ္ဈိမ

Posted by Arakan Man on 9/03/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ