Related Posts Plugin for WordPress, Blogger...


ယခုနှစ် အာဇာနည်နေ့ကို ယခင်နှစ်များနဲ့ မတူပဲ ပိုမိုသာလွန်စည်ကားအောင် ထူးထူးခြားခြား ကျင်းပဖို့ အမေစု က လူငယ်ပါတီဝင်တွေကို တာဝန်ပေးခဲ့ပါတယ်။

လူကြီးတွေက လက်ရှိ ခြေဥပြင်ရေး ၄၃၆ ဆန္ဒမဲကောက်ယူမှုတွေနဲ့ အလုပ်ရှုပ်နေတာကြောင့်ပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကကျင်းပခဲ့တဲ့ ဒီချုပ်လူငယ်ညီလာခံအပြီးမှာ လာမယ့်အာဇာနည်နေ့ကို လူကြီးတွေ မအားတာကြောင့် လူငယ်တွေပဲ ဦးဆောင်လုပ်ဖို့ အမေစုက ပြောတဲ့အကြောင်း ဦးဝင်းမြင့်က ပြောပါတယ်။

ညီလာခံပြီးခါစလည်းဖြစ်တာကြောင့် လူငယ်တွေက အထူး စိတ်ဓာတ်တက်ကြွနေပြီး ၆၇ နှစ်မြောက် အာဇာနည်နေ့ကို စည်စည်ကားကားကျင်းပနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး တာဝန်တွေခွဲယူခဲ့ကြပါတယ်။

အာဇာနည်ကုန်းကို အမေစုနဲ့ သားငယ်ကိုထိန်လင်းတို့ အတူတက်ပြီး ပန်းခွေချမယ်ဆိုလို့ ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ခဲ့ကြရပါတယ်။

လူငယ်အချို့က Facebook ကွန်ယက်ပေါ်မှာ အာဇာနည်နေ့ ဥသြောဆွဲဖို့ ကန်ပိန်းလုပ်ကြပြီး Android APK တွေလည်း ဖြန့်ခဲ့ကြပါတယ်။

အစိုးရလူကြီးတွေ တက်ဖို့နဲ့ ၁၇ ရက်နေ့ကစပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း သမိုင်းတွေကို အစိုးရရုပ်သံကနေ ထုတ်လွှင့်ဖို့ လူငယ်တွေက ကြေညာချက်ထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ၁၇ ရက်နေ့ လာမယ်ဆိုတဲ့ အမေစု သားငယ် ကိုထိန်လင်းက ၁၆ ရက်နေ့ ညကျမှ အဘိုးကို ဂုဏ်ပြုတဲ့ပွဲထက် အရေးကြီးတဲ့ အလုပ်ရှိလို့ မလာနိုင်ဘူးလို့ အမေစုကို ပြောပါတယ်တဲ့။

ဘာမှအမျိုးမတော်တဲ့ မြန်မာတစ်နိုင်ငံလုံးက လူတွေကတော့ ခမ်းခမ်းနားနား လုပ်ဖို့ ကြိုးစားလိုက်ရတာ။ မြေးအရင်း ၂ ယောက်လုံးက တစ်ယောက် တစ်မျိုး အကြောင်းပြပြီး အဘိုးအရင်းကို အုတ်ဂူကို ပန်းခွေ လာမချနိုင်ဘူး။သူတို့နာမည်တပ်ပြီး ဒီချုပ်လူငယ်တွေကပဲ ပန်းခွေသွားချရမယ်တဲ့။ စိတ်ပျက်စရာပဲ။

ဒီချုပ်လူငယ်တွေ အိမ်တိုင်းတင်မဟုတ် တနိုင်ငံလုံးက လူငယ်အများစု အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို ဘုရားစဉ်အောက်မှာ ချိတ်ထားပေမယ့် မြေးအရင်း ၂ ယောက်အိမ်မှာ မရှိဘူး၊ အမေစုသားကြီး မြင့်ဆန်းအောင် အိမ်မှာဆိုရင် အမေစုပုံတောင် မရှိဘူး။

မြေးအရင်းတွေလုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အဖိုးလို့တောင် သတ်မှတ်ချင်ရဲ့လားမသိဘူး။

နှစ်ယောက်လုံးမလာဘူးဆိုတော့ ဒီချုပ်လူငယ်တွေလုပ်သမျှ သဲထဲရေသွန်ဖြစ်ရတော့မယ်။

အာဇာနည်နေ့ကျရင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ထဲကမှ အရေးအပါဆုံး ဗိုလ်ချုပ်အောင်ဆန်းကလွဲရင် ကျန်တဲ့ ၈ ယောက်လုံးရဲ့ သား/သမီး မြေး၊မြစ်တွေ အားလုံး မိသားစုလိုက် ပန်းခွေလာချတော့မယ်။

ဗိုလ်ချုပ်အောင်ဆန်းမှာ မြေးတွေ သက်ရှိထင်ရှားရှိပါလျှက် မြေးအရင်းတွေ လာပြီးဂုဏ်ပြုတာ မခံရဘူး။ ဘာမှအမျိုးမတော်တဲ့ လူတွေက ဂုဏ်ပြုရမယ်။ ဗိုလ်ချုပ်အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဒေါသလည်းထွက်မိတယ်။ 
 
http://myanmarheadline.blogspot.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ