Related Posts Plugin for WordPress, Blogger...

 ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ အနီး၌ ဆိုင်ခန်းပေါင်း ၁၅ဝ ခန့်ရောင်းချ နိုင်မည့်
ညဈေးတန်း တစ်ခုကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ် ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေး မှူးဦးကျော်မြတ်မိုးက သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Moon-soon စားသောက်ဆိုင် ၌ ကျင်းပသည့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း၏ သတင်းစာ ရှင်းလင်း ပွဲ၌ ပြောကြား ခဲ့သည်။

အဆိုပါ ညဈေးတန်းတွင် ဆိုင်ခန်းပေါင်း ၁၅ဝ ခန့် ရောင်းချနိုင်မည်ဖြစ်ပြီး ဈေးဖွင့်ချိန်မှာ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီခွဲ အထိဖြစ်ပြီး စားသောက်ဆိုင်များ၊ ဗေဒင်ဟောခန်းများ၊ ရိုးရာအနှိပ် ခန်းများ၊ ကလေးကစားစရာ အရုပ်ဆိုင်များကို လုပ်ကိုင် ခွင့်ပြုသွားမည် ဖြစ် ကြောင်း သိရသည်။ ရန်ကုန်မြို့သည် နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှု များပြား လျက်ရှိသောကြောင့် စားသောက် ဆိုင်များ၊ လမ်းဘေးဈေး ဆိုင်များတွင် သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များကို ပြင်ဆင်နိုင်ပါက လမ်းဘေး ဈေးဆိုင်များနှင့် ညဈေးတန်းများသည် နိုင်ငံတကာရှိ စားသောက် ဆိုင်များ နည်းတူ အဆင့်အတန်း မြင့်မား လာမည်ဟု မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးခင်အောင် ထွန်းက ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင် များအသင်းမှ ညဈေးတန်း မဖွင့်လှစ်မီရန် ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ ၏ခွင့်ပြုချက်ဖြင့် တရားဝင် ဖွင့်လှစ်ထားသော စား သောက် ဆိုင်များကို ကျန်းမာရေးနှင့် ကိုက်ညီသော အစားအသောက်များဖြစ်စေရန်နှင့် သန့်ရှင်း သပ်ရပ်မှု ရှိစေရန် စား သောက်ဆိုင် ငယ်လေးများ အဆင့် မြှင့်တင် ရေးလုပ်ငန်းများ ကို လုပ်ဆောင် သွားမည် ဟု ဦးကျော်မြတ်မိုးက ပြောသည်။

မြ၀တီ
https://www.facebook.com/mwdmedia

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ