Related Posts Plugin for WordPress, Blogger...

From : ..myit ma kha



၂၀၀၈ခုနှစ်တွင် ရေးဆွဲထားပြီး ပြဌာန်းအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမည့်လွှတ်တော်၌ ပြင်ဆင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှအပြီးသတ်ရေးဆွဲထား သည့် ဥပဒေကြမ်းကို လာမည့်ဒီဇင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဟု ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို ကျေးရွာတွေ၊ နယ်တွေအထိ ပြည်သူလူထုကို ချပြဖို့ အစီ အစဉ် ရှိပါတယ်၊ ဒီအစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ပါမယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်သူတစ်ရပ်လုံးနှင့်သက်ဆိုင်ကြောင်း၊ ယခု၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ကို ပြည်သူလူထု တစ်ရပ်လုံးက မသိရှိသေးကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေ၏ဖြစ်ပေါ်လာပုံသမိုင်းကိုလည်း ပြည်သူအားချပြရမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံး ပါဝင်ပြင်ဆင်ထားသည့် အခြေခံဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
၂၀၀၈ခုနှစ်တွင် ရေးဆွဲထားပြီး ပြဌာန်းအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လာမည့်လွှတ်တော်၌ ပြင်ဆင်နိုင်ရေး ဒီချုပ်(NLD)ပါတီ၏ သဘောထားထုတ်ပြန်ချက် (၉)ရပ်ကိုလည်း စက်တင်ဘာလ (၂၈)ရက်နေ့က အဆိုပါပါတီမှ ထုတ်ပြန် လိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ အဓိက ကာကွယ် ရန် တာဝန်ရှိသည်ဟူ၍ ပြဌာန်းထားသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းမှာ တပ်မတော်ကို ဖိတ်ခေါ်ရာ ရောက် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြေခံဥပဒေကိုပြင်ဆင်မည်ဟု ဆိုသော်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မည် လား သို့မဟုတ် အသစ်ပြင်ဆင်ရေးဆွဲမည်လားဆိုသည်ကို ဆုံးဖြတ်ချက်ချနိုင်ခြင်းမရှိသေးဟု NLDပါတီ၏ CEC တစ်ဦးက ဆိုသည်။
"အခြေခံကတော့ မြန်မာနိုင်ငံမှာ ၁၉၄၈ ကတည်းက စပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ထွက်ပေါ်ခဲ့တယ်၊ အဲဒီ ဖြတ်သန်း ခဲ့တဲ့ သမိုင်းကို အခြေခံပြီးတော့ တိုင်းရင်းသား ပါတီတွေအနေနဲ့ လူမျိုးကိုအခြေခံတဲ့ ပြည်နယ်အမျိုးသားကို အခြေခံတဲ့ပြည်နယ် တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်ပါတယ်" ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ဗဟန်းမြို့နယ် အတွင်းရှိ NLDရုံးချုပ်တွင် စက်တင်ဘာလ(၂၈)ရက်နေ့ နံနက် ၉နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကာ အဆိုပါတွေ့ဆုံပွဲသို့ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှ ပြဌာန်းချက်အချို့သည် ဒီမိုကရေစံနှုန်းများနှင့်မညီညွတ်ခြင်းများ၊ ရှေ့နောက် မညီမျှခြင်းများကို တွေ့ရှိရပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန် မလွဲမသွေဖွဲ့စည်းပုံအခြေခံကို ပြင်ဆင် ရမည်ဖြစ်ကြောင်း၊ ဥပဒေကိုပြင်ဆင်ခြင်းသည် ဥပဒေအရပြင်ဆင်ရခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရန် ပြည်သူလူထု ပါဝင်ရန် တိုက်တွန်းကြောင်း ပါဝင်သည်။

.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ