Related Posts Plugin for WordPress, Blogger...

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် ၂ ခု ပူးပေါင်းတပ် နှင့်အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ် ပွါးရာ အစိုးရဘက်မှ ၅ ဦး ကျဆုံးကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
“ မနေ့ကတည်းကဖြစ်တာ တိုက်ပွဲက။ မနေ့က ညနေပိုင်း တကြိမ်ဖြစ်တယ်။  သျှမ်းတပ်က ကိုယ်ယောင် ဖျောက်လိုက်တယ်။ ဗမာတပ်က လိုက်ရှာတယ်။ ဒီမနက် ၁၀ နာရီမှာ ပက်ပင်းပြန်တိုးတယ်။ တိုက်ပွဲ  ၁ နာရီကြာပြန်ဖြစ်တယ်။ တပ်မတော် ဘက်က ၅ ယောက်ကျတယ်။ အနည်းအကျဉ်း ဒဏ်ရာရ တယ်။ ဆေးရုံတော့မရောက်ကြဘူး” ကျောက်မဲမြို့နေ ပြည်သူ့စစ်တပ်ဖွဲ့ ဝင် တဦးကပြောသည်။
သျှမ်းပြည်တိုးတက်ရေးပါတီမှ တပ်သားများ (ဓါတ်ပုံ- SSPP/SSA)
သျှမ်းပြည်တိုးတက်ရေးပါတီမှ တပ်သားများ (ဓါတ်ပုံ- SSPP/SSA)
ယမန်နေ့က အစိုးရတပ်မတော် ခမရ ၅၀၁ က သျှမ်းပြည်တပ်မတော်  ၂ ခု ပူးပေါင်းလှုပ်ရှားတပ်ဖွဲ့နှင့် ပက်ပင်းတိုးမိ၍ တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်း၊ ယနေ့မနက် ၁၀ နာရီမှ ၁၁ နာရီအထိလည်း ၅၀၁ နှင့်အတူ ၅၀၅ က ပူးပေါင်းကာ တောနင်းတိုက်ခိုက်သဖြင့် သျှမ်းပြည်တပ်မတော်နှင့်ထပ်မံဖြစ်ပွါးခြင်းဖြစ်ကြောင်း ၎င်းကပြောပါသည်။
သီပေါမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဝမ့်ပေါ်ရွာနှင့် ဝမ့်ခေကွိုင်းရွာကြားတွင် တိုက်ပွဲဖြစ် ပွါးခြင်းဖြစ် သည်ဟု ဒေသတွင်းနေ ဦးအိုက်နု က သျှမ်းသံတော်ဆင့်အား ပြောသည်။
“ ကျနော်တို့ရွာနားကို ဒီမနက်စောစော မြန်မာစစ်ကြောင်း ဖြတ်သွားတယ်။ မကြာပါဘူး သေနတ်သံကြား တော့တာဘဲ။ သူတို့တိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့ မနီးတော့ သိပ်စိတ်မပူရပါဘူး။ မြန်မာစစ်ကြောင်းက ပူးပေါင်းတပ်လေ။ တကြောင်းမှာ ၄၀- ၅၀ ထက်မနည်းဘူး။ သျှမ်းတပ်ကလဲ ၂ ဖွဲ့ပူးပေါင်းထားတဲ့ တပ်ပေါ့။  အသေအပျောက်မရှိဘူး မနေ့က” ဟု စိုင်းအိုက်နုက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ၂  ဖွဲ့စလုံးမှ ပြောခွင့်ရပုဂ္ဂိုလ်များက မကြား သိရသေး ကြောင်း ပြောဆိုပါသည်။
တရုတ်-မြန်မာ ဂက်စ်ပိုက်လိုင်းဖြတ်သန်းသွားသည့် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် ၂ ခုအပြင် ဒေသတွင်းပြည်သူ့စစ်တပ်ဖွဲ့ တို့ပါ လှုပ်ရှားနေသည်ဖြစ်ရာ အစိုးရတပ်မတော်က ဂက်စ်ပိုက်လိုင်းအတွက် လုံခြုံရေးအထူးတင်းကျပ်ချထားသော ဒေသဖြစ်ပါသည်။


သျှမ်းသံတော်ဆင့်သတင်း 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ