
အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်အုပ်စုအဖွဲ့ဝင် ရာဇ၀တ်သား ၈ ယောက်ကို တရုတ်နိုင်ငံမှာ ကွပ်မျက်လိုက်ပါတယ် အပြစ်ပေးခံရ ရာဇ၀တ်သား ၈ ယောက်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း
ရှင်ဂျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှု ၅ ခုမှာ
ပါဝင်ခဲ့ပါတယ်။ လူသတ်မှု၊ မီးရှို့မှု၊ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်မှု၊ တရားဥပဒေနဲ့မညီတဲ့
ထုတ်လုပ်မှုတွေနဲ့ ပတ်သက်ခဲ့တယ်လို့ ရှင်ဂျန်းဒေသမြို့တော် အူရမ်ကီနဲ့
ခရိုင်တရားရုံး ၃ ခုက ဆုံးဖြတ်ခဲ့တာပါ။
ဆုံးဖြတ်ချက်ကို ပြည်သူ့တရားရုံးချုပ်ကလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။
0 comments