Related Posts Plugin for WordPress, Blogger...

ဘင်္ဂါလီများ ကို ကျောက်ဖြူမှရန်ကုန်သို့တရား
မဝင်သယ်ဆောင်ရာတွင် ဖမ်းဆီး ခဲ့သည့်
ပဲပဒုံစစ်ဆေးရေးဂိတ်မှ ဝန်ထမ်းတချို့
အမည်မသိသူများ၏ ဖုန်းဖြင့်အသက်အန္တ
ရာယ်ခြိမ်းခြောက် မှုများပြုလုပ်ခံခဲ့ရကြောင်း


ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲမှူး တစ်ဦးက ဒီမိုကရေစီတူဒေးသို့ ထုတ် ဖော်ပြောကြားလိုက်သည်။

ဇူလိုင်၂၃က ပဲပဒုံစစ်ဆေးရေး ဂိတ်ကို အမည်မသိအမျိုးသားတစ်ဦးက ဖုန်းလေးကြိမ်ခန့်ခေါ်ဆိုပြီး''မင်း တို့စစ်ဆေးရေးဂိတ်က ဝန်ထမ်းတွေ သတိထား။ သတ်ပစ်မယ်''ဟုဖုန်း ဖြင့်လေးကြိမ်ခန့် ခြိမ်းခြောက်ပြောဆို မှုများပြုလုပ်ခဲ့ကြောင်း၊ ယခုအခါခေါ် ဆိုသောဖုန်းနံပါတ်နေရာနှင့် ခေါ်ဆို သူကိုသိရှိစေရန် ရခိုင်ပြည်နယ်ရှိ ဆက်သွယ်ရေးစခန်းနှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်းသိရသည်။


ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန် ရှိသူတစ်ဦးက''ဘင်္ဂါလီတွေတရား မဝင်သယ်ဆောင်လာတာကို ဖမ်းဆီး မိတဲ့အတွက် အခုလိုခြိမ်းခြောက်တာ ပါ။ ကျွန်တော်တို့မှာ အဲဒီလိုခြိမ်း ခြောက်မှုတွေနဲ့ပတ်သက်ပြီး တခြား သက်သေ အထောက်အထားတွေရှိ သေးတယ်။ ရဲလုပ်ငန်းအတိုင်းဖော် ထုတ်ဖို့ လုပ်ဆောင်နေပါတယ်''ဟု ပြောသည်။

ဘင်္ဂါလီများကိုတရားမဝင်တင် ဆောင်လာသည့် အငြိမ်းစားရဲမှူးကြီး၏ သားနှင့်သမီးတို့နှစ်ဦးကို အမ်းမြို့နယ်တွင် ဇွန်၂၇ရက်ကဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးရမိသူနှစ်ဦးမှာ ရဲ မှူးကြီးဦး....၏သမီးဖြစ်သူ နေ ပြည်တော်နေ မ ...နှင့် ဒရိုင် ဘာဦး....တို့ဖြစ်ပြီး ၄င်းတို့နှစ် ဦးသည် ကျောက်တော်မြို့နယ် အထက်ပိုက်သည်ရွာမှ ဘင်္ဂါလီကိုးဦး ကို ရန်ကုန်သို့ အခကြေးငွေယူ တင် ဆောင်လာခဲ့ရာမှ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ကြောင်း ယင်းက ဆက် လက်ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ''ဖမ်း ဆီးရမိတဲ့ဘင်္ဂါလီတွေကို လဝက ဥပဒေအရ အပြစ်ပေးသွားမှာပါ'' ဟု ပြောသည်။
ယင်းကဲ့သို့ တရား မဝင် ဘင်္ဂါလီသယ်ဆောင်မှုများနှင့် ပတ်သက်ပြီး ဆက်စပ်သူများကို လည်း ထပ်မံစစ်ဆေးလျက်ရှိသည် ဟုသိရသည်။

အဆိုပါအမှုကို အမ်း ရဲစခန်းမှ(ပ)၃၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၆၇အရ အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
KMZ
‪#‎Democracytoday‬

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ