Related Posts Plugin for WordPress, Blogger...

ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို ကမ္ဘာကျော် တက္ကသိုလ်ကြီးမှာ ပညာမသင်ခဲ့ဖူးဘူး.။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို သွားလေရာ မျက်နှာမပွင့်ဘူး..။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို တစ်တိုင်းပြည်လုံး ထောက်ခံမူကို မရရှာဘူး..။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို နိုဗယ်ဆုလဲ မရဖူးဘူး..။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလောက်တောင် ကျန်းမာရေးလဲ မကောင်းရှာဘူး..။
ဟုတ်ပါတယ်... ခင်ဗျားတို့အမေ သွားလေရာလမ်းမှာ ပန်းတွေပွင့်နေပေမယ့် သူသွားသမျှလမ်းမှာ ဆန္ဒပြတာတွေပဲ ရှိတယ်..။

ဒါပေမယ့် .. ခင်ဗျားတို့အမေ ကုလားကို ကုလားလို့ မပြောရဲချိန်မှာ သူပြတ်သားခဲ့တယ်..။
ခင်ဗျားတို့ အမေ လူ့အခွင့်အရေးလို့ အော်နေချိန်မှာ သူက သူ့ပြည်သူရဲ့ အခွင့်အရေးကိုပဲ ပြောတယ်.။
ခင်ဗျားတို့အမေ တခမ်းတနားနဲ့ ကြိုဆိုခံရချိန်မှာ သူက နိုင်ငံငယ်လေးတစ်ခုရဲ့ ၀န်ကြီးချုပ်ရုံးခန်းမှာ တစ်နာရီကျော်ကြာအောင် မျက်နှာငယ်လေးနဲ့ ငုတ်တုတ်ထိုင်ခဲ့ရတယ်။
ခင်ဗျားတို့ အမေ နိုင်ငံတစ်ကာက လူတွေအများကြီးရှေ့မှာ ခေါင်းမော့ရင်ကော့ပြီး မိန့်ခွန်းပြောနေချိန်မှာ သူက နိုင်ငံတစ်ကာက လူတွေအများကြီးရှေ့မှာ ခေါင်းငုံ့လို့ အကြွေးတွေ လျော်ပေးပါ.. ပိတ်ဆို့မူ့တွေ သိမ်းပေးပါ .. ကျုပ်တိုင်းပြည်ကို တိုးတက်အောင် လုပ်ပေးပါလို့ အောက်ကျခံနေရတယ်..။
ခင်ဗျားတို့အမေ နိုင်ငံခြားထွက်ရင် ဆုယူဖို့နဲ့ လည်ပတ်ဖို့ .. သူနိုင်ငံခြားထွက်တာ အကြွေးလျော်ဖို့နဲ့ အကူအညီတောင်းဖို့..။
ခင်ဗျားတို့ အမေ သမ္မတဖြစ်ချင်ပါတယ် ပြောတော့ သူက သမ္မတရာထူးက အနားယူရင် မုန့်ဟင်းခါးပဲ ရောင်းမယ်ပြောတဲ့လူ..။

ရွေးချယ်တင်မြှောက်လို့ပဲ ဖြစ်ဖြစ် ..
အတင်းအကျပ် စေခိုင်းခံရလို့ပဲဖြစ်ဖြစ် ..
အလိုရမ္မက်နဲ့ရယူခဲ့လို့ပဲဖြစ်ဖြစ် သူယူထားတဲ့ ဒီနေရာမှ သူ့တာဝန်ကို သူကျေပွန်အောင် လုပ်နေတယ်..။

ကျုပ် နိုင်ငံရေးအကြောင်း မသိဘူး...
ဖွဲ့စည်းပုံဥပဒေ ကျုပ်နားမလည်ဘူး..
လူ့အခွင့်အရေး ဆိုတဲ့ စကားကြီးကို ကျုပ်စိတ်မ၀င်စားဘူး..
ကျုပ် မြန်မာလူမျိုး ..
ကျုပ်တိုင်းပြည်တိုးတက်တာ ကျုပ် မြင်ချင်တယ်...
ကျုပ်တို့လူမျိုး ကြီးပွားတာ ကျုပ်တွေ့ချင်တယ်..
ကျုပ်တို့လူမျိုး အဆင့်အတန်းရှိလာတာ ကျုပ်ခံစားချင်တယ်..။
နောင်လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူသမ္မဖြစ်ဖြစ် ဘယ်သူ သမ္မတ လုပ်ချင်လုပ်ချင် ကျုပ် အရေးမထားဘူး..
ဒါပေမယ့် ကျုပ်လက်ထဲမှာ ရှိမယ့် မဲတစ်ပြားကတော့ ကျုပ်ချစ်တဲ့ မြန်မာပြည်အတွက် တစ်ကယ် အလုပ်လုပ်မယ့် သူအတွက်ပဲဖြစ်ရမယ်..။
ကျုပ်တို့ဟာ အတိတ်ကို တမ်းတနေဖို့မလိုဘူး..
မရောက်လာသေးတဲ့ အနာဂတ်ကိုလဲ ရင်မောနေဖို့ မလိုဘူး...
လက်ရှိပစ္စုပ္ပာန်မှာ ဘာလုပ်ကြမလဲ ဘာတွေလုပ်နေလဲဆိုတာပဲ အရေးကြီးတယ်...။
လေတစ်လုံး မိုးတစ်လုံးနဲ့ လေထဲတိုက်အိမ်ဆောက်မယ့် လူတွေကိုတော့ ကျုပ် မလေးမစားဖြစ်မှာ အမှန်ပဲ..။
ခင်ဗျားတို့နဲ့ ခံယူချက်ချင်း မတူညီရင်လဲ ဆောရီးပါ..... ။
ဒါက ကျုပ်ရဲ့ လွတ်လပ်ခွင့်ပဲကိုး...။
 
From: kop daniel

www.mmdailystar.com

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ