Related Posts Plugin for WordPress, Blogger...



(၁) ပီနမ် ဆရာတော် ကြီး က သူပိုင် - ပုဂ္ဂလိက ပိုင် လို့ ပြောတယ်။ တက်နေတယ်။

(၂) မဟန က သံဃိက သံဃာပိုင် လို့ ပြောတယ်။

(၃) သံဃိက ပိုင်ကို ပုဂ္ဂလိက ပိုင် လို့ ပြောရင် ဝိနည်း တော် အရ အပြစ်ရှိတယ်။ ပုဂ္ဂလိက ပိုင် ကို သံဃိက ပိုင်လို့ ပြောရင် ဝိနည်း တော် အရ အပြစ် ရှိတယ်။ နှစ်ဦး နှစ်ဘက် ဘယ်ဘက်က မှ မလျှော့ရင် ဝိနည်း ကို တစ်ဘက်ဘက် က ပြင်ရလိမ့်မယ်။ ဝိနည်းကို ပြင်ပြီ ဆိုရင် ..သံဃာ ဂိုဏ်း ကွဲတာပဲ ။

(၃) နိုင်ငံတော်သမ္မတ က သူ့အနေ နဲ့ ... အစိုးရ အနေ နဲ့ ပီနမ်ဆရာတော်ကြီး ကို ပုဂ္ဂလိက ပြန် လှူ ပါမယ် လို့ အစက ပြောတယ်။ ဒါပေမယ့် သံဃ နာယက (မဟန ) က ဝိနည်းတော် အရ အဲဒီလို လုပ်လို့ မရဘူး ဆိုလို့ သမ္မတ က လက်လျှော့ ရတယ်။

(၅) သီတဂူ ဆရာတော်ကြီး က ပီနမ် ဆရာတော် ကြီး နဲ့ မဟန အကြား စေ့စပ် ညှိနှိုင်း ဖို့ လုပ် တယ်။ မဟန က ပြောပြတဲ့ ဝိနည်း တော် ကို သီတဂူ ဆရာတော်ကြီး လည်း မရှောင်လွှဲသာ ဖြစ်ရတယ်။

(၆) နိုင်ငံတော် သမ္မတ က တော့ ပီနမ်ဆရာတော် ဘုရားကြီး ကို ကျောင်းပေါ်က အတင်းအဓမ္မ ဆွဲချတာမျိုး မဖြစ်စေရဘူး လို့ အာမခံချက် ကတိပေးထားတယ်။

(၇) ဒီကြား ထဲမှာ ... မေးစရာဖြစ်လာတာက .... မြတ်စွာဘုရားရှိသေးရင် ဝိနည်း နဲ့ ပတ်သက်လို့ ... သို့လောသို့လော ဖြစ်ရင်.... မြတ်စွာဘုရား က ဆုံးဖြတ်ပေးတာ ကို အတည်ယူရပေမယ့် .... ယခုအခါမှာ ..... မဟန ၄၇ ပါးရဲ့ ဝိနည်း အဆုံးအဖြတ် ဟာ အတည် ဟုတ် ပါရဲ့လား ဆိုတာ မေးစရာဖြစ်လာတယ်။

(၈) မကြာခင်က ဂိုဏ်ပေါင်းစုံ သံဃ အစည်းအဝေးကြီး ပြုလုပ်တယ်။ အနယ်နယ် အရပ် ရပ် ရှိသမျှ သံဃာ ၅ သိန်း ရဲ့ ကိုယ်စား .... သံဃာ ၂၅၅၈ ပါး တက်ေ၇ာက် တယ် လို့ သတင်းတွေ ထုတ်ပြန်တယ်။ သာသနာရေး ဝန်ကြီးက ဒီအစည်း အဝေးကြီး ဟာ သံဃာ ၅ သိန်း ကိုယ်စား ဖြစ်တယ် လို့ ကြေငြာတယ်။
အဲဒီ အစည်း အဝေး မှာ မဟန ရဲ့ ဝိနည်း ဆုံးဖြတ် ချက်အပေါ် မှန်၏ မှား၏ တရား၏ မတရား၏ ။ မေးခွန်း ထုတ် တာ မတွေ့ဘူး။

ဒါကြောင့် မဟာသန္တိသုခကျောင်း နဲ့ ပတ်သက်တဲ့ မဟန ရဲ့ အဆုံး အဖြတ်ဟာ ပြောင်း လဲ မသွား ဘူး။
(၉) အခုပီနမ် ဆရာတော် ကြီး မရှိတဲ့ အခိုက်မှာ ။ သမ္မတ ရဲ့ ကတိ ကိုလည်း မပျက် ။ မဟန ရဲ့ အဆုံးအဖြတ် ကိုလည်း အတည်ပြု တဲ့ အနေနဲ့ ရဲက လာရှင်းပေးတယ်။

(၁၀) ဒီကိစ္စမှာ ... ကျောင်းပိုင်ဆိုင်မှု သာမက .... အခြား သံဃ ကိစ္စတွေ လည်း ရှိတယ်။ လူတွေ ကို အားလုံ မပြောကောင်း လို့ မပြောဘူး လို့ ယူဆရတယ်။ လူတွေ ကသိချင်ရင် ဝိနည်း ကို လေ့လာသင့်တယ်။

ဘာကြောင့်လည်း ဆို ..... ကာလာမသုတ် (ကေသမုတ္တိသုတ္တန်) မှာ ဘုရားဟောခဲ့တဲ့ အတိုင်း ပဲ ....
ဟိုလူပြောဒီလူပြောကို အလွယ် မယုံလိုက် နဲ့ ..... ကိုယ့်ဘာသာ သိအောင် အရင် လုပ်ပြီး တော့ မှ (ဝိနည်း ကို ကိုယ်တိုင် လေ့လာပြီး မှ) ... ဘယ်ဟာ မှားတယ် ဘယ်ဟာ မှန်တယ် ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာ ၊ဘာပဲ ဖြစ်ဖြစ် ..... သံဃာ ဂိုဏ်းကွဲ မယ့် အရေးကတော့ လွတ်သွားပြီ ။


Tun Tun Than Than

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ