Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ ၇ ဇွန်လ ၂၀၁၄)/တင့်ဆွေမောင်
စာကြည့်တိုက်အတွက် ပန္နချ တိုင်ထူနေစဉ်။
စာကြည့်တိုက်အတွက် ပန္နချ တိုင်ထူနေစဉ်။
တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စု၊ ဇမ္ဗူရာဇ်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (တောင်ကုတ်မြို့ နယ်)၏ ဗဟိုအလုပ်အမူဆောင်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်မည့် စာကြည့်တိုက် ပန္န္နက်ချပွဲနှင့် ပုဒ်မ ၄၃၆ အားပယ်ဖျက်ရန် ထောက်ခံဟောပြောပွဲကို ဇွန်လ (၅)ရက်နေ့က ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားကို ဇမ္ဗူရာဇ်ရွာမှ ကျေးရွာသူရွာသား တစ်ရာနီးပါးတက်ရောက်ခဲ့ကြောင်းသိရသည်။
စာကြည့်တိုက် ထူထောင်ရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဦးတင်သိန်းအောင်က
နိရဉ္စရာသို့ ယခုလိုပြောသည်။
“အလိမ္မာစာမှာရှိဆိုသလို စာတတ်ပြီး စာဖတ်ဖို့ရယ်၊ စာပေဗဟုသုတတိုးပွားဖို့ရယ်၊ ခေတ်ကိုအမှီလိုက်နိုင်တဲ့
မျိုးဆက်သစ်လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် စာကြည့်တိုက်ဖြစ်မြောက်ဖို့ ကြိုးစားအကောင်အထည် ဖော်ရခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။
စာကြည့်တိုက်ဆောက်လုပ်ရန်လိုအပ်သော အလှူငွေနှင့် စာအုပ်စာတန်းများကို တောင်ကုတ်မြို့နယ်မှ ရပ်မိရပ်ဖများနှင့် ကျေးရွာသူရွာသားများက စုပေါင်းလှူဒါန်းထားကြသည်ဟုဆိုသည်။။
ယင်းနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မ ၄၃၆ အား
ပယ်ဖျက် ခြင်းကို ထောက်ခံရန် ဥက္ကဌ ဦးတင်သိန်းအောင်၊ တွဲဖက်အတွင်းရေမှူး ဒေါ်အေးအေးနိုင်နှင့် အလုပ်အမှုဆောင် ဦးတင်လှတို့က အသီးသီဟောပြောခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲလုပ်ရသည့်အကြောင်းနှင့် ပတ်သက်၍လည်း “သမ္မတဦးသိန်းစိန်အပါအဝင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွတ်တော်ကိုယ်စားလှယ်အချို့ဟာ ၂၀၀၈ အခြေခံဥပဒေကို လွတ်တော်တွင်းပြင်ဆင်ရန် လိုအပ်နေတယ်လို့ပြောဆိုနေကြပေမယ့်လည်း အပြော တစ်မျိုး အလုပ်တစ်မျိုးဖြစ်နေတယ်။ ပြင်ဆင်နိုင်ဖို့ဆိုတဲ့ နေရာမှာ ပုဒ်မ ၄၃၆ ကိုရိုက်ချိုးလိုက်မှ အားလုံးအဆင်ပြေသွားမှပါ၊ဒါကြောင့် ဒီလိုဟောပြောပွဲများ ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ဦးတင်သိန်းအောင်က ဆိုသည်။
ပုဒ်မ ၄၃၆ ပယ်ဖျက်ရန် ထောက်ခံပွဲများကို တောင်ကုတ်မြို့နယ် ကင်းတောင်တိုက်နယ်နှင့် ပန်းတင်း ကျေးရွာအုပ်စုများရှိ ရွာတစ်ချို့တွင် ပြုလုပ်ခဲ့ပြီး ရွာသားများထံမှ ထောက်ခံလက်မှတ်များကိုလည်း
စုဆောင်း ကောက်ခံနေကြောင်းသိရ သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ