Related Posts Plugin for WordPress, Blogger...

ရှမ်းပြည်နယ်မှာပြန်ဖြစ်လာတဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ အမြန်ဆုံးရပ်ဖို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ တွေရဲ့ ခေါင်းဆောင်တွေက သမ္မတ ဦးသိန်းစိန် ဆီကို မနေ့က စာတစောင်ရေးသားပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးပြီးတဲ့နောက် အခုလိုတောင်းဆို လိုက်တာလို့ ရှမ်းတိုင်းရင်းသားများ SNLD ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကိုပြောပါတယ်။

" သမ္မတကြီး ဦးသိန်းစိန်ဆီ လိပ်မူပြီးတော့ စာပို့ထားပါတယ်၊ ပစ်ခတ် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ တကယ်လို့ ဒီပုံစံအတိုင်းသာ ဆက်ဖြစ်နေ ရင် SSA ကိုယ်တိုင်က ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားပြီးသားဖြစ်တယ်၊ အဲ့ဒါကြောင့်မို့ ငြိမ်းချမ်းရေးစာချုပ် ငြိမ်းချမ်းရေး ကတိကဝတ်ကို ဖောက်ဖျက်ရာကျတယ်ပေါ့၊ အဲ့လိုအနေအထားမျိုးကနေ အမြန်ဆုံးရပ်တန့်ပေးဖို့ဆိုပြီးတော့ သမ္မတကြီး ဦးသိန်းစိန်ဆီကို ကျွန်တော်တို့ စာပို့ထားပါတယ်"

အဲဒီစာကို SSA နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဦးကိုင်ဖတို့  လက်မှတ်ထိုးကြတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် ကျေးသီးဒေသမှာ အခြေစိုက်ထားတဲ့ SSPP/SSA တပ်စခန်းတွေ ကို အစိုးရ စစ်တပ်က ထိုးစစ်ဆင်ခဲ့တဲ့အတွက် အပစ်အခပ်ရပ်ထားတဲ့ အခြေအနေကနေ စစ်ပြန်ဖြစ်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။

အဲဒီထိုးစစ်ကြောင့် SSPP/SSA ဘက်က တာဖာဆောင်းစခန်းကို မနေ့က ဆုတ်ခွာပေးလိုက်တဲ့နောက်မှာတော့ စစ်တပ်ဘက်က အပစ်ရပ်လိုက်တယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ က ရှမ်းခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲကိုတော့ ဒီနေ့ အဆုံးသတ်ခဲ့ပြီး ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအရေးတွေကို အားလုံးပူးပေါင်းပြီး လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ အချက် ၃ ချက်ပါတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

RFA Burmese


0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ