Related Posts Plugin for WordPress, Blogger...


လေးစားအပ်တယ် ရခိုင်သူသားများနှင့် တိုင်းရင်းသားအပေါင်းတို့

ယနေ့ထုတ်လွင့်သော BBC မြန်မာပိုင်းအစီအစဉ်၏ ညနေပိုင်း အစီအစဉ်တွင် ဒေါ်နန်းချယ်ရီခန်း၏ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသား ညီနောင် ၅ပါတီ တွေ့ဆုံမှုတွင် ရိုဟင်ဂျာတိုင်းရင်းသားများဟု သုံးနှုန်းပြီး တင်ဆက်မှုသည် မြန်မာနိုင်ငံ အတွင်း နေထိုင်သော ဘင်္ဂလားဒေရှ့် နိုင်ငံသား နိုင်ငံခြားသား ဘင်္ဂလီလူမျိုး များအားမြန်မာနိုင်ငံတွင်းရှိ တိုင်းရင်း သားများဟု ခေါ်ဝေါ်သုံးစွဲသွားမှုမှာဒေါ်နန်းချယ်ရီခန်း၏ အလွန် တရာ တာဝန်မဲ့ စွာသုံးနှုန်းခဲ့ခြင်းဖြစ် ပါသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားများသမိုင်းကို မည်သည့်တလုံးတပါဒမှ မသိ၊နားမလည်ဘဲ တာဝန်မဲ့စွာ ထုတ်လွင့်ခဲ့မှုအား ကန့်ကွက်ချူပ်ချ ကြောင်း
နှင့် ၄င်းအသုံးအနှုန်းနှင့် ပတ်သက် ပြီး ဖြေရှင်းချက်ပေးပါရန် သဘောထားထုတ်ပြန်အပ်ပါသည်။

Miss Anna Jonne ဆိုသော နိုင်ငံခြားသူတစ်ယောက်မှလဲ လွန်ခဲ့တဲ့နှစ်ကမြန်မာနိုင်ငံမြေပုံတွင် ရခိုင်ပြည်နယ်အား ဖေါ်ပြရာတွင် ရိုဟင်ဂျာ ဟုဖေါ်ပြခဲ့ သည့်အတွက် ၄င်းမိန်းမအား တကမ္ဘာလုံးမှမြန်မာနိုင်ငံသားအားလုံး ကန့်ကွက် ခဲ့ကြသည်ဆိုခြင်းအား ဒေါ်နန်းချယ်ရီခန်း အသိဆုံးဖြစ်မည်ဟု ယုံကြည်ပါ သည်။ ထိုသို့သိရှိပါလျက်နှင့် ယခုကဲ့သို့တိုင်းရင်းသား၅ပါတီ တွေ့ဆုံမှုတွင် ရိုဟင်ဂျာ တိုင်းရင်းသားဟု အဘယ်ကြောင့် ပြောဆို သည်ကို ဖြေရှင်းချက်ပေးရန်နှင့် ၄င်းသုံးနှုန်းခဲ့ခြင်းအားရခိုင်သူ/သားများအားလုံးနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားများအားလုံး Miss Anna Jonne အား တိုက်ထုတ်သကဲ့သို့မြန်မာနိုင်ငံတွင်းတိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားသားများအားအတင်းအဓမ္မ တိုင်းရင်းသားအဖြစ် အသံလွှင့်နေသော BBC အသံလွှင့်ဌါနအားလည်းကန့်ကွက်ကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

မြန်မာတိုင်းရင်းသားအားလုံးမြေမျို၍လူမျိုးမပျောက်ပါ လူမျိုမှလူမျိုးပျောက်ပါမည် ထို့ကြောင့်ရခိုင်တိုင်းရင်းသားများ၏ အန္တရယ်ဖြစ်သော ဘင်္ဂလားဒေရှ့်နိုင်ငံ၏ လူဦးရေပေါက်ကွဲမှုကြောင့် ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နိုင်ငံခြားသားများ၏ လိမ်လည်မှုကဏ္ဍများအား အမြဲတမ်းထုတ်လွင့်နေသော BBC အသံလွင့်ဌါန၏ တာဝန်မဲ့မှုနှင့် ဒေါ်နန်းချယ်ရီခန်း၏ မြန်မာနိုင်ငံသားမပီသမှုအား အပြင်းအထန်ကန့်ကွက်ပါသည်။`ဒေါ်နန်းချယ်ရီခန်းအားလည်း မေးလိုပါသည် မိမိနေထိုင်သော ဘိုးစဉ်ဘောင်ဆက်ပိုင်လာသော အိမ်အား တခြားလူက ကျူးကျော်ပြီး ဒီအိမ်ဟာငါ့အိမ်ပါလို့ ပြောပြီး အိမ်ပေါ်မှမဆင်းဘဲ နေထိုင်သောသူအားဒေါ်နန်းချယ်ရီခန်း အနေနှင့် ၄င်းလူအား မည်သို့တုန့်ပြန်မည်နည်း ဆိုသည့်မေးခွန်းကိုသာ မေးလိုပါတော့သည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားတို့၏ လူမျိုခံနေရခြင်းကို သိရှိနိုင်ရန် သမိုင်းကို များများလေ့လာပါ လို့ တိုက်တွန်းလိုပါသည်။

နှစ်သစ်နှင့်အတူ မြန်မာနိုင်ငံအတွင်းနေထိုင်သော တိုင်းရင်းသားလူမျိုး ၁၃၅လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ဆုတောင်းလျက်

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

မြတ်နိုင်

Posted by Unknown on 9/07/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ