Related Posts Plugin for WordPress, Blogger...

ဆီးရီးယားတွင် ပြန်ပေးဆွဲခံခဲ့ရသော အမေရိကန်
ဂျာနယ်လစ်တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့မှုအား
 ရိုက်ကူးထားသည်ဟု ယူဆရသောဗီဒီယိုကို
 အီရတ်ရှိ အစ္စလာမ္မစစ်အစွန်းရောက်
 ဂျီဟတ်အဖွဲ့ IS က ထုတ်ပြန်ခဲ့ပြီး အီရတ်တွင်

နှစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်သော အမေရိကန်တို့၏လေကြောင်းမှ
တိုက်ခိုက်နေမှုများကို တိုက်ရိုက်လက်တုံ့ ပြန်မှု တစ်ခုဖြစ်ခဲ့သည်။ အီရတ်တွင် ဗုံးကြဲတိုက်ခိုက်မှုများ မရပ်တန့်ပါက နောက်ထပ် အမေရိကန်သတင်းထောက် တစ်ဦးကိုလည်း သတ်ပစ်မည်ဟု IS က ခြိမ်းခြောက်ခဲ့သည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် ဆီးရီးယား၌ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးနေသော အမေရိကန်ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးနှင့် ဆင်တူသူ တစ်ဦးအား မျက်နှာဖုံးစွပ် စစ်သွေးကြွတစ်ဦးက ခေါင်းဖြတ်နေပုံ ရိုက်ကူးထားသည့် ဗီဒီယိုအား IS က ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဗီဒီယိုတွင် အမေရိကန်သတင်းထောက် နောက်တစ်ဦးဖြစ်သော စတီဗင်ဆို့တ်လုဖ်ဟုဆိုသူ အသက်ရှိလျက် ရှိနေသေးသည်ကို ပြသခဲ့ပြီးနောက် ၎င်း၏ကံကြမ္မာသည် ဂျီဟတ်အဖွဲ့အား တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပေါ် မူတည်နေသည်ဟုလည်း သတိပေးထားသည်။

“ကျွန်မတို့သား ဂျင်အတွက် အခုလောက် ဘယ်တုန်းကမှ ဂုဏ်မယူဖူးပါဘူး။ သူဟာ ဆီးရီးယားပြည်သူတွေ ထိခိုက်ခံစားနေရတာကို ကမ္ဘာကသိအောင် ဖော်ထုတ်ဖို့ ကြိုးစားရင်း အသက်ပေးလိုက်ရတာပါ” ဟု ဖိုလေး၏မိခင် ဒိုင်ယန်နီက Facebook တွင် ရေးသားခဲ့သည်။ “ဂျင်လိုပဲ အပြစ်မရှိဘဲ အဖမ်းခံထားရတဲ့သူတွေရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျွန်မတို့ အနူးအညွတ် တောင်းပန်ပါတယ်။ သူတို့ဟာ အီရတ်၊ ဆီးရီးယား ဒါမှမဟုတ် ကမ္ဘာပေါ်က ဘယ်နေရာအတွက်မဆို ထားရှိတဲ့အမေရိကန် အစိုးရရဲ့ မူဝါဒတွေကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး” ဟု ၎င်းကရေးသားခဲ့သည်။

အဆိုပါဗီဒီယိုကို အမေရိကန် ထောက်လှမ်းရေးများက လေ့လာနေသည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။ “ဒီဗီဒီယိုက အစစ်အမှန် ဖြစ်ခဲ့တယ်ဆိုရင် အခုလို အပြစ်မရှိတဲ့ အမေရိကန် ဂျာနယ်လစ်တစ်ဦး ရက်စက်စွာ အသတ်ခံရတဲ့ဖြစ်ရပ်က ကျွန်တော်တို့ကို တုန်လှုပ်စေပါတယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ကတ်လင်ဟေဒန်က ပြောကြားခဲ့သည်။ ဂလိုဘယ်ပို့စ်၊ အေအက်ဖ်ပီနှင့် အခြားသတင်းဌာနများအတွက် လုပ်ကိုင်နေပြီး အတွေ့အကြုံရှိသော သတင်းထောက်တစ်ဦးဖြစ်သည့် ဖိုလေးသည် ဆီးရီးယားသို့ မသွားမီ လစ်ဗျားတွင် ဖြစ်ပွားနေသော သတင်းများကို ပေးပို့ခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ