Related Posts Plugin for WordPress, Blogger...


အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသ
များရှိ မြို့ရွာများကို သိမ်းပိုက်ထားသည့် ISIS
စစ်သွေးကြွများသည် အာဏာရှင်ဟောင်း
ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့်
တရားသူကြီး တစ်ဦးကို လက်စားချေ


သုတ်သင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ရာအော့ဖ် အက်ဘ်ဒူလ်ရာဟ်မန်သည် (၂၀၀၆)ခုနှစ်က ဟူစိန်အား ကြိုးဆွဲချ ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။ ISISတို့သည် ဇွန်လလယ်က ရာဟ်မန်အား ဖမ်းဆီးရမိခဲ့ပြီး ဟူစိန်အတွက် လက်စားချေသည့် အနေဖြင့် ကွပ်မျက်ခဲ့ခြင်းဟု သိရသည်။

ဂျော်ဒန် လွှတ်တော်အမတ် ခါလီ အက်တီယာနှင့် ISIS ဆွန်နီ မွတ်ဆလင် စစ်သွေးကြွတို့၏ Facebook စာမျက်နှာများပေါ်တွင် စတင်ဖော်ပြခဲ့သော သတင်းကို အီရတ်အစိုးရက အတည်မပြုခဲ့ချေ။ သို့သော်လည်း အီရတ်၏ နာမည်ကျော် တရားသူကြီး တစ်ဦးဖြစ်သော ရာဟ်မန်ကို ISISက သေဒဏ်စီရင်လိုက်ပြီ ဆိုခြင်းကိုလည်း အစိုးရက မငြင်းဆန်ခဲ့ချေ။ ကလေး(၃)ဦး၏ ဖခင်ဖြစ်သော ရာဟ်မန်သည် ဇွန်လ(၁၆)ရက်နေ့က အဖမ်းခံရပြီး (၂)ရက်အကြာတွင် သေဒဏ်စီရင်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဂျော်ဒန်အမတ် အက်တီယာက ဘဂ္ဂဒက်၏ အခြေအနေ မငြိမ်သက်တော့သည့်နောက် ရာဟ်မန်သည် ကချေသည် တစ်ဦးအသွင် ရုပ်ဖျက်ဝတ်ဆင်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း စစ်သွေးကြွတို့လက်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်ခဲ့ခြင်းဟုလည်း Facebook တွင် ရေးသားခဲ့သည်။

ရာဟ်မန်သည် (၁၉၈၈)ခုနှစ်က ဟူစိန်၏ စစ်တပ်က အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဟာလက်ဘ်ဂျာ ဒေသတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဟူစိန်ကို သေဒဏ်စီရင်ရာ၌ ၎င်းသည် နာကျည်းမှု ခံစားချက်ကို ဘက်လိုက်ပြီး ပြင်းထန်စွာ ဆုံးဖြတ်ခဲ့ကြောင်း ဝေဖန်မှုများ ကြုံခဲ့ရသည်။

_Ref: Dailymail
7Day News Daily

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ