Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၇ ဇွန်လ ၂၀၁၄)
Unicef-Arakan-state
ရိုဟင်ဂျာဆိုသော နာမည်အား သုံးနုန်းမိခြင်းကို တောင်းပန်ကြောင်း၊ နောက်နောင် ယင်းအသုံးအနုန်းကို မသုံးတော့ဟု Unicef ဌာနေကိုယ်စားလှယ်က ပြောဆိုကြောင်း မြန်မာနိုင်ငံ ထုတ် သတင်းစာအများအပြားတွင် ဇွန်လ ၆ ရက်နေ့က ဖေါ်ပြသည်။
ဇွန်လ ၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်သော Daily Eleven သတင်းစာတွင် “ Unicef က ရိုဟင်ဂျာဟု သုံးနုန်းပြောဆိုခြင်းအား ပြန်လည် တောင်းပန်” ခေါင်းစဉ်ဖြင့်၎င်း၊ 7 Day Daily သတင်းစာတွင် “ ရိုဟင်ဂျာဟု သုံးစွဲခြင်း အပေါ် ယူနီဆက်က ပြန်လည်တောင်းပန်ဟုဆို” ခေါင်းစဉ်ဖြင့်၎င်း၊ ပြည်မြန်မာ သတင်းစာတွင် “ ရိုဟင်ဂျာဟု လူပုံအလယ်တွင် သုံးနုန်းခဲ့သည့် ယူနီဆက်အဖွဲ့ မှားယွင်းကြောင်း ပြန်လည်တောင်းပန်ပြီ” ခေါင်းစဉ်တို့ဖြင့်၎င်း အသီးသီး ဖေါ်ပြခဲ့ကြသည်။
ထိုကဲ့သို့ သတင်းစာများတွင် Unicef က တောင်းပန်ကြောင်း သတင်း ရေးသား ဖေါ်ပြမူနှင့် ပတ်သက်ပြီး ရန်ကုန် အခြေစိုက် နိရဉ္စရာ သတင်းဌာမှ စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းအား ဆက်သွယ် မေးမြန်းရာသူက ယခုလို ဆိုသည်။
“ ဒီလ ၄ ရက်နေ့မှာ စစ်တွေမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ မင်းသူရိယခန်းမမှာ ကုလသမဂ္ဂ ကမ္ဘာကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ Unicef က အမေရိကန် ဒေါ်လာ ၁၂ သန်းကို ရခိုင်ပြည်နယ်မှ ကလေးငယ်တွေ ကျန်းမာရေး စောင့်ရှောက်ရေး အတွက် အသုံးပြုမယ်ဆိုပြီး စစ်တွေက ECC အပါအ၀င် လူမူအဖွဲ့အစည်းတွေကို ခေါ်ယူပြီး ရှင်းလင်းပွဲ တစ်ခုလုပ်တယ်။ အဲသလို ဆွေးနွေးတဲ့ နေရာမှာ ပါဝါပွိုင့် (Power Point)  နဲ့ ဆလိုက် ထိုးပြတဲ့ အခါ Ethnic group of Myanmar လို့ ဖေါ်ပြတဲ့ နေရာမှာ ရခိုင်၊ ရိုဟင်ဂျာ၊ ဗမာစသဖြင့်  ရိုဟင်ဂျာကို တိုင်းရင်းသား အုပ်စုထဲမှာ ထည့်ထားတယ်။ နောက် ဆလိုက်တစ်ခုမှာတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူမျိုး လေးသိန်းကျော်ရှိတယ်ဆိုပြီး စသဖြင့် ဖေါ်ပြတဲ့ အတွက် အဲဒီ နေရာမှာကတည်းက လူတွေက ထပြီး ကန့်ကွက်ကြတယ်။”
ဇွန်လ ၅ ရက်နေ့တွင် ပြည်နယ် အဆင့် ECC အဖွဲ့မှ ယူနီဆက်ကို ခေါ်ပြီး တော့ ဒီရိုဟင်ဂျာ စာလုံး ကို သုံးနုန်းတာဟာ မှားယွင်းကြောင်းနှင့်  နောက်ဆက်လက် မသုံးဖို့ တောင်းဆိုကြောင်း ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။
“ သူတို့ကတော့ အမျိုးမျိုး ဆင်ခြေတွေ ပေးတာပေါ့လေ။ နောက်ဆုံးတော့ ယူနီဆက် မြန်မာနိုင်ငံ ကိုယ်စားလှယ်က တောင်းပန်တဲ့ အကြောင်းနဲ့ နောက်မသုံးတောပါ့ဘူးလို့ ကတိပေးသွားပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။
တောင်းပန်ခဲ့သော Unicef မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်မှာ Bertrand ဖြစ်ကြောင်း သိရသည်။
ယင်းပြင်သူက နိုင်ငံတကာ သံတမန်အဖွဲ့အစည်းများ၊ အိုင်အန်ဂျီအို အဖွဲ့အစည်းများ အနေဖြင့် သံတမန်များ၏ စည်းကမ်းအရ နိုင်ငံတစ်နိုင်ငံချမှတ်ထားသော စည်းကမ်းကို လိုက်နာသင့်ကြောင်း၊ နိုင်ငံတော်က မရှိဟု သတ်မှတ်တဲ့ လူမျိုးနာမည် တစ်ခုကို သုံးစွဲခြင်းမှာ သံတမန် ကျင့်ဝတ်ကို ချိုးဖေါက်ရာရောက်ကြောင်း  ပြောဆိုသည်။
ယင်းပြင် ရိုဟင်ဂျာဆိုသော နာမည်ကို သုံးစွဲခြင်းဖြင့် မီးလောင်ရာလေပင့် ဆိုသလိုမျိုး ဖြစ်စေပြီး ရခိုင်ပြဿနာကို ပိုမို ကြီးထွားစေသဖြင့် အထူး သတိပြုသင့်သည်ဟု သူက ပြောဆိုသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ