Related Posts Plugin for WordPress, Blogger...

PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော် မှု ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးဟာ မနေ့ က ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ပါတယ်။

နှုတ်ထွက်ခွင့်ကို လွှတ်တော်ဥက္ကဌကလည်း ခွင့်ပြုလိုက်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက အခုလိုပြောပါတယ်။

"ဒီ PR စနစ်နဲ့ ပတ်သက်င်္ပြီး ကျနော်တို့က ကန့်ကွက်တယ်၊ ကျနော်တို့က ကန့်ကွက်ထားတဲ့ ဥစ္စာတစ်ခုကို ဒီလုပ်ငန်းစဉ်ကြီး အကောင် အထည်ဖော်တဲ့ နေရာမှာ ကျနော်တို့ ဒီအထဲထဲမှာ ထည့်ထားတဲ့ အခါကျတော့ ကျနော်တို့အနေနဲ့က သဘာဝမကျဘူးလို့ထင်တယ်လေ၊ ဒါကြောင့်မို့ ကျနော်တို့ နှုတ်ထွက်ခဲ့တာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၅ ဦးကနေပြီးတော့ ဒီအချိုးကျ ကိုယ်စားပြု ၅ ဦးနဲ့ ပတ်သက် ပြီးတော့ ထည့်ထားတဲ့ ကော်မတီပေါ့နော် ကော်မတီမှာ ပါဝင်ခြင်း မရှိတော့ဘူးပေါ့နော် ဒီဟာကို ဦးအောင်ကြည်ညွန့်ကတဆင့် ၅ ဦးစလုံး ဥစ္စာကို တစ်ခါတည်း လက်မှတ်ထိုးပြီး ကျနော်တို့ နှုတ်ထွက်ခဲ့တာပါ၊ လွှတ်တော်ဥက္ကဌလည်း ဒါနဲ့ပတ်သက်လို့ နှုတ်ထွက်ခွင့်ပြုတယ်"

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေး အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပေမယ့် အမျိုးသားလွှတ်တော်က ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က မဲခွဲပြီး အတည်ပြု လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအဆိုအတည်ဖြစ်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါတဲ့ အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

RFA Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ