Related Posts Plugin for WordPress, Blogger...

ဘင်္ဂလားနယ်ခြားကိစ္စဖြစ်လာတော့ စစ်သားတွေရေးထားတဲ့ စာတွေဖတ်မိမှ စစ်ရေးအမြင်အကြောင်းကို ဆ၀ါးမီတော့တယ်...။ ကျွမ်းကျင်ရာလိမ္မာဆိုသလို စစ်သားတွေ ရေးထားတာတွေကမှ...သိစရာအချက်
အလက်တွေ ရော တင်ပြထားမှု ရောက တော်တော်လေးပြည့်စုံကောင်းမွန်တာတွေ့ ရတယ်..။ အခြားသော ပုဂ္ဂို လ်များရေးတာတွေကတော့ အာဖျံကွီးရွှီးထားတာတွေ စစ်တပ်မုန်းတီးရေးသူငယ်နာ မစင်တဲ့အသံတွေမျှပဲ..။ စစ်သားက စစ်အကြောင်း၊ တိုက်ပွဲအခြေအနေအကြောင်း၊
နိုင်ငံတော်ကာကွယ်ရေးအကြောင်း ကောင်းကောင်းပြောနိုင်တာ သဘာဝကျတယ်လို့ ဆိုရမယ်...။ သူ့ အလုပ်က လက်နက်ကိုင်တိုက်ခိုက်ပြီး အကာကွယ်ပေးရေးဆိုတာကို ဖေါ်ဆောင်ရမှာကိုး။ ဒါကကြတော့ လုံခြုံရေးရှု ထောင့်ကမြင်ရတဲ့ လူမှုအကာအကွယ်။


- ဒါဆိုရင် အရပ်သားတွေကရော လူမှု အကာအကွယ်တွေအကြောင်း (social protection) ဘယ်လောက်ပြောနိုင်ဆိုနိုင်၊ လုပ်ကိုင်နေကြပြီလဲ မေးစရာပဲ..။ အရပ်သားဆိုရာမှာ ဘောင်းဘီချွတ်ကြီးတွေ လည်းပါတာပေါ့လေ..။ တွေ့ မြင်ရသလောက်ကတော့..
.အစိုးရဘက်ကဆိုရင်.သမ၀ါယမတွေကနေတဆင့် တရုပ်ပိုက်ဆံတွေကို အတိုးကြီးပေးပြီး ပြည်သူကို တဆင့်ပြန်ချေးတာတို့ ၊ အတိုက်အခံဘက်က ဆိုရင် ခြေဥပြင်တာတို့ မျှကိုပဲ လူမှု အကာအကွယ်ပေးရေး ခေါင်းစဉ်အောက်မှာ ထားချင်နေကြသလိုပဲ..။ ဒီကြားထဲ က နင်းပြားတွေကို တိုက်ရိုက်ထိတဲ့ မြေယာကိစ္စ တို့ ...စီးပွားရေးပိတ်ဆို့ မှု တို့ ...စတာတွေကို
ပြည်သူ့ အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မရှက်မကြောက်လုပ်ချင်ကြသေးတယ်..။

- အဆုံးတနေ့ မှာတော့... မြန်မာပြည်လို ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ တိုင်းပြည်လေးမှာ..
.ခေါင်းဆောင်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ ဦးဆောင်မှု ဆိုတာကို ဒီ လူမှုအကာအကွယ်တွေ ဘယ်လောက်ထိ ဖေါ်ဆောင်သွားနိုင်သလဲကပဲ ဆုံးဖြတ်ပေးသွားမှာပဲ...။ ဒီမိုကရေစီကျခြင်းမကျခြင်း၊ ခြေဥပြင်ခြင်းမခြင်း၊ အစိတ်သားထွက်ခြင်းမထွက်ခြင်း....စတဲ့အစ်ရှူး
တွေထက် ပိုပြီး အရေးပါသလို နီးရာဓါးလည်းဖြစ်နေတဲ့ နိစ္စဒူဝ လူမှုဒုက္ခအ၀၀ ကိုအကာအကွယ်ပေးဖို့ ဆိုတာဟာ ခေါင်းဆောင်ဆိုသူတွေအတွက် ဒီ အခြေခံကျတဲ့မျဉ်း bottom line မှ အပ အခြားမရှိပါ။

- အစိုးရ အတိုက်အခံ၊ စစ်တပ် အရပ်သား ဘာတွေဘယ်လိုပဲကွဲကွဲ အားလုံးရဲ့ ဆုံမှတ်၊ စုရပ်ဟာ ဒီ လူမှုအကာအကွယ်တွေပါဘဲ...။ ဒီလို အကာအကွယ်တွေကို အားလုံးရဲ့ ဘုံအကျိုးစီးပွား အဖြစ် ပထမဦးစားပေး အဖြစ် လက်ခံမှု မရှိမခြင်း၊ အကောင်အထည်ဖေါ်လုပ်ဆောင်ပေးနိုင်မှုမရှိမခြင်း
...."အိမ်နီးခြင်းဆိုးတွေက ယာလည်းညက်စေ၊ ကြက်လည်းမောစေ" စောင့်ကြည့်အမြတ်ထုတ်နေတာ
ခံနေကြရဦးမှာပါဘဲ..။

- စစ်တပ်နိုင်ငံရေးနဲ့ ပတ်သက်လာရင် ပြောကြမြဲဖြစ်တဲ့... ခွေးကခွေးအလုပ်လုပ်၊ မြင်းက မြင်းအလုပ်လုပ်
ဆိုတဲ့... စကားအရဆိုရင် မြင်းတွေကရော မြင်းအလုပ်က ဘာလဲဆိုတာသိကြပြီလား
...လုပ်နိုင်ကြပြီလား...



Athenian Ahnyarthar
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ