Related Posts Plugin for WordPress, Blogger...

 ချောက်မြို့နယ်အတွင်း ရှိ မူလတန်းကျောင်း
 စာသင် ဆောင်တစ်ခုပေါ်သို့ စာ
သင်ကြားနေချိန် သစ်ပင်ပြိုကျခဲ့ရာ ကျောင်းသား၊
 ကျောင်းသူနှင့် ဆရာမ စုစုပေါင်း ရှစ်ဦးဒဏ်
ရာရပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရ


သည်ဟု သတင်းရရှိသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ခန့်က ချောက်မြို့နယ်၊ ဗဟိုကွက် သစ်ရပ်ရှိ အမက (၂) အခြေခံ ပညာမူလတန်းကျောင်းဆောင်  ပေါ်သို့ သက်တမ်းကြာမြင့်နေပြီ ဖြစ်သော  ညောင်ပင်မှပင်စည်နှစ်ခြမ်းကွဲ၍ ပြိုကျခဲ့ရာ စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး   ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောက်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးက  ပြောကြားသည်။

‘‘ကလေးတစ်ယောက်က ပခုံးနည်းနည်းအက်သွားတယ်။ ပြီးတော့ သုံးလေးယောက် လောက် ခေါင်းကွဲလို့ ဆေးရုံမှာ ချုပ်လိုက်ရတယ်။ ကျန်တဲ့သူတွေ ကတော့ ပွန်းတာ၊ ပဲ့တာလောက် ပဲဖြစ်သွားတယ်။ ကုသိုလ်ကံ ကောင်းလို့ ဒီလောက်နဲ့ပြီးသွား တာပေါ့’’ဟု သွားရောက်ကူညီခဲ့ သည့် ချောက်မြို့နယ် မနောဖြူ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ကိုသန်းဇော်မြင့်ကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများ မှာ ချောက်မြို့နယ်ဆေးရုံတွင် ဆေးကုသမှု  ခံယူနေဆဲဖြစ်ပြီး စိုးရိမ်ဖွယ်ရာ   အခြေအနေမရှိ ကြောင်း သိရသည်။

‘‘မိုးရွာ၊ လေတိုက်လို့ မဟုတ် ဘူး။ သစ်ပင်က သက်တမ်းကြာ ပြီဆိုတော့ အလိုလိုလဲကျပြီး ကျောင်းပေါ်ပိသွားတာ။ အမိုး တွေ ပျက်စီးပြီး ကျောင်းနံရံအပေါ် ပိုင်း တွေပြိုကုန်တယ်’’ဟု ချောက်မြို့နယ်ဒေသခံတစ်ဦးက  ပြော သည်။

ယခုလ ၂ ရက်ကလည်း ပဲခူးတိုင်း သဲကုန်းမြို့နယ် ပုတီး ကုန်းအခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းအပေါ်ထပ် ၀ရန်တာ ပြိုကျခဲ့သဖြင့် ကျောင်း သား၊ ကျောင်းသူ ၁၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

7Day News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ