Related Posts Plugin for WordPress, Blogger...

အင်မတန် အင်အား ကြီးမားပြင်းထန်တဲ့ နေရောင်ခြည်စက်ဝန်း ပေါက်ကွဲမှုတရပ် နေရဲ့ဘေးကနေ ပန်းထွက်လာပုံကို အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ)ရဲ့ နေနဲ့ နက္ခတာရာ လေ့လာရေးမျှော်စင် (အိုင်အာအိုင်အက်စ်)က ဖြန့်ချိလိုက်ပါတယ်။

ဒီပုံတွေကို ပြီးခဲ့တဲ့ မေ ၉ ရက်နေ့က ဖမ်းယူ ရရှိခဲ့တာ ဖြစ်ပြီး နေရောင်ခြည် စက်ဝန်း ဖြာထွက်မှု နယ်ပယ်ဟာ ကမ္ဘာ့ကြီးရဲ့ ၅ ဆထိ ကျယ်ပြန့်ပြီး အလျားကတော့ ကမ္ဘာထက် ၇ ဆခွဲ ပိုရှည်တယ်လို့ နာဆာက ဆိုပါတယ်။

ကြီးမားတဲ့ နေရောင်ခြည်စက် ၀န်း ဖြာထွက်မှုတရပ်တည်းမှာ ၁ ဘီလီယံတန်လောက် အလေးချိန်ရှိတဲ့ နေရဲ့ အမှုန်တွေဟာ ၁ နာရီကို မိုင်သန်းပေါင်းများစွာ အရှိန်နဲ့ ပေါက်ကွဲ ထွက်နိုင်ပါတယ်။

တကယ်လို့ ဒီ လျှပ်စစ်သံလိုက်လှိုင်းတွေသာ ကမ္ဘာ့မြေဘက်ခြမ်းပေါ် ကျရောက်ခဲ့မယ်ဆိုရင် ဂြိုဟ်တုတွေနဲ့ လျှပ်စစ် တယ်လီကွန်ဆက်သွယ်ရေးတွေအပေါ် သက်ရောက်နိုင်ပါတယ်။

အိုင်အာအိုင်အက်စ်ရဲ့ လေ့လာရေး မျှော်စင်ဟာ နာဆာရဲ့ အသစ်ဆုံး လေ့လာရေးမျှော်စင် ဖြစ်ပြီး လော့ခ်ဟိမာတင် နေနဲ့ အာကာသရူပဗေဒ ဓာတ်ခွဲခန်းက ပုံစံထုတ် စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

By ဒီဗွီဘီ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ