တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်
မြစ်တစ်ခုတွင်း ဓာတုဓတ်ငွေ့စွန့်ပစ်၍ ငါးကောင်ရေ သိန်းနှင့်ချီပြီး
ဓာတုအဆိပ်သင့် သေဆုံးခဲ့ကာ မြစ်ရေထဲ မျောပါနေကြောင်း အာဏာပိုင်များက
စက်တင်ဘာလ ၄ ရက်နေ့မှာ ပြောကြားလိုက်သည်။
ဖူဟီမြစ်တွင် ဓာတုအဆိပ်သင့်၍ သေဆုံးသွားသော ငါးများ။ (ဓါတ်ပုံ - BBC )
ယင်းမှာ Hube Shuanghuan Science and
Technology ဓာတုစက်ရုံမှ ဖူဟီမြစ်ရေထဲသို့ အညစ်အကြေး ထုပ်လွှတ်ရာတွင်
အမိုးနီးယားဓာတ်ငွေ့ အလွန်မြင့်များစွာပါဝင်၍ အခုလို ငါးအများအပြား
အဆိပ်သင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ယခုအခါ အာဏာပိုင်များက အဆိုပါ စက်ရုံအား
လုပ်ငန်း ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားသည်။
ဓာတုအဆိပ်သင့်ပြီး သေဆုံးသွားသော
ငါးအသေကောင် ကီလိုဂရမ် တစ်သိန်းခန့်ကို ဖူဟီမြစ်ပေါ်မှ
ရှင်းလင်းထားပြီဖြစ်ကြောင်း အစိုးရပိုင် Xinhua သတင်းတွင် ဖော်ပြထားသည်။
ဖူဟီမြစ်အနီးနားမှာ နေထိုင်ကြသော ကျေးရွာသား
နှစ်ထောင်ခန့်မှာ အဆိုပါမြစ်တွင် ငါးဖမ်းလုပ်ငန်းပြုလုပ်ကာ
အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရပြီး ယခုလို ငါးအများအပြား
သေဆုံးသွားရခြင်းကြောင်း ငါးဖမ်းလုပ်ကိုင်သူများ ဝင်ငွေဆုံးရှုံးမှုနှင့်
ကြုံတွေ့ လာနိုင်ကြောင်းလည်း Xinhua သတင်းမှာ ဖော်ပြထားသည်။
Ref: The China Post
ဖူဟီမြစ်တွင် ဓာတုအဆိပ်သင့်၍ သေဆုံးသွားသော ငါးများ။http://arakantimes.net

0 comments