Related Posts Plugin for WordPress, Blogger...



Wednesday, June 11, 2014

မောင်တော၊ ဇွန် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မကျည်းချောင်း အတွင်း မေ ၂၉ရက် နံနက် ၉နာရီ က ရေချိုးနေ သည့် မော်လဝီဖွေရိဒ် အာလောင်နှင့် ဇာဖောတို့နှစ်ဦးအား သတင်းအရ ခမောင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ ရာ ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။

ယင်းတို့၏ကျန်ရစ်သည့်ပစ္စည်း များ ကို စစ်ဆေးရာ ဇာဖောဆောင်း သည့် အစ္စလာမ်ဘာသာရေးသုံး ဦး ထုပ်(ထောက်ကျာ)ထဲမှ တရားမဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး မိုဘိုင်းဖုန်း တစ်လုံးကိုသိမ်းဆည်းရမိခဲ့ပြီး အဆို ပါမိုဘိုင်းဖုန်းအား သက်ဆိုင်ရာသို့ ပေးပို့၍ RSO လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့နှင့် ဆက်သွယ်မှုရှိမရှိ စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်မိုဘိုင်း ဖုန်းသိမ်းဆည်းရမိခြင်းနှင့်စပ်လျဉ်း ၍ ရှာဖွေသိမ်းဆည်းရာတွင် ပါဝင် သူ အရန်မီးသတ်တပ်ဖွဲ့ဝင်အား ဇာဖောက ထမင်းဝအောင်စားထား ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ရှာဖွေသိမ်းဆည်းရာတွင် ပါ ဝင်ခဲ့သူတစ်ဦးဖြစ်သည့် အရန်မီး သတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ်သည် ယင်းနေ့ မွန်းလွဲ ၁နာရီတွင် ရွာအ နီးရှိ မင်္ဂလာဆောင်သို့ သွားရောက် ခဲ့ပြီး အပြန်တွင် သတ်ဖြတ်ခြင်းခံခဲ့ ရသည်။ အရန် မီးသတ် တပ်ဖွဲ့ ဝင် မာ မတ်အာယုပ်အသတ်ခံရခြင်းနှင့် ပတ် သက်၍ ဆွေမျိုးတော်စပ်သူ တစ်ဦး အား မေးမြန်းခဲ့ရာ အငြိုးအတေး ကြောင့် အသတ်ခံရခြင်း ဖြစ် နိုင် ကြောင်း ပြောကြား ခဲ့သည်။

၎င်းဖြစ်စဉ်ဖြစ်ပြီး နောက်တစ် ရက်တွင် ခမောင်းဆိပ်ကျေးရွာထံ သို့ ဖုန်းတစ်လုံး မှဆက်သွယ်ကာ အ ရန်မီးသတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ် ၏အလောင်း ရှိသည့်နေရာနှင့် အ လောင်းကို လာယူရန်ပြောကြားခဲ့သ ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ ကြောင်း၊ နောက်တစ်ရက် တွင်လည်း အလောင်းရှိသည့်နေရာနှင့် အလောင်း ကိုလာယူရန် ထပ်မံဖုန်း ဆက်ပြော ကြားသည့်အတွက် သွားရောက်ရှာ ဖွေခဲ့ကြရာ ငါးရန့်ချောင်းကျေး ရွာ တောင်ကြားတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းတစ် လောင်း ကိုရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါအလောင်းအား ဇွန် ၃ ရက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ငါး ရန့်ချောင်း စခန်းမှူး ဒုရဲမှူးအေးထွန်း မောင်က မောင်တော မြို့နယ် ပြည် သူ့ ဆေးရုံသို့ပေး ပို့ကာ ဆေးစစ်ချက် ရယူခဲ့သည်။ တရားမဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး မိုဘိုင်းဖုန်း ကိုင်ဆောင်သူ ဇာ ဖောနှင့် မော်လဝီဖွေရိဒ်အာလောင် တို့နှစ်ဦးမှာ ဖမ်းဆီးရ မိခြင်းမရှိသေး ဘဲ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

NT [--Democracy today Daily Newspaper--]
Yangon Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ