Related Posts Plugin for WordPress, Blogger...

From : .. မြန်မာ့အလင်း


နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန လက်အောက်တွင် ဆည်တမံ စုစုပေါင်း ၂၂ ခုရှိပြီး ဆည်တမံအားလုံးကို ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် ရေကင်း စစ်ဆေးရန် ဆည်ငယ်များအတွက် ဝန်ထမ်းငါးဦးနှင့် ဆည်လတ်များအတွက် ၁ဝ ဦး ချထားကာ စောင့်ကြပ်လျက်ရှိကြောင်း နေပြည်တော် ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြားသည်။ နေပြည်တော်၌ ဆည်တစ်ခု ကျိုးပေါက်သည်ဟူသော စက်တင်ဘာ ၂၆ ရက် 7 Day Daily နေ့စဉ်ထုတ် သတင်းနှင့်ပတ်သက်၍ အမှန်အားဖြင့် အဆိုပါကျေးရွာ၌ တောင်သူများ ဆောင်ရွက်ထားသော လျှိုပိတ်ဆည် ရှိခဲ့ပါက ကျိုးပေါက်နိုင်သည့်အတွက်  မြေပြင်စစ်ဆေး ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးရာ၌ လျှိုပိတ်ဆည် မရှိကြောင်း၊ မိုးရေကြီးခြင်းကြောင့် သာလျှင် ရေကြီးရေလျှံ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ မည်သည့်ဆည်တမံမှ ကျိုးပေါက်ခြင်းမရှိကြောင်း သိရသည်။ လက်ရှိ စက်တင်ဘာလ ၂၆ ရက်နေ့အထိ နေပြည်တော်ရှိ ဆည်တမံများအနက် ငလိုက်ဆည် တစ်ခုသာလျှင် ကန်ရေပြည့် အမှတ်ကို ရောက်ရှိနေ၍ ရေပိုလွှဲမှ ရေကျော်ခြင်းသာရှိကြောင်း၊ ပေါင်းလောင်းဆည်သည်လည်း ကန်ရေပြည့် အမှတ် (၅၃၅) ကိုမီရန် ၅ ပေခန့် လိုအပ်နေသေးပြီး ကျန်ဆည်အားလုံးမှာလည်း ကန်ရေပြည့် ရေဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။ ထူးခြားဖြစ်စဉ်နှင့် ချိန်ခါမဟုတ် မိုးရွာသွန်းမှုများအတွက် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ စီမံချက်များ ရေးဆွဲပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားများကို စုဖွဲ့ထားရှိပြီး ဖြစ်ပါ၍ လူထုမှ စိုးရိမ်ပူပန်ခြင်းမဖြစ်ရန် အသိပေးလိုကြောင်းနှင့် အချို့သော ကောလာဟလများကို အလွယ်တကူ မယုံကြည်ကြရန်နှင့် သိရှိလိုသည်များ ရှိပါက နေပြည်တော် ဆည်မြောင်းထိန်းသိမ်းရေးရုံး တာဝန်မှူး ဖုန်း-ဝ၆၇-၂၂ဝ၄၈ဝ သို့ ဆက်သွယ် စုံစမ်းနိုင်သကဲ့သို့ မိမိ၏ဖုန်း- ဝ၉-၈၃ဝဝ၈၁၈ ထံသို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ဆည်မြောင်းဌာန တာဝန်ရှိသူ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြားသည်။ အချို့သောသူများက ဖြစ်စဉ် အမှန်ကို တိကျစွာမသိဘဲ စာနယ်ဇင်းများထံသို့ မိမိတို့တစ်ဆင့် ကြားသိရ သည်များကို သတင်းပို့သောအခါ ရေးသူတို့က နားလည်မှု အလွဲအမှားများ ဖြစ်စေနိုင်သဖြင့် ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများသည် တောင်သူများနှင့် အမြဲထိတွေ့ ဆက်ဆံနေကြသည်ဖြစ်ရာ ဒေသခံလူထုများ၏ စိုးရိမ်ပူပန်မှုများကို ကူညီဖြေရှင်းပေးရန်အတွက် တောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများအနေဖြင့် ဆည်တမံများနှင့် ပတ်သက်၍ တွေ့ရှိချက်များ၊ ထူးခြားဖြစ်စဉ် သတင်းပို့လိုသည်များကို ဆည်မြောင်းဦးစီးဌာနမှ တောင်သူလယ်သမား မိတ်ဆွေ (Farmer Friend) ဝန်ထမ်းများကို ဆည်တမံနှင့် ရေသောက်စနစ်ရှိသော ဒေသများတွင် ခန့်ထားပြီး ဖြစ်၍ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

 .. www.MyanmarExpress.net

Posted by Arakan Man on 9/30/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ