Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်
သမားတွေအတွက် ယာယီနိုင်ငံကူး လက်
မှတ်ကနေ ၄ နှစ် သက်တမ်းပြည့်ပြီး သာမန်
 နိုင်ငံကူးလက်မှတ် ပြောင်းလဲ လုပ်ဆောင်
တာနဲ့ ပတ်သက်လို့ ငွေကြေး ပြောင်းလဲကောက်


ခံကြောင်း အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဘန်ကောက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ငွေကြေး ဘတ် ၅၀၀ ကောက်ခံရာကနေ လုံးဝ မကောက်ခံတော့ဘဲ အခမဲ့ ၀န်ဆောင်မှု ပေသွားမယ်လို့ မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတွေမှာတော့ ဘတ် ၂၀၀ ကောက်ခံနေရာကနေ ဘတ် ၇၀၀ အထိ တိုးမြှင့်ကောက်ခံတယ်လို့ ပါရှိပါတယ်။

ပြောင်းလဲကောက်ခံတဲ့ နှုန်းထားတွေကတော့ နိုင်ငံသားစိစစ်ရေးအတွက် လျှောက်လွှာတင်ချိန် ကောက်ခံတဲ့ငွေကြေး ဘတ် ၅၀၀၊ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ယူချိန် ကောက်ခံရမည့် ငွေကြေး ဘတ် ၁၀၃၀၊ one stop service တွေမှာ ပြည်ပအလုပ်အကိုင် အလုပ်သမားကတ် ထုတ်ယူဖို့ ကောက်ခံငွေ ဘတ် ၇၀ အသီးသီး ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ယာယီကနေ သာမန်နိုင်ငံကူး လက်မှတ် မပြောင်းချင်သူတွေအတွက် အလုပ်သမားကတ်ပြား ထုတ်ယူချိန် ဘတ် ၇၀၀ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ နိုင်ငံကူးလက်မှတ် ထုတ်ယူခဲ့တဲ့ ၄ နှစ်ပြည့် သူတွေရဲ့ အလုပ်သမားကတ်အတွက်ကတော့ ဘတ် ၆၀၀ ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။

DVB(မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ