Related Posts Plugin for WordPress, Blogger...





ပါ့သ်- ပျောက်ဆုံးနေသောမလေးရှားလေယာဉ် MH 370 ၏ နောက်ဆုံးအချိန်များနှင့် ဆက်စပ်နေဖွယ်ရှိသည်ဟုဆိုသော ရေအောက်မှ အသံတစ်ခု၏မှတ်တမ်းကို သြစတြေးလျသုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။

အားထုတ်ကြိုးပမ်းရကျိုးနပ်ဖွယ်မရှိသော်လည်း ပါ့သ်မြို့အနီးကာတင်းတက္ကသိုလ်မှ သုတေသီများသည် ရေအောက်အသံနားဆင်သောကိရိယာများမှ မှတ်တမ်းများကိုလေ့လာနေကြသည်။ ပျောက်ဆုံးလေယာဉ် ကူညီရှာဖွေရေးကြိုးပမ်းမှုတွင် ရေအောက်နျူကလီးယားပေါက်ကွဲမှုလက္ခဏာများကိုစောင့်ကြည့်ရန် ကိရိယာများ၏မှတ်တမ်းများကိုလေ့လာခြင်းလည်းပါဝင်သည်။

‘‘လေယာဉ်ပျက်ကျမှုနဲ့ဆက်စပ်နေနိုင်တဲ့ အချက်ပြလက္ခဏာတစ်ခုကို ကိရိယာအများအပြားမှာ ဖမ်းမိခဲ့ပါတယ်’’ဟု ကာတင်းတက္ကသိုလ်အဏ္ဏဝါသိပ္ပံနှင့်နည်းပညာဌာန (CMST) မှ အလက်ဒွန်ကန်ကပြောကြားသည်။

ကြိမ်နှုန်းအလွန်နိမ့်သောအသံမှာ မလေးရှားလေယာဉ်ရေပြင်ပေါ်ပြုတ်ကျချိန်တွင် ထွက်ပေါ်လာသည့်အသံလား (သို့တည်းမဟုတ်) လေယာဉ်နစ်မြုပ်ပြီးထွက်ပေါ်လာသော ပေါက်ကွဲသံလား ဆိုသည်ကို သုတေသီများဆန်းစစ်လေ့လာနေကြသည်မှာ သီတင်းပတ်များစွာရှိပြီဟု မစ္စတာဒွန်ကန်ကပြောသည်။ သို့သော် ယင်းအသံဖြစ်ပေါ်ခြင်းအကြောင်းရင်းမှာ သဘာဝအဖြစ်အပျက်တစ်ခု လည်းဖြစ်နိုင်သည်ဟု သုတေသီများကဆက်ပြောသည်။

ကြိမ်နှုန်းနိမ့် အသံလှိုင်းများမှာ တစ်စက္ကန့်လျှင် ၁ ဒသမ ၅ ကီလိုမီတာနှုန်းနှင့် ရေထုအတွင်းဖြတ်သန်းသွားနိုင်ကြောင်းသိရသည်။ ‘‘လတ်တလောမှာတော့ ဒီအသံဟာလေယာဉ်ရဲ့တည်နေရာ တခြားအချက်အလက်တွေနဲ့တော့ တစ်ထပ်တည်းကျပုံမရပါဘူး’’ဟု ဒွန်ကန်ကပြောကြားသည်။

အကြောင်းမှာ ၎င်းတို့ကြားရသောအသံသည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း လက်ရှိလေယာဉ်ကို အာရုံစိုက်ရှာဖွေနေသော နေရာ၏အနောက်မြောက်ဘက် ကီလိုမီတာထောင်ချီဝေးသောဧရိယာမှ လာသည်ဟု ကာတင်းတက္ကသိုလ်မှ သုတေသီများကယုံကြည်နေ၍ဖြစ်သည်။ သို့ဆိုလျှင်ပင် သုတေသီများအနေဖြင့် အသံထွက်ပေါ်ရာရင်းမြစ်ကို တိတိကျကျမပြောနိုင်ပေ။ ၎င်းတို့ဖမ်းမိသော အသံကို လူ၏နားဖြင့်ကြားနိုင်ရန် ဆယ်ဆခန့်မြန်နှုန်းမြှင့်ထားကြောင်း သုတေသီများကပြောသည်။

_Ref: CNN

http://www.oppositeyes.info

Posted by Unknown on 6/04/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ