Related Posts Plugin for WordPress, Blogger...

From : ..MRTV4


အခု လတ်တလော ပြည်တွင်းမှာ ထွက်ပေါ်နေတဲ့ သတင်း တစ်ခုဖြစ်တဲ့ နိုင်ငံခြား ဘဏ်များမှာ ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံ ထားတယ် ဆိုတဲ့ ကိစ္စနဲ့
ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ တိကျခိုင်မာတဲ့ အထောက်အထား ရှိပါက အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာနမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုပါ ကိစ္စနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းမှုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အခုတလော ထွက်ပေါ်နေတဲ့ နိုင်ငံခြား ဘဏ်မှာ အကောင့် ၅ ခုနဲ့ ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ် ဆိုတာဟာ တိကျခိုင်မာမှု မရှိတဲ့ အကြောင်းအရာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါ ဒေါ်လာ ၁၁ ဘီလီယံအား ဘယ်နိုင်ငံ၊ ဘယ်ဘဏ်မှာ အပ်ထားကြောင်း တိတိကျကျ ပြောဆို အကြောင်းကြား ပါက နိုင်ငံတော် ဘဏ်မှ အရေးယူမှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ ပုဂ္ဂလိကပိုင် ငွေကြေးနဲ့ နိုင်ငံတော်ပိုင် ငွေကြေးတွေ၊ နိုင်ငံခြား ဘဏ်တွေမှာ အပ်နှံ ထားမှုဟာ ဒေါ်လာ ၇.၆ ဘီလီယံသာ အပ်နှံထား မှုရှိတယ်လို့ သိရပါတယ်။

အခုထွက်ရှိနေတဲ့ Account ၅ ခုနဲ့ ၁၁ ဘီလီယံကို နိုင်ငံခြား Account မှာ အပ်နှံထားတယ် ဆိုတာဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စာရင်းတွင် မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက် အရ ဒေါ်လာ ၁၁ ဘီလီယံ နိုင်ငံခြားဘဏ်မှာ အပ်နှံထားတယ် ဆိုတဲ့ သတင်းများကြောင့် ကမ္ဘာ့ဘဏ် အနေနဲ့ ပြည်တွင်းမှ ကြွေးမြီ အချို့ကို လျှော့ပေးခြင်း မရှိဘူးဆိုတဲ့ သတင်းများ ထွက်ပေါ်နေခြင်း ဟာလည်း လုံးဝ မဟုတ်ကြောင်း ပြန်လည် ဖြေရှင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

 .. www.MyanmarExpress.net

Posted by Arakan Man on 9/21/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ