( နိရဉ္စရာ- ၂ အောက်တိုဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှ သတင်းထောက်တစ်ဦး၏
နေအိမ်ဖောက်ထွင်းခံရ၍ သိန်းရာနှင့်ချီပြီး လက်ဝတ်ရတနာများ အခိုးခံခဲ့ရသည်ဟု
သိရသည်။
မာင်တောမြို့၊ မြို့မရပ်ကွက်၊ မြို့ဦးရွာနေ ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်၏ နယ်သတင်း ထောက်တစ်ဦးဖြစ်သူ ဦးကိုလတ်ထွန်း (ခေါ်) မောင်ကံ၏ နေအိမ်အား အောက်တိုဘာ ၁ ရက်နေ့ ညဉ့်က ဖောက်ထွင်းသွားခဲ့သည်ဟု ဆိုသည်။
ယင်းသို့ဖောက်ထွင်းခံခဲ့ရသည့် အတွက် ငွေစက္ကူအချို့အပါအဝင် ၆ ပဲ
ကွက်စုံလက်ကောက် ၁၈ ကွင်း၊ ၂ ကျပ်သား ဆွဲကြိုး ၁ ကုံး၊ ၁ ကျပ်သား ဆွဲကြိုး
၁ ကုံး၊ ၄ ပဲရွှေ ကျောက်ဖြူဆွဲခွက် ၁ ခု၊ ၂ ကျပ်သား အချော လက်ကောက် ၁
ကွင်း၊ ၂ ပဲ ကျောက်လက်စွပ် ၁ ကွင်း၊၂ ပဲ ကျောက်လက်စွပ် ၁
ကွင်း၊ ၂ ပဲ အချော လက်စွပ် ၁ ကွင်း၊ ၁ဝ ပဲ အချောလက်စွပ် ၁ဝ ကွင်း၊ ၁ ပဲ အချောလက်စွပ် ၇ ကွင်း၊ ၈ ပဲ ကျောက်စီ လက်စွပ် ၁ ကွင်းတို့အပြင် SAMSUNG တံဆိပ် ကင်မရာအဖြူ ၁ လုံးနှင့် HAUWAI တံဆိပ် ဖုန်းအမဲ ရောင် ၁ လုံးတို့ ခိုးယူခံခဲ့ရပြီး စုစုပေါင်း ကျပ်သိန်းတစ်ရာကျော်ဖိုး
ဆုံးရှုံးသွားကြောင်း ခိုးယူခံခဲ့ရသည့် ကာယကံရှင်မိသားစုက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

“ငွေရော၊ ပစ္စည်းအထုပ်ကိုရော ခေါင်းရင်းမှာထားပြီး အိပ်တာ။ မနက်မှ အခိုးခံရတာသိတယ်” ဟု ဦးကိုလတ်ထွန်းက ဆိုသည်။
ယခုကိစ္စကို မောင်တောမြို့မရဲစခန်းက (ပ) ၁၂၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့်
အမှုဖွင့်ထားပြီး ကျူးလွန်သူကို စုံစမ်းနေကြောင်း မောင်တောမြို့မရဲစန်းမှ
တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

0 comments