Related Posts Plugin for WordPress, Blogger...

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်
ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံ
တယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့်
လာမည့် သြဂတ်လတွင် GSM Simcard
 များအား အရေအတွက် အကန့်အသတ်


မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ကသိရသည်။

ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။

“အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဆက်လက်ပြောသည်။ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချထားပေးနိုင် မယ်လို့ မျှော်မှန်း ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေး မှာဖြစ်ပါတယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။

ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန်အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။

ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။

Myawady Daily News

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ