Related Posts Plugin for WordPress, Blogger...



Saturday, June 7, 2014

NLD ပါတီ၏ လူငယ်ညီလာခံများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဗဟိုလူငယ် ကိုယ်စားလှယ် ၁၄ ဦးစီ ရွေးချယ်ခဲ့ပြီးမှ အသက်ကန့်သတ်ချက်ဖြင့် ဆောင်ရွက်လာသောကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းရန် ထုတ်ဖော် ပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

မကြာသေးခင်ကပင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဗဟိုလူငယ် ကိုယ်စားလှယ် ရွေးချယ်ပွဲများကို ဒီမိုကရေစီနည်းကျကျ မဲပေးရွေးချယ်ခဲ့ကြသော လူငယ်ခေါင်းဆောင်များကို ရွေးချယ်ရေးကော်မရှင်များက အသက်ကန့်သတ်ချက် ဖြင့် ပြန်လည်စိစစ်သောကြောင့် မကျေနပ်မှုများ ထွက်ပေါ် နေခြင်း ဖြစ်သည်။

“အခုဟာက အားလုံးပြီးမှ အစကပြန်စရမယ့် သဘော ဖြစ်နေတယ်။ ကျွန်တော်တို့က မြို့နယ်၊ ခရိုင် ဒီလိုမျိုး အဆင့်ဆင့် စနစ်တကျ ရွေးချယ်လာခဲ့တာ။ ခုကျမှ နောက်ဆက်တွဲညွှန်ကြားချက်တွေ ထွက်လာတယ်။ အစကတည်းက တစ်ခါတည်း စဉ်းစားပြီးလုပ်။ မလုပ်တတ်ရင် ဘေးဖယ်ပေးလိုက်၊ လုပ်တတ်တဲ့သူတွေ တာဝန်ယူပြီးလုပ်လိမ့်မယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုး။ ကိုယ် ဖြစ်စေချင်တဲ့ သူတွေ မပါတာနဲ့ ဒီလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ ပြန်ထုတ်ပြီး လုပ်တာမျိုးကတော့ မဖြစ်သင့်ဘူး ။ ကျွန်တော်တို့ ဒါကို လက်မခံဘူး။ လူကြီးဆိုပြီး လုပ်ချင်ရာ လုပ်တာကို ဒီအတိုင်း ငုံ့ခံနေမှာ မဟုတ်ဘူး” ဟု တိုင်းဒေသကြီးတစ်ခုမှ လူငယ်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အရွေးချယ်ခံရသူများမှာ အမှန်တစ်ကယ်ပင် အရည်အချင်း ရှိသူများသာ ဖြစ်ပြီး လူငယ်များကိုယ်တိုင် ထောင်ခံကြသူများ ဖြစ်ကြောင်း၊ ယခုကဲ့သို့ အရည်အချင်း ရှိသော လူငယ်ခေါင်းဆောင်များကို ကန်ထုတ်နေလျှင် ပြိုင်ဘက်ပါတီများ ၀မ်း မြောက်ဝမ်းသာ ဖြစ်နေမည် ဖြစ်ကြောင်း၊ အခြားသူများက လာပြီး ခွဲခြင်း မဟုတ်ဘဲ မိမိတို့ပါတီတွင်း အခွဲခြား ခံနေရသည်ကို နားမလည်နိုင်ကြောင်း ယင်းက ဆိုသည်။

“ခု ရွေးခံထားရတဲ့တချို့ အတည်ပြုစာ မရသေးဘူး။ အလုပ်လည်း စပြီး မလုပ်ရသေးဘူး။ နှုတ်ထွက်ပေးရမယ့် ပုံမျိုး ဖြစ်နေတယ်။ နောက်ဆုံးတော့ လူကြီးတွေ ခိုင်းမှ လုပ်တတ်တဲ့၊ အရည်အချင်းမရှိတဲ့ လူငယ်တွေပဲ တက်လာမှာ။ ခုအချိန်က စည်းစည်းလုံးလုံးနဲ့ အရည်အချင်းရှိသူတွေကို ဖော်ထုတ်ပြီး ပါတီအတွက် မောင်းနှင်ရတော့မယ့်အချိန်ပါ။ ပါတီထဲမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပီး မွှေနေတဲ့ လက်တဆုပ်စာ လူတစုကို ဖော်ထုတ်ပြီး ပါတီအကျိုးအတွက် ချေမှုန်းကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု နှုတ်ထွက်ပေးလိုက်ရသော ခရိုင်လူငယ်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“နေရာလိုချင်လွန်းလို့ ပြောနေတာမဟုတ်ပါဘူး။ အရည်အချင်းရှိသူ လူငယ်တွေကို တာဝန်ပေး အသုံးမချနိုင်ပဲ ဖြစ်နေလို့ ပြောနေရခြင်းဖြစ်ပါတယ်။ တာဝန်ယူပြီး လုပ်ရတဲ့အလုပ်နဲ့ တာဝန်မယူပဲ လုပ်ရတဲ့အလုပ် ကွာတယ် ဆိုတာကို သဘောပေါက်ကြမှာပါ။ အသက် ကန့်သတ်ချက်ဟာ ကစားစရာ မဟုတ်ပါဘူး။ ကော်မရှင်ရဲ့လုပ်ရက်လုံးဝအဓိပ္ပါယ်မရှိဘူးလို့မြင်မိပါတယ်” ဟု ၄င်းက ပြောသည်။

လူငယ်အဆင့်သတ်မှတ်ချက် ကျော်လွန်သွားလျှင် လူကြီးထဲ ၀င်၍ လုပ်ကိုင်နိုင်သည် ဟု ဆိုသော်လည်း အနေအထားမှာ မတူညီကြောင်း၊ ယခုဖြစ်စဉ်မှာ အရည်အချင်းရှိသော လူငယ်များကို နေရာမပေးလိုသော၊ မိမိလူရင်းကိုသာ နေရာပေးလိုသော အခြေအနေ ဟု ခံစားမိကြောင်း လူငယ်ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ဒီလိုမျိုး လက်တစ်ဆုပ်စာ လူတစ်စုက လူငယ်မူဝါဒကို ဟိုလိုပြောင်းလိုက်၊ ဒီလို ပြောင်းလိုက်နဲ့ လုပ်ချင်သလို ဆက်လုပ်နေမယ် ဆိုရင်၊ ပါတီဌာနချုပ်ကလည်း ဒီလို ထင်ရာစိုင်းနေတာကို မကိုင်နိုင်ဘူး၊ မကိုင်ဘူး ဆိုရင် ကျွန်တော်တို့က ၈၈ မျိုးဆက် ငြိမ်းပွင့်မှာပဲ သွားပြီး ပူးပေါင်းတော့မယ်။ ငြိမ်းပွင့်တွေက ခေါ်နေတာ ကြာပြီ။ သူတို့က အသက်ကန့်သတ်ထားတာ လုံးဝ မရှိဘူး။ ဘယ်မျိုးဆက်ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထဲ ၀င်နိုင်တယ် ပြောတယ်။ ကျွန်တော့် သူငယ်ချင်း သုံးလေးယောက်ဆိုရင် ငြိမ်းပွင့်ထဲမှာ နေရာကောင်းကောင်းရတယ်၊ အလုပ်လည်း အမှန်အကန် လုပ်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က လူငယ်အုပ်စုတွေလေ။ လူငယ်တွေကိုယ်တိုင်သာ လူငယ်အချင်းချင်း နားလည်မယ်၊ တန်ဖိုးထားမယ်။ ဒီပါတီကို သံယောဇဉ်ရှိနေလို့၊ ပြီးတော့ အမေစု မျက်နှာကြောင့် ကျွန်တော်တို့က သည်းညည်းခံခဲ့တာ ကြာလှပြီ” ဟု အခြားလူငယ် တစ်ဦးက ပြောသည်။

NLD ပါတီမှ အသက်ကန့်သတ်ချက်ဖြင့် လူငယ်ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံထားရသော လူငယ်အချို့ကို ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခဲ့ရာ ဖယ်ရှားခံရသူ အချို့မှာ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသို့ ၀င်ရောက်သည်များလည်း ရှိနေကြောင်း သိရှိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ