Related Posts Plugin for WordPress, Blogger...

ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ဒေသခံရွာသား ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း
ဒေသခံများကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈၊ ၂၉ ရက်က KIA ၏ တပ်မဟာ (၁) လက်အောက်ခံတပ်ရင်း (၇) အခြေစိုက်ရာ အင်ခါးကား ကျေးရွာအနီး အစိုးရ၏မချမ်းဘောမြို့နယ် အခြေစိုက် ခလရတပ်ရင်း ၁၃၇ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေသည်ဟု ပူတာအိုနှင့် မချမ်းဘောမြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ အတွင်းရေးမှူး ဆရာဇော်တောင်က ပြောသည်။

“၂၈ ရက် ညနေနဲ့ ၂၉ ရက်မနက်မှာ စစ်ဖြစ်တယ်။ ရွာသားတွေက စက်လှေနဲ့ပဲသွားလို့ရလို့၊ အစိုးရစစ်တပ်ကလည်း စစ်ကူတွေပြန်သွားနေတယ်၊ မနေ့က စက်လှေရှစ်စင်းနဲ့ ပြန်ဆင်းတယ်လို့ပြောတယ်။ အဲဒီလိုဆိုတော့ ရွာသားတွေက ကြားမှာညပ်နေတာ။ မဂျီယန် (မဂျီဂါး) ကြားရွာမှာ ၇၀ လောက်သောင်တင် နေတယ်၊ ၁၀၀ ကျော် တောဘက်မှာ ပုန်းနေတယ်” ဟု သူကမဇ္ဈိမကိုပြောသည်။

မချမ်းဘောမြို့မှ မိုင် ၄၀ နီးပါးကွာဝေးသော အင်ခါးကားကျေးရွာတွင် အိမ်ခြေ ၂၀ ကျော်မှာလူဦးရေ ၂၀၀ ခန့်
နေထိုင်နေပြီး ထိုအထဲမှာ ရွာသား ၁၁ ဦးမှာ မြို့ပေါ်ရောက်ရှိလာသဖြင့် လတ်တလောမချမ်း ဘောမြို့နယ်
နောင်ခိုင်နှစ်ခြင်းအသင်းတော်တွင် စခန်းဖွင့်လှစ်ထားသည်။

ထိုစစ်ပြေးဒုက္ခသည်များအတွက် စက်တင်ဘာ ၁ ရက်က ဒုက္ခသည်များ ကူညီရေးကော်မတီဖွဲ့စည်းကာ တခြား အကူအညီ မရရှိမီအသင်းတော်မှ အလှူရှင်တစ်ဦးမှ ဆန်တစ်အိတ်နှင့် ငွေကျပ်တစ်သိန်း ထောက်ပံ့ ပေးထား သည်ဟုလည်း ဆရာဇော်တောင်ကပြောသည်။

လတ်တလောတွင်မူ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းမရှိသော်လည်း အစိုးရဘက်မှ စစ်အင်အားတိုးချဲ့မှု များရှိနေ သည်ဟုလည်း သူကဆိုသည်။

“တိုက်ပွဲပြန်ဖြစ်တယ်လို့တော့ မကြားဘူး။ ဒါပေမဲ့ စစ်အင်အားတိုးချဲ့နေတယ်လို့ပြောတာ။ စစ်ကြောင်းသုံးကြောင်းနဲ့ အခုအခြေအနေဆိုရင်တော့ ပိုဆိုးလာမယ့်ပုံစံပေါ်နေတယ်။ အစိုးရစစ်တပ်က လေကြောင်း နဲ့ရော၊ ခြေမြန်တပ်
တွေရော တိုးချဲ့တယ်ပြောတယ်” ဟု ဆရာဇော်တောင်က ဆက်ပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းနှင့် ၂၉ ရက်နေ့ နံနက် ၆ နာရီချိန်တွင် အစိုးရစစ်တပ်နှင့် ဦးအာဒန်၏ ပြည်သူ့ စစ်တပ်ဖွဲ့ များက KIA တပ်များရှိရာသို့ လှုပ်ရှားလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIO မှအရပ် ဘက်အရာရှိ ဦးဒွဲပီဆားက အတည်ပြုသည်။

“အစိုးရတပ်က လှုပ်ရှားလာတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြန်ပစ်လိုက်လို့ ဆုတ်ခွာသွားတယ်၊ အစိုးရ စစ်တပ် ဘက်က လှုပ်ရှားလာလို့ ကျွန်တော်တို့ရှိတယ်၊ မလာနဲ့လို့ ကျွန်တော်တို့ဘက်ကပြောတယ်။ အစိုးရဘက်ကလည်း ဘာလို့ကျွန်တော်တို့ လာလို့မရတာလဲဆိုပြီးလာတော့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ရွာသားများထွက်ပြေး တိမ်ရှောင်မှုများရှိမည်ဖြစ်သော်လည်း မည်မျှထွက်ပြေးတိမ်းရှောင်နေရသည် ကို ၎င်းဒေသနှင့် အဆက်အသွယ်ခက်ခဲသဖြင့် သူ့အနေဖြင့် သတင်းအချက်အလက်ရရှိရန် ခက် ခဲလျက်ရှိသည်။

အလားတူ သြဂုတ်လ ၂၉ ရက်နေ့မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ (၄)လက်အောက်ခံ တပ်ရင်း (၂)တပ်ဖွဲ့နှင့် အစိုးရတပ်တို့ မန်ဂျေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု KIO တပ်မှူး များကပြောသည်။


မဇ္ဈိမ

Posted by Arakan Man on 9/03/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ