နိုင်ငံရေး
သဘောတရားအရ (Political idea for good objective)၊ နိုင်ငံရေး အတွေးအခေါ် စိတ်ကူးစိတ်သန့်ကောင်းဟူ၍
အလိုအလျှောက် ဖြစ်ပေါ်သည့် အလေ့အထမရှိပေ။ ၄င်းလူမျိုး၏ နိုင်ငံရေး အတွေ့အကြုံ၊ အကျပ်အတည်း၊
ပဋိပက္ခ၊ အနိဋ္ဌါရုံ၊ ဖြတ်သန်းမှုသမိုင်း၊ ဒေသတွင်းနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊
ခေါင်းဆောင် များအပေါ်တွင် အခြေခံကာ အပြန်အလှန် ဆက်စပ် ခွဲခြမ်းစစ်ဖြာ ရှုးမြင်သုံးသပ်ခြင်းဖြင့်
နိုင်ငံရေး အတွေးအခေါ် ကောင်းများ ပေါ်ထွန်းလာကြသည်။ ၄င်းနိုင်ငံရေး အတွေးအခေါ်များ အပေါ်အခြေခံပြီး
အရည်အချင်းပြည့်ပို့၊ သမာသမတ် ကျသော မျိုးချစ်ခေါင်းဆောင်များက ဘောင်စေ့ ထောင့်စေ့
ထု့ ဆစ်မွန်းမံ မှသာလျှင် လက်ရာ မြောက်သော နိုင်ငံရေး ရုပ်လုံးပေါ် ထွန်းလာကြပါသည်။
တနည်းဆိုရသော် အစီုးရကောင်းများ ပေါ်ထွန်းလာခြင်းဖြစ်သည်။ အစိုးရကောင်းများ ဆိုသည်မှာ
ပြည်သူ များကရွေးရှယ် တင်မြှေက်ပြီး၊ တိုင်းသူပြည်သားများ၏ အကျိုးကိုသာ ရှေ့ရှုးဆောင်ရွက်၊
ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ကာ၊ ကျောသားရင်သား မခွဲခြားဘဲ၊ တရားမျှတစွာ ဥပဒေနှင့်အညီ
စီရင် အုပ်ချုပ်သော အစိုးရကိုဆိုလိုသည်။ အကြင်အစိုးရ ကောင်းပေါ်ပေါက်လာစေရန် ရခိုင်လူမျိုးများ
လွတ်လပ်ရေးကို အလျှင်တိုက်ယူကြရ ပေအုံးမည်။
လွတ်လပ်၊ တိုးတက်၊ အချုပ်အချာအာဏာပိုင်ဆိုင်သောနိုင်ငံတခုအဖြစ်
ဤကမ္ဘာကြီးတွင် ရပ်တည်နှိုင်ရန် လူမျိုးတမျိုးတွင် (national consciousness)၊ အမျိုးသား
အထွဋ္ဌ်တမြတ် မဏ္ဌိုင် များ၊ ခိုင်မာသည့် ယုံကြည် ချက်များနှင့် အမျိုးသားရေးနိုးကြားမှု့များရှိ
ကြရပေမည်။ ရခိုင်တို့ ၏နိုင်ငံရေး အထွဋ္ဌ်တမြတ် မဏ္ဌိုင် (political value) မှာ လွတ်လပ်ခြင်း၊
တရားမျှတခြင်း၊ လူ့သိက္ခာ သမာတိနှင့် အညီရပ်တည် နေထိုင်လိုကြခြင်းပင်ဖြစ်သည်။ လူမှု့ရေးမဏ္ဌိုင်
(social value) အဖြစ် အမျိုးသိလ နှစ်ဌာနကိုစောင့်သိခြင်း နှင့် အဖရခိုင်ပြည်ကြီးအပေါ်(territory
of integrity) ခံယူထားကြသည်မှာ ဗုဒ္ဒရှင်းတော် ကိုယ်တိုင် ကြွရောက်ချီး မြှင့်တော်မူ
ခဲ့သည့် ဗျာဋ္ဌိပ်မြေ ဖြစ်သည်။ မြင့်မြတ် တည်ကြည်သည့် သူတော်စင် သူတော်မြတ်၊ လက်ရုံးနှလုံး
သုတ ပြည့်စုံသော ရခိုင်အမျိုးသား ခေါင်းဆောင်များ ကိန်းအောင်းရာ မြေဖြစ်သည်။
ရခိုင်အမျိုးသား
နိုင်ငံရေး ဖြတ်သန်းမှု့အတိတ်သမိုင်း၊ လက်ရှိအနေအထား နှင့် အနာဂတ်မျှော်မှန်းချက် များကို
လေ့လာ ဆန်းစစ်ကြည့်ပါက အဆိုပါ မဏ္ဌိုင်ကြီးများကို ထင်ရှားစွာတွေ့ မြင်နှိုင်ပေသည်။
ဘိစိ ၃၃၂၅ မှ အေဒိ ၁၇၈၄ ခုထိ မင်းဆက်ပေါင်း ၂၄၃ ဆက်ဖြင့် ဓည၀တိ၊ ဝေသာလီ၊ လေးမြို့၊
မြောက်ဦး စသည့် ခောတ်ကြီး လေးခောတ်ဖြင့် နှစ်ပေါင်း ၅၀၀၀ ကျော် ရခိုင့်ဘုရင့်နိုင်ငံတော်ကို
တည်ထောင် ထိမ်းသိမ်း ကာကွယ်ခဲ့ ကြသည်။
အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးသမိုင်းကို
ပြန်ကြည့်မည် ဆိုလျှင် ခောတ် လေးခောတ်တွေ့ ရပေသည်။ ၁၇၈၄ ခု့ မှ ၁၈၄၃ ခု့ ဗိုလ်ချင်းပျံ၊
မင်းသားကြီး ရွှီဘန်း၊ မြို့သူကြီး အောင်ကျော်ဇံ၊ ဒေးဝမ်းအောင်ကျော်ရွှီ တို့ ဦးဆောင်တော်လှန်ခဲ့
ကြသည့် ဗမာနယ်ရှေ့နှင့် အင်္ဂလိပ်နယ်ရှေ့မောင်းထုတ်ရေး ရခိုင့်ဘုရင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊
၁၉၂၀ ခု မှ ၁၉၄၇ ခုထိ ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးစိန္ဒာ၊ ဆရာတော် ဦးပညာသိဟ၊ ဗိုလ်ကြီးကြာလှအောင်၊
ဘုံဘောက်သာကျော်၊ဦးသာကျော် အစရှိသည့် ခေါင်းဆောင်းများက အင်္ဂလိပ်၊ဂျပန် နှင့် ဗမာနယ်ရှေ့တိုက်ထုတ်ရေး
ရခိုင့်သမတ္တနိုင်ငံထူထောင်ရေး၊ ၁၉၄၈ ခု မှ ၁၉၆၂ ခု့ ထိ ရ.တ.ည ဦးဆောင်သည့် ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရရှိရေး၊ ပင်လုံစာချုပ်အကောင် အထည်ဖေါ် ဆောင်ရေး လှုပ်ရှားမှု့ ဖြစ်သည်။ ဦးကျောင်ဇံရွှိခေါင်းဆောင်သည့်
ရခိုင်ပြည်ကွန်မြူနစ် ပါတီ၏ ရခိုင်ပြည်လွတ်လပ်ရေးနှင့် ကွန်မြူနစ်နိုင်ငံတော် ထူထောင်ရေး
နှင့် ၁၉၇၀ မှ ယခု့ ကာလအထိ ကိုယ်ပိုင် လွတ်လပ်ရေး၊ အချုပ်အချာအာဏာ ပိုင်ဆိုင်ရေး နှင့်
ဒီမိုကရက်တစ် သမ္မတနိုင်ငံတော် ထူထောင်ရေးပင် ဖြစ်သည်။ ထင်ရှားသော ဗမာပြည်ကွန်မြူနစ်ပါတီ
ရခိုင်အမျိုးသား ခေါင်းဆောင်များမှာ ဦးကျော်မြ၊ ဦးမောင်တူနှင့် ဦးလှထွန်းဗိုလ် တို့ဖြစ်သည်။
ယခု့ နောက်ပိုင်းထင်ရှားသော တော်လှန်ရေးခေါင်းဆောင်းများမှာ
ဆရာစံကျော်ထွန်း (ကွယ်လွန်)၊ ဥက္ကဌ ခိုင်မိုးလင်း (ကွယ်လွန်)၊ ခိုင်ရာဇာ (ကွယ်လွန်)၊
၊ ဦးထိန်လင်း၊ ဦးထွန်းရွှေမောင်၊ အရှင်အရိယ၀ံသ၊ ဦးသိန်းဖေ၊ ဥက္ကဌ ခိုင်ရဲခိုင်၊ ဒေါက်တာခင်မောင်၊
အမျိုးသမီးခေါင်းဆောင် စောမြရာဇာလင်း နှင့် အခြား ထင်ရှားသောခေါင်းဆောင်များဖြစ်ကြပါသည်။
၁၉၉၀ ခု့ နှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင်
ရခိုင် ဒီမိုကရေစီအဖွဲချုက် ဥက္ကဌ ဒေါက်တာစောမြအောင်၊ ဦးအေးသာအောင်၊ ဦးဦးသာဘန်း နှင့်၂၀၁၀
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော RNDP မှ ဒေါက်တာ အေးမောင်တို့သည်ုအထူးထင်ရှားသော
ဒီမိုကရေစီ ခေါင်းဆောင်များဖြစ်ကြသည်။
၂၀၀၄ ခု့ ရခိုင်ပြည်အမျိုးသားကောင်စိ
(ANC) ဖွဲစည်းလှုပ်ရှားလာခြင်းသည် ၂၁ ရာစု့ ရခိုင်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးကို
ဒီမိုကရေစီ နည်းစနစ်မျာဖြင့်မွန်းမံကာ ပိုမော်ခောတ်မှိ တိုးတက် စေခဲ့သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်း၊
မဟာမိတ်များနှင့် အနီးကပ်ဆက်စပ် လှုပ်ရှားလာ နှိုင်ခဲ့သည်။ တနည်းတဖုံ ရခိုင်လူငယ်များကို
နိုင်ငံရေးနိုးကြားစေခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ်အတွက် ရခိုင်ပြည်ဖွဲစည်း အုပ်ချုပ်ပုံအခြေခံဥပဒေ
မူကြမ်းကို ရေဆွဲ နှိုင်ခဲ့ကြသည်။ ထောင်နှင့်ချီသော အမျီုးသားရေး နိုးကြားသည့် လူငယ်လူလပ်
ပိုင်းများကို အနောက်တိုင်းနှင့် ဥရောပနိုင်ငံများသို့ အခြေချနေထိုင်နှိုင်ရန် စွမ်းဆောင်
ပေးနှိုင်ခဲ့သည်။
သို့သော် ANC ၏ နိုင်ငံရေးဦးတည်ချက်များဖြစ်သော
ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ တန်းတူရေး၊ အချုပ်အချာ အာဏာပိုင်ဆိုင်ရေး ရရှိရန်အတွက်
ဆက်လက်ဆောင်ရွက် ကြရပေအုံးမည်။ အထူးသဖြင့် ANC ၏ နိုင်ငံရေး မဟာဗျူဟာများ ဖြစ်ကြသော
(၁) ရခိုင်နိုင်ငံရေး တော်လှန်းရေး အဖွဲအစည်းများ ညီညွတ်သည့် ANC မှသည် ရခိုင်တမျိုးသားလုံးညီညွတ်သည့်
ရခိုင်ပြည် အမျိုးသား ကွန်ကရက်သို့ (Arakan National Congress) နှင့် (၂) ထိုအမျိုးသားကွန်ကရက်မှသည်
ရခိုင်ပြည် အမျိုးသားအစိုးရ (Arakan National Government) ဖွဲစည်းနှိင်ရေး တို့ကိုဆက်လက်လုပ်ဆောင်ကြရ
ပေအုံးမည်။ ၄င်းအမျိုးသားအစိုးရ ဦးဆောင်ပြီး ဖက်ပေါင်းစုံနည်းပေါင်းစုံ၊ နိုင်ငံတကာ၊
သံတမံရေးရာ နည်းဗျူဟာများဖြင့်ပြည်တွင်း ပြည်ပဆက်စပ် လှုပ်ရှားကာ ရခိုင်ပြည် လွတ်လပ်ရေးကို
တိုက်ယူကြရ ပေအုံးမည်။
၁၉၈၈ခု နောက်ပိုင်း မြန်မာနိုင်ငံ၏ ပါတီစုံစနစ် ကျင့်သုံးရေး
နိုင်ငံရေး ရေစီးကြောင်း ပြောင်းလဲလာမှု့၊ ၁၉၉၄ ခု တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်လိုက်သော
ဆုံးဖြတ်ချက်များအရ တိုင်းရင်းသားများ၏ အခွင့်အရေးများ ရရှိရန်အတွက် လာမှု့၊ ၁၉၈၉ ခု
ဗိုလ်ရာဇာနှင့် NUPA ပါတိ ခေါင်ဆောင်များကို အိန္ဒယ စစ်တပ်က လုပ်ကြံသပ်ဖြတ်ပြီးနောက်
အားနည်းလာသော ရခိုင်နိုင်ငံရေးနှင့် ၁၉၉၀ ရွေကောက်တွင်အနိုင်ရ ပါတီ ရခိုင်ဒီမိုကရေစီ
အဖွဲချုပ်ကို အာဏာလွှဲပြောင်းမပေးခြင်း အပေါ်အခြေခံပြီး ခောတ်သစ် ရခိုင့်တော်လှန် ရေးကို
တဆင့်မြှင့်တင်နှိုင်ရန် ၂၀၀၁ ခုနှစ်တွင် မေရိကတိုက်ရောက် ရခိုင်များ ညီလာခံကိုနယူးယောက်မြို
့တွင် ကျင်းပခဲကြသည်။ ၄င်းညီလာခံတွင် ဖွဲစည်းအုပ်ပုံအခြေခံဥပဒေရေးဆွဲရေး၊ ရခိုင်အမျိုးသားညီလာခံ
ကျင်းပရေးနှင့် အမျိုးသားဗလသုံးတန် တည်းဆောက်ရေး နည်းဗျူဟာများကို ချမှတ်ခဲ့ကြသည်။
၎င်းတိုမှာ (၁) နယ်စပ်ဒေသတွင်အခြေခံ လှုပ်ရှားနေသည့် အင်အားများကို စု စည်းပြီး စစ်ရေ၊
နိုင်ငံရေးအင်အား (အထူးသဖြင့် ANC) တည်ဆောက်ရန်။ (၂) နိုင်ငံတကာတွင်ရောက်ရှိ နေကြသော
တပ်သိပညာရှင်များ၊ အလုပ်သမားများကို စုစည်းပြီး (အထူးသဖြင့် World Arakan
Organization-WAO) ဖွဲစည်းကာ စီးပွားရေး၊ လူမှု့ရေး၊ ရခိုင့်ယဉ်ကျေးမှု့၊ သမိုင်း၊ စာပေ၊
ဖွံဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ကာ ရခိုင်ပြည်ပြန်လည် ထူထောင်ရေး အတွက်ပြင်ဆင်ရန်။
(၃) ကမ္ဘာ့ရခိုင်ကျောင်းသား လူငယ်များ ကွန်ကရက် (World Arakanese Student and Youth
Congress-WASYC) ကိုဖွဲစည်းကာ သတင်းမိဒိယာ ကွန်ယက်၊ ပညာရေးနှင့် ခေါင်းဆောင်းသစ်များ
အဖြစ်နေရာ ယူလာနှိုရန်ပြင်ဆင်ရန်။ (၄) ရခိုင်ဘုန်းကြီးကျောင်းများ နိုင်ငံတကာတွင် ဖွင့်လှစ်
ထားရှိကာ သာသနာပြန့် ပွားရန်နှင့် (၅) ရခိုင်းလူမျိုးများ နိုင်ငံတကာတွင် အခြေချနှိုင်ရန်
လမ်းများဖွင့်ပေးရန် စသည့်ရှေ့ လုပ်ငန်းစဉ် များကိုချမှတ်ခဲ့ကြသည်။
အလားတူပင် ၂၀၀၁ခု တွင်ကာလကတ္တားမြို၌ (ALD၊ ALP၊ DPA၊
NUPA) လေးပါတီ အစည်းအဝေးကို ကျင်းပကာ ကျယ်ပြန့် သောညီလာခံကျင်းပပြီး အမျိုးသားညီညွတ်ရေးကို
တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြသည်။ အမေရိကတွင်ဖွဲစည်းလိုက်သော ညီလာခံကျင်းပရေး ကော်မတိနှင့်
ကာလကတ္တားတွင် ဖွဲစည်းလိုက်သော ကော်မတိတို့ ပူးပေါင်းကာ ၂၀၀၄ ခု နယူးဒေလိမြို့တွင် ရခိုင်အမျိုးသားအကြိုညီလာခံ
ကိုကျင်းပကာ အေအင်စီကို ဖွဲစည်းနှိုင်ခဲ့ကြသည်။
၎င်းအမျိုးသားဗလသုံးတန်ဖြင့် အပြန်အလှန်ဆက်စပ်ကာ
စည်းစနစ်ကျစွာ လှုပ်ရှားမည်ဆိုပါလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ၊ ဒေသတွင်းအခြေအနေနှင့်
ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲပေါ်တွင် အခြေခံပြီး ရခိုင်ပြည်၏အနာဂတ်သည် ရခိုင်များ အဆုံးအဖြတ်ပေးရမည့်
အခြေအနေသို့ မလွဲမသွယ် ရောက်ရှိလာပါမည်။
၁၉၄၈ ခု မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး
အချိန်ကစပြီး ယနေ့အချိန်ထိ ရခိုင်ခေါင်းဆောင်များ အဖွဲအစည်းများအကြားတွင် အငြမ်းပွားနေကြသော
နိုင်ငံရေးကိစ္စကြီး သုံးခုရှိသည်။ ၄င်းတို့မှာ (၁) ဗမာနှုင့်ပူးပေါင်းနေထိုင်ပြီး အစွမ်းရောက်မူဆလင်များ
(၀ါ) ရိုဟင်းဂျာများက ရခိုင်ပြည်ကို သီးခြားခွဲထုတ်ကာ အီဆလမ်နိုင်ငံ ထူထောင်ရန် ကြိုးစားနေကြခြင်းကို
ကာကွယ်နှိုင်မည်ဟု ခံယူထားသည့်အုပ်စု၊ (၂) မူဆလင်များနှင့်ပူးပေါင်းပြီး ဗမာများကို
ရခိုင်ပြည်မှတိုက်ထုပ်ကာ ရခိုင်နိုင်ငံတော်ထူထောင်ရန်နှင့် မူဆလင်ပြသနာကို နောင်ခါလာ
နောင်ခါဈေး ဖြေရှင်းရန်ယုံကြည်သည့် အုပ်စု နှင့် (၃) ရခိုင်သား အလုပ်ကိုရခိုင်သားများသာ
လုပ်ဆောင်ရေး (ရခိုင့်စွမ်းအားကိုရခိုင်သားများမြှင့်တင်ရေး) အလယ်အလပ် အမျိုးသားရေး
လမ်းစဉ်ကို ကိုင်စွဲထားသည့်အုပ်စုများဖြစ်ကြသည်။ ဤကိစ္စကြီးသုံးရပ်ကို ညှိးနိုင်း အဖြေရှာကြရပေဦးမည်။
အလယ်အလပ်လမ်းစဉ်ကိုရွေးရှယ် ရပေမည်။ ထိုမှသာအမျိုးသားရေးဝါဒ ခိုင်မာပြီး ကိုယ့်အားကိုယ်ကိုးသည့်
သခင်စိတ်များရင့်သန် လာပေမည်။
နောက်အရေးကြီးသော ရခိုင်တို့၏အငြမ်းပွားနေကြသောပြသနာ
အရပ်မှာ “ရိုဟိန်းဂျာ” ကိစ္စကို မည်သို့ကိုင်တွယ်ကြမည်နည်းဟူသည့်ပြသနာပင်ဖြစ်သည်။ (Conservative-ကောင်ဆာဗေးတစ်)
ရှေ့ရိုးစွဲဝါဒိ များက ၄င်းမူဆလင်များကို ရခိုင်ပြည်က အပြီးအပိုင်မောင်းထုတ်ပစ်ရမည်ဟု
့ခံယူထားကြသည်။ (Liberal-လိုင်ဘရယ်)တိုးတက်သော အမြင်ရှိသူများက လူဝင်မှု့ကြီးကြပ်ရေး
ဥပဒေအရ တရားနည်း လမ်းကျစွာဖြေရှင်းရန် စဉ်းစားလာကြသည်။ မည်သို့ပင်ဆိုစေကာမူ အစွမ်းရောက်မူဆလင်များက
ရခိုင်ပြည်ကို “ရိုဟင်ဂျာ သို့မဟုတ် အီစလမ်” နိုင်ငံထူထောင်ရန်ကြိုးစားနေကြခြင်းကို
ရခိုင်သားများ စိုးရိမ်နေ ကြသည်မှာ သဘာဝကျလှပေသည်။ ဤပြသနာသည် ၁၉၈၈ ခု နောက်ပိုင်း ရုပ်တရက်ပေါ်ပေါက်
လာသော ပြသနာမဟှုတ်ပေ။ မစ္စတာ မူဟင်းအလီဂျက်နက် (၁၉၄၈ ခု လွတ်လက်ရေးနှင့်အတူ ပါကစ္စတန်
ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ) ဦးဆောင်ပြီး အိန္ဒယနှင့် ပါကစ္စတန် သီးခြားလွတ်လပ်ရေး ရယူကာ
တောင်အာရှတွင် အီစလမ်း နိုင်ငံထူထောင်ရေးလှုပ်ရှားစဉ် ကာလကတည်းကပင်၊ ရခိုင်ပြည်ရှိမူဆလင်ခေါင်းဆောင်များက
မစ္စတာ ဂျက်နက် နှင့်တွေ့ ဆုံကာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်များကို အရှေ့ပါကစ္စတန်
(ယခု ဘင်္ဂလားဒျေ(ခ်ျ) နိုင်င်ငံတွင်ထည့်သွင်းရန် ဆွေးနွဲခဲ့ကြသည်။ ရခိုင်မူဆလင်အဖွဲချုပ်
(Arakan Muslim League) ကိုထူထောင်ကာ လက်နက်ကိုင် လှုပ်ရှားခဲ့ကြသည်။ ၄င်းအကျိုးဆက်များမှာ
မကြာမီက တိုင်းမဂ္ဂဇင်းတွင် ရခိုင်ပြည်အတွင်းနေထိုင်ကြသော တိုင်းရင်းများအဖြစ် “ရိုဟင်းဂျာ”
များသာဖြစ်သည်ဟို့ ဖေါ်ပြလာကြသည်။ အမေရိကန်အောက် လွှတ်တော်နှင့် ဗြိတိသျှလွှတ်တော်တွင်
ကြားနာတင်းသွင်းခြင်းခံလာ ကြရသည်။ အာရပ်နိုင်ငံများ၏ အကူအညီဖြင့် ယခုနှစ်မေလအတွင်းက
တာဂျီဆတန်နိုင်ငံ တွင် “Arakan Rohingya Union-ရခိုင်ရိုးဟိန်ဂျာ သမဂ္ဂ” ကို အဖွဲအစည်းသုံးဆယ်ကျော်ဖြင့်
ဖွဲစည်းကာ နိုင်ငံတကာတွင် ကျယ်ပြန့် စွာလှုပ်ရှား လျှက်ရှိသည်။
ဤပြသနာများကို ဖြေရှင်းရန်၂၀၀၄ ခု နယူးဒေလီ
ညီလာခံတွင် ပေါ်လစီ၊ ဗျူဟာနှင့်ရှေ့ဆက် လုပ်ငန်းစဉ် များကိုချမှတ်ခဲ့ကြသည်။ ရိုဟင်ဂျာဟုခေါ်တွင်ပြီး
သီးခြားတိုင်းပြည်ထူထောင်ရန် ကြိုးစားနေကြခြင်းမှာ နိုင်ငံရေးပြသနာ မဟုပ်၊ အင်္ဂလိပ်လက်ထက်ကတည်းကပင်
လူဝင်မှု့ကြီးကြပ်ရေး ပြသနာကြောင့် အစုလိုက်အပုံလိုက်ဝင်ရောက်လာခြင်းမှ စတင်သောပြသနာဖြစ်သည်။
သို့ သော် မူဆလင်အစွမ်းရောက်များက ရခိုင်သမိုင်းကိုလိမ်လည် ရေးသားပြီး ရခိုင်ပြည်ကို
မူဆလင်တိုင်းပြည် အဖြစ် သို့ ပြောင်းလဲရန်
ဝါဒဖြန့် ချီနေသည့်ကစ္စကို အလျှင်ရှင်းလင်းကြရပါမည်။ စစ်မှန်သောရခိုင်သမိုင်းကို အလျှင်
ရှင်းလင်းရမည်။ ရခိုင်သမိုင်းရှင်းလင်းပွဲများကို ကမ္ဘာအနှံပြု့ လုပ်ကြရမည်။ စါအုပ်များထုပ်ဝယ်ကြရမည်။
ဥပမာအားဖြင် ၂၀၀၅ ခု နှစ်ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်နှင့် အေအင်စီပူးတွဲပြုလုပ်သည့်
(Forgotten Kingdom of Arakan) ရခိုင်သမိုင်းရှင်းလင်းပွဲနှင့် ၂၀၀၉ ခု နှစ်တွင် အင်္ဂလန်နိုင်ငံရောက်
ရခိုင်များပြုလုပ်သည့် ရခိုင်သမိုင်းရှင်းလင်းပွဲ များကများစွာထိရောက်မှု့ရှိခဲ့ပေသည်။
သို့သော် ထိုသမိုင်းရှင်းလင်းပွဲများနှင့် မလုံလောက်သေးပေ။ အမေရိက၊ ဥရောပ၊ အာရှနိုင်ငံနှင့်
ရခိုင်ပြည်၊ ဗမာပြည်တို့ တွင် များစွာသော ရခိုင်သမိုင်း ရှင်းလင်းပွဲများ ပြု့လုပ်ကြရပေအုံးမည်။
တဖက်တွင် ရခိုင်နှင့်အေးအတူ ပူအမျှနေထိုင်လိုကြသော မူဆလင် များကို လူဝင်မှု့ကြီးကြပ်ရေး
ဥပဒေရှု့ထောင့်နှုင့် လူ့ အခွင့်အရေး ရှု့ထောင့်က စဉ်းစားကြရပေမည်။
အစွမ်းရောက်မူဆလင်များ၏ ရခိုင်ပြည်ကို
အီစလမ်တိုင်းပြည် ထူထောင်ရန်ကြိုးစားနေကြသည့် ရန်ကို လျှော့တွက်၍မရပေ။ ဆော်ဒီအာရေဘီးယား၊
မလေးရှား နှင့် ဘင်္ဂလားတွင် သိန်းပေါင်းများစွာရောက်ရှိနေသော မူဆလင်များ၊ ထိုင်း၊ အမေရိက၊
ဥရောပနှင့် အရှေ့အလည်ပိုင်း တွင်ရောက်ရှိနေ ကြသောနိုင်ငံရေး အဖွဲအစည်းများ ဆက်စပ်လှုပ်ရှားနေကြခြင်းသည်မှာ
အနာဂါတ်ရခိုင်လူမျိုးတည်တံ့ရေးကို စိန်ခေါ်နေပေသည်။
ရခိုင်နိုင်ငံရေးပါတီအဖွဲအစည်းများတွင်
တဖွဲ့တပါတိ ခေါင်းဆောင်တဦး ဖြင့်လုပ်ဆောင် မှသာအောင်မြင်မည်ဟု ခံယူကြသည့်
(conservative) ရှေ့ရိုးစွဲဝါဒိများ နှင့် အများစုဆန္ဒနှင့် စုပေါင်း ဦးဆောင်မှု့စနစ်ဖြင့်လုပ်ဆောင်မှသာ
အောင်မြင်မည်ဟု ယုံကြည်ကြသည့် (liberal) တိုးတက်သော အမြင်ရှိသောအုပ်စုဟု နှစ်မျိုးနှစ်စားတွေ့ ရှိနှိုင်သည်။ ကောင်ဆာဗေးတစ်တို
့သည် စစ်ရေးသည်သာလျှင် အဓိကဟုခံယူကြပြီး လိုင်ဘရယ်တို့ စစ်ရေးတို့သည် နိုင်ငံရေး သြဇာတည်ဆောက်
ရန် မရှိမဖြစ် လိုအပ်သော တိုက်ခိုက်ရေး၊ကာကွယ်ရေး အင်းတခုဖြစ်သည်ဟု ခံယူထားကြသည်။ အေအင်စီသည်
လိုင်ဘရယ် မူဝါဒ၌အခြေခံ ပေါက်ဖွာလာရကား၊ နိုင်ငံရေး၊ စစ်ရေးတွင်သာမက သံတမံရေး၊ သတင်းမိဒိယာ၊
မဟာမိတ် နှင့်နိုင်ငံတကာရေးရာများ၊ ပြည်တွင်းပြည်ပအင်အားများပါ အရေးကြီးကြောင်း ခံယူထားကြသည်။
အေအင်စီ၏ ခံယူချက်၊ ယုံကြည်ချက်၊ မျှော်မှန်းချက်အပြည့်ဖြင့် အလယ်အလပ် မျိုးချစ်ဝါဒတွင်
အခြေခံပြီးပေါက်ဖွားလာသော အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုကြီးဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်ပြီး အမျိုးသားအခြေခံအင်အားများ တောင့်တင်း၊ အရည်အချင်းပြည့်ဝလာမှသာလျှင် ရခိုင့်
ကံကြမ္မာကိုရခိုင်သားများဖန်တီးနှိုင်မည်ဟုယုံကြည်သည်။
ရခိုင်အဖွဲအစည်းများတွင်မည်ဟို့ပင်
မတူကွဲပြားမှုများရှိစေကာမူ ၄င်းအင်းအားများ၏တူညီသော အချက်မှာ ရခိုင်ပြည်ကို ရခိုင်သားများအုပ်ချုပ်ရေးပင်
ဖြစ်သည်။ မဟာဗျူဟာတူညီလျှင် နည်းဗျူဟာများကို အချိန်ယူ စိတ်ရှည်သည်းခံ ညှိနှိုင်းယူပြီး
တူညီသည့်အချက်များကို ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက မကြာသောကာလတွင် (Arakan
National Congress) ရခိုင်ပြည်အမျိုးသားကွန်ကရက်ကို ခ်ါယူကျင်းပ နှိုင်ကြပါလိမ္မည်။
လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ ပါတီအဖွဲအစည်းပေါင်းစုံ၊ ကျောင်းသား၊ လူငယ်၊ အမျိုးသမီး၊
အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ၊ တတ်သိပညာရှင်များပါမကျန် တမျိုးသားလုံးပါဝင်လှုပ်ရှားနှိုင်သည့်
ကွန်ကရက်ဖွဲစည်းနှိုင်မှသာလျှင် ရခိုင်လူမျိုး များ၏ အနာဂါတ်လွတ်မြောက်ရေးကို မျှော်မှန်းနှိုင်မည်ဖြစ်သည်။
လက်ရှိလုပ်ဆောင်နေကြသော အေအင်စီ၊ အေအလ်ပိ၊ ဒိပိအေ၊ အန်ယူပိအေ၊ အေအလ်ဒီ၊ ရခိုင်အမျိုးသားဖွံဖြိုးရေး
ပါတီတို့သည် အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု၏ အမြူတည် ပါတိအဖွဲ့အစည်းများသာ ဖြစ်သည်။
ထိုအမြူတည်ပါတိ အဖွဲအစည်း များဖြင့်စုစည်း တည်ဆောက်ထားသည့် အင်အားကြီးမားသည့် အမျိုးသားအင်အား
(national institute) သာလျှင် အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ကိုစွမ်းဆောင်နှိုင်မည်ဖြစ်သည်။
ထိုအခြေအနေကို မရောက်မှီကြားကာလအတွင်း လက်ရှိ မည်သည့်ပါတိအဖွဲအစည်းကမှ တမျိုးသားလုံး
ညီညွတ်ရေးနှင့် ရခိုင်ပြည်လွတ်လပ်ရေးကို စွမ်းဆောင် ပေးနှိုင်လိမ္မည်မဟှုတ်ပေ။
၎င်းကွန်ကရက်ပေါ်ပေါက်လာစေရန် အေအင်စိ၏
ပထမအဆင့် ကြိုးစားဆောင်ရွက်ချက်မှာ ၂၀၀၆ ခု နှင့် ၂၀၁၁ ခု တွင် ရခိုင်၊အိန္ဒယ၊ ဘင်္ဂလား သုံးပွင့်ဆိုင်သည့် နေရာတခု့တွင်
စစ်အင်အား ၅၀၀ ဖြင့် အခြေခံထိမ်းချုပ်နယ်မြေ ထားရှိပြီး စစ်ရေး နိုင်ငံရေး တည်ဆောက်ကာ
ပြည်တွင်းထိုးဖေါက်ရေး၊ စည်းရုံးရေး၊ လူထုအကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရေး နှင့်သင်တန်း
ကျောင်းများဖွင့်လှစ်ရန် အပတ်တကုပ် ကြိုးစားခဲ့ကြသည်။ သို့ ရာတွင် ၂၀၀၇ ခု နှစ်
ANC-S & ARRC ရုံးကို အကြမ်းဖက်ဝင်ရောက် သိမ်းပစ်ခြင်း နှင့် ၂၀၁၁ ခု နှစ်တွင်တဖန်
မဆင်မခြင် ခေါင်းဆောင်များကို ရဲတိုင်ဖမ်းဆီး၊ ရုံးကိုသိမ်းပစ်ကြခြင်းတို့သည် အမျိုးသားလွတ်မြောက်ရေး
လှုပ်ရှားမှု လုပ်ငန်းများ နှင့် အမျိုးသားကွန်ကရက် ပေါ်ပေါက်ရေး လုပ်ငန်းစဉ် များကို
အထူးထိခိုက်စေခဲ့သည်။ ရခိုင်လူမျိုးများကို ကျွန်သက်ရှည်စေရန် တနည်းတဖုံ ပံ့ပိုးပေးရာ
ရောက်ပေသည်။ အကယ်၍ ထိုလုပ်ငန်းများအောင် မြင်ခဲ့ပါက အေအင်စီသည် ၂၀၁၃ တွင် ကမ္ဘာ့ရခိုင်များ
ညီလာခံကိုခေါ်ယူကာ ရခိုင်အမျိုးသား ကွန်ကရက်ကိုဖွဲစည်းနှိင်မည်ဖြစ်သည်။
တဖက်တွင် အေအင်စီ နှစ်ခြမ်းကွဲခဲ့ခြင်း၊
အန်ယူပိအေ နှစ်ခြမ်းကွဲခဲ့ခြင်း၊ အေအာလ်ပိပါတိ အေအင်စိက နှုပ်ထွက်ခဲ့ခြင်းတို့ သည်
အေအင်စီ၏ မဟာဗျူဟာမြောက် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု့ လုပ်ငန်းစဉ် များကို
နှောင့်နှေးစေခဲ့သည်။ သို့ရာတွင် အေအင်စီကချမှတ်ထားသော ပေါ်လစီ၊ မူဝါဒ လမ်းစဉ်နှင့်
ဗျူဟာ များသည် လက်တွေ့ကျပြီး ခောတ်စနစ်နှင့် ကိုက်ညီကာ ရခိုင်တမျိုးသားလုံး၏ ဆန္ဒ၊ လိုလားချက်များနှင့်
ယနေ့အချိန်ထိ ကိုက်ညီဟပ်စပ်နေပေသည်။ အချိန်အတိုင်းအတာတခုထိ အေအင်စီခေါင်းဆောင်းများ
ကြံ့ကြံ့ခံရပ်တည်ကာ ထိုအကျပ် အတည်းများကို ကျော်လွှားကာ အေအင်စီနှစ်ခြပ်း ပေါင်းပြီး
ကချင်၊ ကရင်၊ ကရင်နီဒေသရှိ ရခိုင်လူငယ်တပ် များနှင့် လက်တွဲကာ ပြည်တွင်း ပြည်ပအင်အားများ၊
တပ်သိပညာရှင်များနှင့် ညှိနှိုင်းကာ ကွန်ကရက် ညီလာခံကို ခေါ်ယူကျင်းပနှိုင်မည် ဆိုလျှင်
ရခိုင်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်မှုဗျူဟာ ပထမအဆင့်အောင်ပြင်ပြီဟုဆိုနှိုင်ပေသည်။
ဤကြားကာလတွင် အေအင်စီကချမှတ် ကျင်းသုံးနေသည့်
ရင်တွင်းဆွဲသွင်းရေးမူကို အားလုံး ကျေညက်ကြရန်နှင့် လိုက်နာကျင့်သုံးကြရန်လိုအပ်ပေသည်။
မည်သူမပါရ၊ မည်သည့်အဖွဲအစည်းကို မသွင်းရ စသည်ဖြင့် ဘက်ဘောင် ခွဲခြားမှုများကို စွန့်လွှတ်ကာ
ရခိုင်အမျိုးသားလွတ်မြောက်ရေး အတွက်လှုပ်ရှား စွမ်းဆောင် နေကြသူများ၊ အဖွဲအစည်းမှန်သမျှ
နေရာအလိုက်၊ အဆင့်အလိုက်ပါဝင် ခွင့်ပေးကြရပေမည်။ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးကြရပေမည်။
အနည်းစုဆန္ဒကို အသိအမှတ်ပြုပြီး အများဆန္ဒကို အကောင်အထည် ဖေါ်ကြရပေမည်။ ထိုမှတဆင့်နားလည်မှုရယူကာ
ခိုင်မာသည့် အပြန်အလှန်ယုံကြည်မှု တည်ဆောက် ကြရပေမည်။
တဖန်ရခိုင်နိုင်ငံရေး
အသိုင်းအ၀ိုင်းတွင် အငြမ်းပွားလျှက်ရှိကြသည်မှာ ရခိုင်ပြည်သည် အလွန်သေး ငယ်သည့်အတွက်
ကိုယ်ပိုင်နိုင်ငံထူထောင်ရန် ဖြစ်နှိုင်ပါမည်လား ဟူသည့်ကိစ္စပင်ဖြစ်သည်။ အိမ်နီးချင်း
နိုင်ငံများ ဖြစ်ကြသော ဘင်္ဂလားနှင့် အိန္ဒယနိုင်ငံတို့တွင်အဆမတန် တိုးပွားလာသော လူဦးရည်
နှင့် ရခိုင်ပြည်သို့ လှိမ် ၀င်လာသော မူဆလင်မျာရံကိုကာကွယ်နှိုင်ပါမည်လား စသည့်မရှင်းမလင်းသည့်ငြမ်းခုံမှု့
များရှိနေကြပါသည်။
ရခိုင်ပြည်သည် အချုပ်အချာနိုင်ငံအဖြစ်ရပ်တည်ပါက
နှစ် ၂၀ တတွင်း စင်္ကာပူနိုင်ငံထက် တိုးတက်လာမည် ဖြစ်သည်။ ပေါများသော သယံဇာတ၊ ရေနံနှင့်
သဘာဝဓါတ်ငွေ့စသော (Natural resources )များ ၊ ရိုးသား ကြိုးစား ထက်မြက်သော လူသားရင်းမြစ်
(Human resources)တို့သည် ထိုဖွံဖြိုးတိုးတက်မှုတို့၏အခြေခံများပင်ဖြစ်သည်။ စက်မှု၊ နည်းပညာနှင့်
ငွေအရင်းအနီးများသည် ဤခောတ်တွင်ရှားပါးခက်ခဲသော အရာများမဟှုတ်တော့ပေ။
နိုင်ငံတကာ ဥပဒေကြောင်းအရ ရခိုင်ပြည်သည်
ကုလသမဂ္ဂအဖွဲဝင် နိုင်ငံဖြစ်လာသည့်အတွက် တဖက်ကျူးကျော်ရန်ကို ကာကွယ်နှိုင်ပါသည်။ ကြေး၊ရေ၊လေ
ကာကွယ်ရေး တပ်များက စနစ်တကျ အကာအကွယ်ပေးနှိင်ပါသည်။
လူဝင်မှု့ကြီးကြပ်ရေး ဌာနများသည်လည်း
ရခိုင်ပြည်ထဲရေး ၀န်ကြီးအောက်တွင်ရှိရကား လူဝင်မှု့ကြီးကြပ်ရေး ဥပဒေနှင့် စနစ်ကို သေချာစွာချမှတ်
ထိမ်းချုပ်ပါက တိုင်းပြည်၏လူဝင်မှု့ စနစ်ကို ထိမ်းချုပ် နိုင်ပါသည်။ ထိုလွတ်လပ်ခိုင်မာသော
နိုင်ငံဖြစ်လာမှသာလှင် ရခိုင်လူမျိုးများ ကမ္ဘာအလယ်တွင် သိက္ခာရှိစွာ ရပ်တည်လာနှိုင်ကြပေလိမ္မည်။
အရှင်းဆုံးဆိုရလျှင် “ရခိုင်ပြည်ကို ရခိုင်သားများသာ အုပ်ချုပ်ရလျှင် လူ၊နပ်၊ ဗြမ္မာ
သတ္တ၀ါအားလုံး ငြိမ်းချမ်းပျောင်ရွှင်မှု့အလုံးစုံကို ဖြည့်စည်းပေးနှိုင်သည့် ဘုံမိနပ်သံမြေ”
ဖြစ်လာမည်မှာ မြေကြီးလက်ခပ်မလွဲပေ။
ယခင်သမိုင်းတလျှောက်တွင် ရခိုင်ဘုရင်မင်းမြတ်များအုပ်ချုပ်ရေးကို
ပြန်ကြည့်လျှင် နိုင်ငံတော်ကို ကာကွယ်အုပ်ချုပ်နှိုင်ရုံသာမက အနောက်တွင် ဘင်္ဂလား၊ မဂိုအင်ပါယာနှင့်
အရှေ့ တွင် သံလျှင်၊ ပဲခူး၊ ဇင်းမေ (ယခု့ ချင်းမိုင်၊ ထိုင်းနိုင်ငံ) နှင့် မာလာကာ
(မလေးရှားနိုင်ငံ) ကိုပင်လျှင် သြဇာသက်ရောက် ခဲ့ကြသည်။ အုပ်ချုပ်ခဲ့ကြသည်။ အာရပ်၊ ပေါ်တူဂီ၊
ဒျေ(ခ်ျ) တို့ နှင် သံတမံရေး၊ စစ်ရေးနှင့် ကုန်ကူးသန်းရောင်းဝယ်ရေ အပါအ၀င် ယဉ်ကျေးမှုနှင့်
သိပံ္ပနည်းပညာများကို ဖလှယ်ခဲ့ကြသည်။ ဂျပန်ဆာမူရိုင်းများကိုပင်လျှင် ကြေးစားစစ်သားများ
ခန့်အပ်ကာ ဘုရင့်ကာကွယ်ရေးတပ်များကို အင်အား ဖြည့်တင်းနှိုင်ခဲ့သည်။
နောက်ဆုံးအုပ်ချုပ်ခဲ့သော မဟာသမ္မတရာဇာမင်းသည်
နိုင်ငံတကာ ဗဟုသုတပြည့်စုံ သူတဦးဖြစ်သည်။ စည်းမျဉ်းခံဘုရင် စနစ်ကိုကျင်းသုံးကာ နန်းတော်ရှေ့တွင်
ဟစ်တိုင်များထားရှိပြီး ပြည်သူလူထုအသံ ကိုနားထောင်ကာ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော
မင်းမြတ်တပါး ဖြစ်ပါသည်။ မဟာသမ္မတရာဇာမင်း နှင့်ခောတ်ပြိုင် ၁၇၇၆ ခုတွင် အမေရီကန်တို့သည်
အင်္ဂလိပ်ကို လွတ်လပ်ရေး ကျေညာခဲ့သည်။ ၀ိထူရီယဘုရင်မသြဇာကို ဖိဆန်ခဲ့ကြသည်။ ရခိုင်ပြည်ဗမာလက်အောက်သို့
ကျရောက်ပြီး သုံနှစ်အကြာတွင် အမေရိကန်တောင်လှန်ရေး ခေါင်းဆောင်များ ၁၇၈၇ ခုနှစ်တွင်
ဖေလိတာဖီးယား၌ ဖွဲစည်းအုပ်ပုံအခြေခံဥပဒေ ကို ရေးဆွဲကာ သမ္မတစနစ်ကိုကျင့်သုံးခဲကြသည်။
၁၇၉၀ ခု ပြင်သစ်တော်လှန်ရေး ဖြင့် လူဝီဘုရင်ကို ခေါင်းဖြတ်သတ်ကာ ပြည်သူ့နိုင်ငံတော်မတည်
ထောင်မှီကတည်းကပင် ရခိုင်တို့သည် စည်းမျဉ်းခံဘုရင် အုပ်ချုပ်ရေး စနစ်ကိုပြုပြင်ပြောင်းလဲတည်ဆောက်
အုပ်ချုပ်ခဲ့ကြသည်။
အလားတူပင်
လက်ရှိကာလ ၂၁ ရာစု အမျိုးသားလွတ်မြောက်ရေး၊ရခိုင်သမ္မတနိုင်ငံတော် ထူထောင်ရေးကို ဦးဆောင်နေကြသော
ရခိုင်ခေါင်းဆောင်းများသည် ကမ္ဘာ့ နိုင်ငံရေးအခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအခြေအနေ၊
မြန်မာပြည်နိုင်ငံရေး အခြေအနေ၊ ဘ၀တူချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ကရင်နီနှင့် အခြားတိုင်းရင်းသားများ၏
နိုင်ငံရေ အခြေအနေနှင့် ရခိုင်တလူမျိုးသားလုံး လိုလားချက်ဆန္ဒကို သိနားလည်သော ခေါင်းဆောင်များဖြစ်ကြသည်။
အိန္ဒယနှင်တရုပ် အင်အားကြီးထွားလာမှု၊ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် တရုပ်တို့
စီးပွါရေး စစ်ရေး နိုင်ငံရေး အားပြိုင်လာမှု့ကြောင့်ပေါ်ပေါက်လာ မည့်နိုင်ငံရေး အခွင့်အလမ်းများ။
တဖက်တွင်ရခိုင်မှ တရုပ်နိုင်ငံသို့ဖေါက်လုပ်မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကြီးများနှင့်
ဆက်နွယ်သည့် ၂၁ ရာစုလောင်စာဆီ ပဋိပက္ခကြောင့် ပေါ်ထွန်းလာမည့် နိုင်ငံရေး အခွင့်အရေးများနှင့်
အမျိုးသားရေနိုးကြားလာသော ရခိုင်လူမျိုးများ၏ အခြေအနေကို အမှီအရဆုပ်ကိုင်ကာ လက်ရှိ
ခေါင်းဆောင်များအနေဖြင့် အမျိုးသားလွတ်မြောက်ရေး လမ်းစများကိုရှာဖွေမှသာလျှင် အကျိုးရှိမည်ဟု
ယုံကြည်ထားကြသည်။ ဒီရေသည်လူကို မစောင့်သကဲ့သို့ ဒေသတွင်းနိုင်ငံရေးပြောင်းလဲမှုနှင့်
အမျိုးသား လွတ်မြောက်ရေး အခွင့်အလမ်းများသည်လည်း ကျွနှုပ်တို့ကို စောင့်ဆိုင်းနေလိမ္မည်မဟှုတ်ပေ။
လုပ်သင့် လုပ်ထိုက်သော အလုပ်ကို လုပ်ရမည့်အချိန်တွင်ရဲရင့် ပြတ်သားစွာလုပ်ဆောင်ကြရပေလိမ္မည်။
ရခိုင်တို့သည် နှစ်ပေါင်းငါးထောင်ကျော် ကိုယ်ထီးကိုယ်နန်း
ကိုယ့်မင်းကိုယ့်ချင်းနှင့်နေလာခဲ့ သည့်ရွှေခောတ်၊ နှစ်ပေါင်းသုံရာနီးကပါး ခါးသည်းနာကျည်းစွာ
ကျွန်ပြုအုပ်ချုပ်ခံနေရသည့် အနှိမ်ခံကျွန်ဘ၀၊ နှင့် လက်ရှိအမျိုးသားလွတ်မြောက်ရေး
လှုပ်ရှားမှု့ ခောတ်သမိုင်း၏ အနိဌာရုံ၊ ဆိုးမွေ၊ ပဋိပက္ခ၊ အကျပ် အတည်းများနှင့် အနာဂတ်မျှော်မှန်းချက်များသည်
ယခုအခါ စုစည်းပေါင်းဆုံကာ ရခိုင်အမျိုးသား လွတ်မြောက်ရေး သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်ရန်
တောင်းဆိုနေပြီဖြစ်သည်။
ထိုအမျိုးသားလွတ်မြောက်ရေးလမ်းစ များကိုရှာဖွေနှိုင်ရန်
“ရခိုင်အမျိုးသားနိုင်ငံရေး ပကတိဖြစ်စဉ်ကို နိုင်ငံရေအရ ရှု့မြင်ခြင်း (သို့) အမျိုးသားလွတ်မြောက်ရေး
လမ်းစရှာဖွေခြင်း” စာတမ်းဖြင့် အတိတ်၊ ပစ္စုပ္ပန်၊အနာဂါတ် သုံးပိုင်းခွဲကာ အခန်း ၂၀ ဖြင့်
ရေးသားတင်ပြထားပါသည်။ ဆက်လက်ပြီး ရခိုင့်ဘုရင့်နိုင်ငံတော် တည်တန်းစဉ်အခါက နိုင်ငံရေး၊
အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ဘာသာရေး လူမှုရေး နှင့် လူဦးရေတိုးပွားတို့ကို ဆက်လက်
ဖေါ်ပြလားပါမည်။
(မှတ်ချက်)
။ ။ဤစာတန်းတွင်ထည့်သွင်းရေးသားတင်ပြချက်များသည် စာရေးသူ၏အာပေါ်သာဖြစ်သည်။ မည့်သည့်အဖွဲအစည်းနှင့်မျှမသက်ဆိုင်ပေ။
ညီညီလွင်
(၂၇၊၀၇၊၂၀၁၁)


0 comments