Related Posts Plugin for WordPress, Blogger...

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အတွက် ပြည့်စုံ မှန်ကန်သော မဲစာရင်းများ ပြုစုနိုင်ရန် မဲဆန္ဒရှင်များ စာရင်းပြုစုခြင်း ရှေ့ပြေး စီမံချက်ကို ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် ချင်းပြည်နယ် တီးတိန် မြို့နယ်တို့တွင် စမ်းသပ် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ စမ်းသပ် ဆောင်ရွက်ရာတွင် တီးတိန်မြို့နယ် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ရှေ့ပြေးစီမံချက်အရ လွယ်ဘွာလ်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် အများပြည်သူများ လေ့လာ ကြည့်ရှုရန် မဲဆန္ဒရှင် စာရင်းကို ဇူလိုင်(၁၀) ရက်မှ စတင်၍ ကပ်ထားခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းကို (၂၂-၇-၂၀၁၄)ရက် နံနက် (၁၁)နာရီခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးမျိုးရန်နောင်သိန်း နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် ၁၂/ဗဟန(နိုင်) ၀၈၆၄၉၆ (အတွင်းရေးမှူး၊ NLD ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့)က ၎င်း၏ သဘောဖြင့် ဖြုတ်ယူ၍ ယူဆောင် သွားခဲ့သည့် အတွက် တီးတိန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂင့်ခင်းထန်က ဦးမျိုးရန်နောင်သိန်းအား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(က) အရ အရေးယူ ပေးပါရန် တီးတိန်မြို့မ ရဲစခန်း၌ တိုင်ကြား အမှုဖွင့်လှစ်ခဲ့သည်။

တီးတိန်မြို့မရဲစခန်းမှ အမှုအမှတ်(ပ) ၇/၂၀၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး ဒုရဲအုပ် ခင်မောင်ကြည်က စစ်ဆေး ဆောင်ရွက်ကာ ဦးမျိုးရန်နောင်သိန်းအား ကလေးမြို့နယ် ၉ မိုင်ရဲစခန်း၌ စစ်ဆေးချက် ရယူပြီး အာမခံပေး ခဲ့ကြောင်းနှင့် အမှုကို လာမည့် ရက်သတ္တပတ် အတွင်း တီးတိန်မြို့နယ် တရားရုံးတွင် တရား စွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ